YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 10:5-10

ရောမ 10:5-10 Judson Bible (JBMLE)

မော​ရှေ​က​လည်း၊ ထို​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ထို​အ​ကျင့်​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်​ဟု ပ​ညတ်​တ​ရား​နှင့်​စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ရည်​မှတ်၍ ရေး​ထား​သ​တည်း။- ယုံ​ကြည်​ခြင်း​နှင့်​စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​တ​ရား ဆို​သည်​ကား၊- ကောင်း​ကင်​သို့ အ​ဘယ်​သူ​တက်​လိမ့်​မည်​နည်း။ နက်​နဲ​ရာ​ထဲ​သို့ အ​ဘယ်​သူ​ဆင်း​လိမ့်​မည်​နည်း​ဟု စိတ်​ထဲ​မှာ မ​အောက်​မေ့​နှင့်​ဟု ဆို၏။ ထို​သို့​ဆို​သော်၊ ခ​ရစ်​တော်​ကို ဆောင်​ခဲ့​ခြင်း​ငှာ ကောင်း​ကင်​သို့ အ​ဘယ်​သူ တက်​လိမ့်​မည်​နည်း။ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​ခြင်း​ငှာ နက်​နဲ​ရာ​ထဲ​သို့ အ​ဘယ်​သူ ဆင်း​လိမ့်​မည်​နည်း​ဟု ဆို​လို​သ​တည်း။- တစ်​ဖန်​ဆို​သည်​ကား၊ တ​ရား​တော်​သည် သင်​နှင့်​နီး၏။ သင်၏​နှုတ်၌​လည်း​ကောင်း၊ သင်၏​နှ​လုံး၌​လည်း​ကောင်း ရှိ​သည်​ဟု ဆို၏။ ထို​သို့​ဆို​သော်၊ ငါ​တို့​ဟော​သော ယုံ​ကြည်​ခြင်း​တ​ရား​ကို ဆို​လို​သ​တည်း။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​သည် သ​ခင်​ယေ​ရှု​ကို နှုတ်​ဖြင့်​ဝန်​ခံ၍၊ ဘု​ရား​သ​ခင်​သည် သူ့​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု စိတ်​နှ​လုံး​ထဲ၌ ယုံ​ကြည်​လျှင်၊ ကယ်​တင်​ခြင်း​သို့​ရောက်​လိမ့်​မည်။- ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ စိတ်​နှ​လုံး​ဖြင့် ယုံ​ကြည်​ရ၏။

ရောမ 10:5-10 Common Language Bible (BCL)

ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​ခြင်း​အ​ကြောင်း နှင့်​ပတ်​သက်​၍ မော​ရှေ​က``ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​သူ​သည်​အ​သက်​ရှင်​လိမ့်​မည်'' ဟု ဖော်​ပြ​၏။- သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း​အား ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​ခြင်း နှင့်​ပတ်​သက်​၍ ကျမ်း​စာ​တော်​က ``အ​ဘယ်​သူ သည်​ကောင်း​ကင်​ဘုံ​သို့​တက်​ရ​ပါ​မည်​နည်း။ (ဆို​လို​သည်​မှာ​ခ​ရစ်​တော်​အား​အောက်​သို့​ပင့်​ရန်)- အ​ဘယ်​သူ​သည်​မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​ရ​ပါ မည်​နည်း​ဟု​မ​မေး​ကြ​နှင့်'' ဟူ​၍​ဖော်​ပြ​ပေ သည်။ (ဆို​လို​သည်​မှာ​ခ​ရစ်​တော်​အား​သေ​ခြင်း မှ​ပင့်​ရန်)- ကျမ်း​စာ​တော်​က​ဆို​လို​သည်​မှာ​နှုတ်​က​ပတ် တ​ရား​တော်​သည် ``သင်​၏​နှုတ်၊ သင်​၏​စိတ်​နှ​လုံး၊ သင်​၏​အ​နီး​၌​ရှိ​၏'' ဟူ​၍​ဖြစ်​သည်။ ထို​နှုတ် က​ပတ်​တ​ရား​ကား​သင်​တို့​အား​ငါ​ဟော​ပြော ကြေ​ညာ​သည့်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း နှင့်​ဆိုင်​သော​တ​ရား​တော်​ပင်​ဖြစ်​သည်။- သင်​တို့​သည်​သ​ခင်​ယေ​ရှု​သည်​အ​ရှင်​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​နှုတ်​ဖြင့်​ဝန်​ခံ​၍ ဘု​ရား သ​ခင်​သည်​ထို​အ​ရှင်​အား​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို စိတ်​နှ​လုံး​ထဲ ၌​ယုံ​ကြည်​ကြ​လျှင်​ဘု​ရား​သ​ခင်​သည်​သင် တို့​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။- အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​ယုံ​ကြည် ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​သွယ်​ခွင့်​ရ​၍ နှုတ်​ဖြင့်​ဝန်​ခံ​ခြင်း​အား ဖြင့်​ကယ်​တင်​ခြင်း​ခံ​ရ​သော​ကြောင့်​ဖြစ်​၏။

ရောမ 10:5-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မောရှေ​က​လည်း ပညတ်​တရား​နှင့်ဆိုင်သော ဖြောင့်မတ်​ခြင်း​နှင့်​ပတ်သက်၍ “ဤ​အရာ​များ​ကို​လိုက်နာ​ကျင့်သုံး​သော​သူ​သည် ၎င်း​တို့​အားဖြင့် အသက်ရှင်​လိမ့်မည်”​ဟု ရေး​ထား​၏။ ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​မူကား “သင်​၏​စိတ်နှလုံး​ထဲ၌ ကောင်းကင်​သို့ မည်သူ​တက်​မည်နည်းဟု မ​ပြော​နှင့်​။ (ဤသည်ကား ခရစ်တော်​ကို အောက်​သို့​ခေါ်ဆောင်​လာ​ခြင်း​ဖြစ်​၏။) သို့မဟုတ် အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲသို့ မည်သူ​ဆင်း​မည်နည်းဟူ၍​လည်း မ​ပြော​နှင့် (ဤသည်ကား ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ခေါ်ထုတ်​ခြင်း​ဖြစ်​၏)”​ဟု ဆို​ထား​၏။ ထို့ပြင် မည်သို့​ဆို​ထား​သနည်း။ “တရား​စကား​သည် သင်​၏​အနီး​၌​ရှိ​၏။ သင်​၏​နှုတ်​၌​လည်းကောင်း၊ သင်​၏​စိတ်နှလုံး​၌​လည်းကောင်း ရှိ​၏”​ဟု ဆို​ထား​၏။ ဤသည်ကား ငါ​တို့​ဟောပြော​သည့် ယုံကြည်​ခြင်း​နှင့်ဆိုင်သော တရား​စကား​ဖြစ်​၏။ သင်​သည် မိမိ​နှုတ်​ဖြင့် ယေရှု​သည် အရှင်​သခင်​ဖြစ်​ကြောင်း​ဝန်ခံ​၍ သင်​၏​စိတ်နှလုံး​ထဲ၌ ဘုရားသခင်​သည် သူ့​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​ပြီ​ဟု ယုံကြည်​လျှင် ကယ်တင်​ခြင်း​ခံရ​မည်။ အကြောင်းမူကား လူ​သည် စိတ်နှလုံး​ဖြင့်​ယုံကြည်​၍ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ပြီး နှုတ်​ဖြင့်​ဝန်ခံ​၍ ကယ်တင်​ခြင်း​ခံရ​၏။