ရောမ 10:17-21
ရောမ 10:17-21 Judson Bible (JBMLE)
သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။- သို့ရာတွင် လူအပေါင်းတို့သည် မကြားရကြပြီလော။ အမှန်ကြားရကြပြီ။ သူတို့၏အသံသည် မြေတစ်ပြင်လုံး၌ နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီဟု ငါဆို၏။- တစ်ဖန် ငါဆိုသည်ကား၊ ဣသရေလလူတို့သည် ဤအမှုကို မသိကြသလော။ မောရှေက၊ မရေရာသောလူမျိုးအားဖြင့် သင်တို့သည် ငြူစူသောစိတ် ရှိစေခြင်းငှာလည်းကောင်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှာလည်းကောင်း၊ ငါပြုမည်ဟု ရှေ့ဦးစွာဆို၏။- ဟေရှာယသည် သာ၍ ရဲရင့်စွာဆိုသည်ကား၊ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရကြ၏။ ငါ၏အကြောင်းကို မမေးမြန်းသောသူတို့၌ ငါထင်ရှားသည်ဟု ဆို၏။- ဣသရေလလူတို့ကို ရည်မှတ်၍ တစ်ဖန် မိန့်တော်မူသည်ကား၊ နားမထောင် ငြင်းဆန်တတ်သော လူမျိုးသို့ တစ်နေလုံးငါသည် လက်ဝါးကို ဖြန့်ရပြီဟု ဆိုသတည်း။
ရောမ 10:17-21 Common Language Bible (BCL)
သို့ဖြစ်၍နှုတ်ကပတ်တရားတော်ကိုကြား နာခြင်းကြောင့်ယုံကြ၏။ ခရစ်တော်အကြောင်း ဟောပြောခြင်းကြောင့်နှုတ်ကပတ်တရားတော် ကိုကြားနာရ၏။ သို့ရာတွင်လူတို့သည်ထိုနှုတ်ကပတ်တရား တော်ကိုကြားနာခွင့်မရကြသလောဟုငါ မေးလို၏။ သူတို့သည်ကြားနာခွင့်ကိုအမှန် ပင်ရကြ၏။ ကျမ်းစာတော်က၊ ``နှုတ်ကပတ်တရားတော်ကိုဟောပြောသူတို့၏ အသံသည်ကမ္ဘာမြေတစ်ဝန်းလုံးတွင်ပျံ့နှံ့သွား၏။ သူတို့၏တရားစကားများသည်ကမ္ဘာအစွန် အဖျား သို့တိုင်အောင်ရောက်ရှိလေပြီ'' ဟုဆိုသည့်အတိုင်းပင်ဖြစ်သည်။- တစ်ဖန်ငါမေးဦးမည်။ ဣသရေလအမျိုးသား တို့သည် ထိုအမှုအရာကိုမသိနားမလည် ကြသလော။ မောရှေက၊ ``ငါသည်မရေရာသောလူမျိုးကိုအသုံးပြု သဖြင့် ငါ၏လူစုတော်အားမနာလိုစိတ်ရှိစေမည်။ မိုက်မဲသောလူမျိုးအားဖြင့်ငါ၏လူစုတော်အား အမျက်ထွက်စေမည်'' ဟုဦးစွာပထမဖြေကြား၏။ ဟေရှာယက၊ ``ငါ့ကိုမရှာသောသူတို့သည်ငါ့ကိုတွေ့ရှိ ကြ၏။ ငါ၏အကြောင်းကိုမစုံစမ်းမမေးမြန်းသော သူတို့သည်ငါ့ကိုဖူးမြင်ရကြ၏'' ဟုပို၍ပင်ပြတ်သားစွာဆို၏။- သို့ရာတွင်ဣသရေလအမျိုးသားတို့နှင့် ပတ်သက်၍မူကား``ငါ့ကိုဆန့်ကျင်ပုန်ကန်၍ ငါ၏စကားကိုမနာခံသောလူမျိုးအား ငါသည်တစ်နေကုန်လက်ကမ်းလျက်ရှိ၏'' ဟု ဟေရှာယဆို၏။
ရောမ 10:17-21 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီး ကြားနာခြင်းသည် ခရစ်တော်၏စကားတော်အားဖြင့်ဖြစ်၏။ သို့သော် ငါမေးလိုသည်မှာ ထိုသူတို့မကြားခဲ့ရသလော။ အမှန်ပင်ကြားခဲ့ရ၏။ “သူတို့၏အသံသည် မြေကြီးတစ်ပြင်လုံးသို့ ပျံ့နှံ့သွား၍ သူတို့၏စကားသည် ကမ္ဘာလောကအစွန်အဖျားတိုင်အောင် ရောက်လေ၏။ ” တစ်ဖန် ငါမေးလိုသည်မှာ အစ္စရေးလူမျိုးတို့သည် မသိကြသလော။ ပထမဦးစွာ မောရှေက “ငါသည် မပြောပလောက်သောလူမျိုးအားဖြင့် သင်တို့၌ မနာလိုစိတ်ဖြစ်ပေါ်စေ၍ အသိတရားကင်းမဲ့သောလူမျိုးအားဖြင့် သင်တို့ကို မခံမရပ်နိုင်ဖြစ်စေမည်”ဟု ဆို၏။ ပရောဖက်ဟေရှာယကလည်း “ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရှိကြ၏။ ငါ့အကြောင်းကိုမမေးမြန်းသောသူတို့ထံ ငါ့ကိုယ်ငါထင်ရှားပြ၏”ဟု ရဲရင့်စွာဆိုထား၏။ အစ္စရေးလူမျိုးနှင့်ပတ်သက်၍မူကား “နာခံခြင်းမရှိ၊ ဆန့်ကျင်ပုန်ကန်တတ်သောလူမျိုးထံသို့ တစ်နေ့လုံး ငါ့လက်ကို ကမ်းလျက်နေခဲ့၏”ဟု ဆို၏။