YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 10:1-21

ရောမ 10:1-21 Judson Bible (JBMLE)

ညီ​အစ်​ကို​တို့၊ ဣ​သ​ရေ​လ​လူ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​စေ​ခြင်း​ငှာ၊ ငါ၏​စေ​တ​နာ​အ​လို​ရှိ၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​လေ့​ရှိ၏။- ထို​သူ​တို့​သည် မှန်​သော​ပ​ညာ​မ​ရှိ​သော်​လည်း၊ ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး​သည်​ဟု သူ​တို့​အ​ဖို့ ငါ​သက်​သေ​ခံ၏။- ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​သိ​ဘဲ၊ ကိုယ်​ဖြောင့်​မတ်​ခြင်း​ကို တည်​စေ​ခြင်း​ငှာ ရှာ​ကြံ​သော​ကြောင့်၊ ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ဝန်​မ​ခံ​ကြ။- ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​မည်​အ​ကြောင်း၊ ပ​ညတ်​တ​ရား​သည် ခ​ရစ်​တော်​အား​ဖြင့် စုံ​လင်​ခြင်း​ရှိ၏။ မော​ရှေ​က​လည်း၊ ထို​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ထို​အ​ကျင့်​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်​ဟု ပ​ညတ်​တ​ရား​နှင့်​စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ရည်​မှတ်၍ ရေး​ထား​သ​တည်း။- ယုံ​ကြည်​ခြင်း​နှင့်​စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​တ​ရား ဆို​သည်​ကား၊- ကောင်း​ကင်​သို့ အ​ဘယ်​သူ​တက်​လိမ့်​မည်​နည်း။ နက်​နဲ​ရာ​ထဲ​သို့ အ​ဘယ်​သူ​ဆင်း​လိမ့်​မည်​နည်း​ဟု စိတ်​ထဲ​မှာ မ​အောက်​မေ့​နှင့်​ဟု ဆို၏။ ထို​သို့​ဆို​သော်၊ ခ​ရစ်​တော်​ကို ဆောင်​ခဲ့​ခြင်း​ငှာ ကောင်း​ကင်​သို့ အ​ဘယ်​သူ တက်​လိမ့်​မည်​နည်း။ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​ခြင်း​ငှာ နက်​နဲ​ရာ​ထဲ​သို့ အ​ဘယ်​သူ ဆင်း​လိမ့်​မည်​နည်း​ဟု ဆို​လို​သ​တည်း။- တစ်​ဖန်​ဆို​သည်​ကား၊ တ​ရား​တော်​သည် သင်​နှင့်​နီး၏။ သင်၏​နှုတ်၌​လည်း​ကောင်း၊ သင်၏​နှ​လုံး၌​လည်း​ကောင်း ရှိ​သည်​ဟု ဆို၏။ ထို​သို့​ဆို​သော်၊ ငါ​တို့​ဟော​သော ယုံ​ကြည်​ခြင်း​တ​ရား​ကို ဆို​လို​သ​တည်း။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​သည် သ​ခင်​ယေ​ရှု​ကို နှုတ်​ဖြင့်​ဝန်​ခံ၍၊ ဘု​ရား​သ​ခင်​သည် သူ့​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု စိတ်​နှ​လုံး​ထဲ၌ ယုံ​ကြည်​လျှင်၊ ကယ်​တင်​ခြင်း​သို့​ရောက်​လိမ့်​မည်။- ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ စိတ်​နှ​လုံး​ဖြင့် ယုံ​ကြည်​ရ၏။- ကယ်​တင်​ခြင်း​သို့ ရောက်​ခြင်း​ငှာ နှုတ်​ဖြင့်​ဝန်​ခံ​ရ၏။ ကျမ်း​စာ​လာ​သည်​ကား၊ ထို​ကျောက်​ကို အ​မှီ​ပြု​သော သူ​မည်​သည်​ကား၊ ရှက်​ကြောက်​ခြင်း​မ​ရှိ​နိုင်​ရာ​ဟု လာ​သ​တည်း။- ယု​ဒ​အ​မျိုး၊ ဟေ​လ​သ​အ​မျိုး​ကို​မ​ရွေး၊ လူ​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သော အ​ရှင်​တစ်​ပါး​တည်း​ရှိ၍၊ ကိုယ်​တော်​ကို ပ​တ္ထ​နာ​ပြု​သော သူ​အ​ပေါင်း​တို့၌ ကျေး​ဇူး​ကြွယ်​ဝ​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။ သို့​ရာ​တွင်၊ မ​ယုံ​ကြည်​လျှင် အ​ဘယ်​သို့ ပ​တ္ထ​နာ​ပြု​နိုင်​မည်​နည်း။ သ​တင်း​မ​ကြား​လျှင် အ​ဘယ်​သို့ ယုံ​ကြည်​နိုင်​မည်​နည်း။ ဟော​ပြော​သော​သူ​မ​ရှိ​လျှင် အ​ဘယ်​သို့ ကြား​နိုင်​မည်​နည်း။- လူ​ကို မ​စေ​လွှတ်​လျှင် အ​ဘယ်​သို့ ဟော​ပြော​နိုင်​မည်​နည်း။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ငြိမ်​သက်​ခြင်း၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း၊ ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော သူ၏​ခြေ​တို့​သည် အ​လွန်​တင့်​တယ်​စွ​တ​ကား​ဟု လာ​သ​တည်း။- သို့​သော်​လည်း၊ လူ​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို နား​ထောင်​ကြ​သည်​မ​ဟုတ်။ ပ​ရော​ဖက်​ဟေ​ရှာ​ယ စ​ကား​ဟူ​မူ​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့ ဟော​ပြော​သော သ​တင်း​စ​ကား​ကို အ​ဘယ်​သူ​ယုံ​ပါ​သ​နည်း​ဟု ဆို၏။- သို့​ဖြစ်၍၊ ယုံ​ကြည်​ခြင်း​သည် ကြား​နာ​ခြင်း​အား​ဖြင့် ဖြစ်၏။ ကြား​နာ​ခြင်း​သည်​လည်း၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​အား​ဖြင့် ဖြစ်၏။- သို့​ရာ​တွင် လူ​အ​ပေါင်း​တို့​သည် မ​ကြား​ရ​ကြ​ပြီ​လော။ အ​မှန်​ကြား​ရ​ကြ​ပြီ။ သူ​တို့၏​အ​သံ​သည် မြေ​တစ်​ပြင်​လုံး၌ နှံ့​ပြား၍၊ သူ​တို့၏​စ​ကား​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ရောက်​လေ​ပြီ​ဟု ငါ​ဆို၏။- တစ်​ဖန် ငါ​ဆို​သည်​ကား၊ ဣ​သ​ရေ​လ​လူ​တို့​သည် ဤ​အ​မှု​ကို မ​သိ​ကြ​သ​လော။ မော​ရှေ​က၊ မ​ရေ​ရာ​သော​လူ​မျိုး​အား​ဖြင့် သင်​တို့​သည် ငြူ​စူ​သော​စိတ် ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ညာ​မ​ရှိ​သော​လူ​မျိုး​အား​ဖြင့် စိတ်​ဆိုး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ပြု​မည်​ဟု ရှေ့​ဦး​စွာ​ဆို၏။- ဟေ​ရှာ​ယ​သည် သာ၍ ရဲ​ရင့်​စွာ​ဆို​သည်​ကား၊ ငါ့​ကို​မ​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့​ရ​ကြ၏။ ငါ၏​အ​ကြောင်း​ကို မ​မေး​မြန်း​သော​သူ​တို့၌ ငါ​ထင်​ရှား​သည်​ဟု ဆို၏။- ဣ​သ​ရေ​လ​လူ​တို့​ကို ရည်​မှတ်၍ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ နား​မ​ထောင် ငြင်း​ဆန်​တတ်​သော လူ​မျိုး​သို့ တစ်​နေ​လုံး​ငါ​သည် လက်​ဝါး​ကို ဖြန့်​ရ​ပြီ​ဟု ဆို​သ​တည်း။

ရောမ 10:1-21 Common Language Bible (BCL)

ညီ​အစ်​ကို​တို့၊ ငါ​သည်​မိ​မိ​၏​အ​မျိုး​သား များ​ကယ်​တင်​ခြင်း​ခံ​ရ​စေ​ရန်​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​လို​လား​တောင့်​တ​လျက် ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​ဆု​တောင်း​၏။- သူ​တို့​သည်​ဘု​ရား​သ​ခင်​အား အ​လွန်​ကြည်​ညို သူ​များ​ဖြစ်​ကြောင်း​ကို​ငါ​အာ​မ​ခံ​နိုင်​၏။ သို့ သော်​သူ​တို့​၏​ကြည်​ညို​မှု​နည်း​လမ်း​သည်​မှန် သော​အ​သိ​ပ​ညာ​အ​ပေါ်​၌​မ​တည်။- သူ​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​နိုင်​မည့်​လမ်း​စဉ်​ကို​မ​သိ​သ​ဖြင့် ထို​လမ်း စဉ်​ကို​မ​လိုက်​ဘဲ​မိ​မိ​တို့​ကိုယ်​တိုင်​တီ​ထွင် သည့်​လမ်း​စဉ်​ကို​လိုက်​ကြ​ပေ​သည်။- ခ​ရစ်​တော်​သည်​ပ​ညတ်​တ​ရား​ကို​အ​ဆုံး သတ်​စေ​တော်​မူ​ပြီ​ဖြစ်​ရာ​ယုံ​ကြည်​သူ​အ​ပေါင်း တို့​သည် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် မှု​ကို​ရ​ရှိ​ကြ​ပြီ။ ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​ခြင်း​အ​ကြောင်း နှင့်​ပတ်​သက်​၍ မော​ရှေ​က``ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​သူ​သည်​အ​သက်​ရှင်​လိမ့်​မည်'' ဟု ဖော်​ပြ​၏။- သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း​အား ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​ခြင်း နှင့်​ပတ်​သက်​၍ ကျမ်း​စာ​တော်​က ``အ​ဘယ်​သူ သည်​ကောင်း​ကင်​ဘုံ​သို့​တက်​ရ​ပါ​မည်​နည်း။ (ဆို​လို​သည်​မှာ​ခ​ရစ်​တော်​အား​အောက်​သို့​ပင့်​ရန်)- အ​ဘယ်​သူ​သည်​မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​ရ​ပါ မည်​နည်း​ဟု​မ​မေး​ကြ​နှင့်'' ဟူ​၍​ဖော်​ပြ​ပေ သည်။ (ဆို​လို​သည်​မှာ​ခ​ရစ်​တော်​အား​သေ​ခြင်း မှ​ပင့်​ရန်)- ကျမ်း​စာ​တော်​က​ဆို​လို​သည်​မှာ​နှုတ်​က​ပတ် တ​ရား​တော်​သည် ``သင်​၏​နှုတ်၊ သင်​၏​စိတ်​နှ​လုံး၊ သင်​၏​အ​နီး​၌​ရှိ​၏'' ဟူ​၍​ဖြစ်​သည်။ ထို​နှုတ် က​ပတ်​တ​ရား​ကား​သင်​တို့​အား​ငါ​ဟော​ပြော ကြေ​ညာ​သည့်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း နှင့်​ဆိုင်​သော​တ​ရား​တော်​ပင်​ဖြစ်​သည်။- သင်​တို့​သည်​သ​ခင်​ယေ​ရှု​သည်​အ​ရှင်​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​နှုတ်​ဖြင့်​ဝန်​ခံ​၍ ဘု​ရား သ​ခင်​သည်​ထို​အ​ရှင်​အား​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို စိတ်​နှ​လုံး​ထဲ ၌​ယုံ​ကြည်​ကြ​လျှင်​ဘု​ရား​သ​ခင်​သည်​သင် တို့​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။- အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​ယုံ​ကြည် ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​သွယ်​ခွင့်​ရ​၍ နှုတ်​ဖြင့်​ဝန်​ခံ​ခြင်း​အား ဖြင့်​ကယ်​တင်​ခြင်း​ခံ​ရ​သော​ကြောင့်​ဖြစ်​၏။- ကျမ်း​စာ​တော်​က``မည်​သူ​မ​ဆို​ကိုယ်​တော်​ကို ယုံ​ကြည်​လျှင်​စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​သည်။- ယု​ဒ​လူ​မျိုး၊ လူ​မျိုး​ခြား​ဟူ​၍​ခွဲ​ခြား​မှု မ​ရှိ​တော့​သ​ဖြင့်​လူ​တိုင်း​ပါ​ဝင်​၏။ ဘု​ရား သ​ခင်​သည်​လူ​အ​ပေါင်း​တို့​၏​အ​ရှင်​သ​ခင် ဖြစ်​တော်​မူ​၍ ကိုယ်​တော်​အား​ဆု​တောင်း​သ​မျှ သော​သူ​တို့​အား​ကြွယ်​ဝ​စွာ​ကောင်း​ချီး​ပေး တော်​မူ​၏။- ကျမ်း​စာ​တော်​က ``ထာ​ဝ​ရ​ဘု​ရား​ရှင်​အား ဆု​တောင်း​သူ​ဟူ​သ​မျှ​တို့​သည် ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​သ​တည်း။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် မှု​မ​ရှိ​လျှင် အ​ဘယ်​သို့​ကိုယ်​တော်​ထံ​သို့​ပတ္ထနာ ပြု​နိုင်​မည်​နည်း။ နှုတ်​က​ပတ်​တ​ရား​တော်​ကို မ​ကြား​လျှင်​အ​ဘယ်​သို့​ယုံ​ကြည်​နိုင်​မည်​နည်း။ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ သူ​မ​ရှိ​လျှင်​အ​ဘယ်​သို့​ကြား​နိုင်​မည်​နည်း။- ဟော​ပြော​ကြေ​ညာ​သူ​များ​ကို​မ​စေ​လွှတ် လျှင် အ​ဘယ်​သို့​နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြေ​ညာ​နိုင်​မည်​နည်း။ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း``သ​တင်း ကောင်း​ကို​ယူ​ဆောင်​လာ​သူ​တို့​၏​ခြေ​တို့​သည် လွန်​စွာ​တင့်​တယ်​စွ​တ​ကား။-'' သို့​ရာ​တွင်​ထို​သ​တင်း​ကောင်း​ကို​လူ​တိုင်း မ​ယုံ​ကြ။ ဟေ​ရှာ​ယ​ကိုယ်​တိုင်​က``အို ထာ​ဝ​ရ ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​တို့​ကြေ​ညာ​သော​သ​တင်း ကို​အ​ဘယ်​သူ​ယုံ​ပါ​သ​နည်း'' ဟု​ဆို​သည်။- သို့​ဖြစ်​၍​နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား နာ​ခြင်း​ကြောင့်​ယုံ​ကြ​၏။ ခ​ရစ်​တော်​အ​ကြောင်း ဟော​ပြော​ခြင်း​ကြောင့်​နှုတ်​က​ပတ်​တ​ရား​တော် ကို​ကြား​နာ​ရ​၏။ သို့​ရာ​တွင်​လူ​တို့​သည်​ထို​နှုတ်​က​ပတ်​တ​ရား တော်​ကို​ကြား​နာ​ခွင့်​မ​ရ​ကြ​သ​လော​ဟု​ငါ မေး​လို​၏။ သူ​တို့​သည်​ကြား​နာ​ခွင့်​ကို​အ​မှန် ပင်​ရ​ကြ​၏။ ကျမ်းစာ​တော်​က၊ ``နှုတ်​က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​သူ​တို့​၏ အ​သံ​သည်​ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​တွင်​ပျံ့​နှံ့​သွား​၏။ သူ​တို့​၏​တ​ရား​စ​ကား​များ​သည်​ကမ္ဘာ​အ​စွန် အ​ဖျား သို့​တိုင်​အောင်​ရောက်​ရှိ​လေ​ပြီ'' ဟု​ဆို​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။- တစ်​ဖန်​ငါ​မေး​ဦး​မည်။ ဣသ​ရေ​လ​အ​မျိုး​သား တို့​သည် ထို​အ​မှု​အ​ရာ​ကို​မ​သိ​နား​မ​လည် ကြ​သ​လော။ မော​ရှေ​က၊ ``ငါ​သည်​မ​ရေ​ရာ​သော​လူ​မျိုး​ကို​အ​သုံး​ပြု သ​ဖြင့် ငါ​၏​လူ​စု​တော်​အား​မ​နာ​လို​စိတ်​ရှိ​စေ​မည်။ မိုက်​မဲ​သော​လူ​မျိုး​အား​ဖြင့်​ငါ​၏​လူ​စု​တော်​အား အ​မျက်​ထွက်​စေ​မည်'' ဟု​ဦး​စွာ​ပ​ထ​မ​ဖြေ​ကြား​၏။ ဟေ​ရှာ​ယ​က၊ ``ငါ့​ကို​မ​ရှာ​သော​သူ​တို့​သည်​ငါ့​ကို​တွေ့​ရှိ ကြ​၏။ ငါ​၏​အ​ကြောင်း​ကို​မ​စုံ​စမ်း​မ​မေး​မြန်း​သော သူ​တို့​သည်​ငါ့​ကို​ဖူး​မြင်​ရ​ကြ​၏'' ဟု​ပို​၍​ပင်​ပြတ်​သား​စွာ​ဆို​၏။- သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ပတ်​သက်​၍​မူ​ကား``ငါ့​ကို​ဆန့်​ကျင်​ပုန်​ကန်​၍ ငါ​၏​စ​ကား​ကို​မ​နာ​ခံ​သော​လူ​မျိုး​အား ငါ​သည်​တစ်​နေ​ကုန်​လက်​ကမ်း​လျက်​ရှိ​၏'' ဟု ဟေ​ရှာ​ယ​ဆို​၏။

ရောမ 10:1-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ညီအစ်ကို​တို့၊ ငါ့​စိတ်နှလုံး​၏​လိုအင်​ဆန္ဒ​နှင့် အစ္စရေး​လူမျိုး​တို့​အတွက် ဘုရားသခင်​ထံ ငါ​ဆုတောင်း​သော​အရာ​မှာ သူတို့​ကယ်တင်​ခြင်း​ရရှိ​ရန်​ဖြစ်​၏။ သူ​တို့​သည် ဘုရားသခင်​အတွက် ထက်သန်​သော​စိတ်​ရှိ​ကြောင်း ငါ​သက်သေခံ​၏။ သို့သော် ထို​ထက်သန်​သော​စိတ်​သည် စစ်မှန်​သော​အသိပညာ​အားဖြင့်​မ​ဟုတ်။ အကြောင်းမှာ သူ​တို့​သည် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို​မ​သိ​ဘဲ မိမိ​၏​ဖြောင့်မတ်​ခြင်း​ကို​တည်​စေရန် ရှာကြံ​လျက် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို မ​နာခံ​သောကြောင့်​ဖြစ်​၏။ ခရစ်တော်​သည် ယုံကြည်​သော​သူ​တိုင်း ဖြောင့်မတ်​ခြင်း​ကို​ရရှိ​ရန် ပညတ်​တရား​၏​အဆုံးသတ်​ရာ​ဖြစ်​တော်မူ​၏။ မောရှေ​က​လည်း ပညတ်​တရား​နှင့်ဆိုင်သော ဖြောင့်မတ်​ခြင်း​နှင့်​ပတ်သက်၍ “ဤ​အရာ​များ​ကို​လိုက်နာ​ကျင့်သုံး​သော​သူ​သည် ၎င်း​တို့​အားဖြင့် အသက်ရှင်​လိမ့်မည်”​ဟု ရေး​ထား​၏။ ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​မူကား “သင်​၏​စိတ်နှလုံး​ထဲ၌ ကောင်းကင်​သို့ မည်သူ​တက်​မည်နည်းဟု မ​ပြော​နှင့်​။ (ဤသည်ကား ခရစ်တော်​ကို အောက်​သို့​ခေါ်ဆောင်​လာ​ခြင်း​ဖြစ်​၏။) သို့မဟုတ် အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲသို့ မည်သူ​ဆင်း​မည်နည်းဟူ၍​လည်း မ​ပြော​နှင့် (ဤသည်ကား ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ခေါ်ထုတ်​ခြင်း​ဖြစ်​၏)”​ဟု ဆို​ထား​၏။ ထို့ပြင် မည်သို့​ဆို​ထား​သနည်း။ “တရား​စကား​သည် သင်​၏​အနီး​၌​ရှိ​၏။ သင်​၏​နှုတ်​၌​လည်းကောင်း၊ သင်​၏​စိတ်နှလုံး​၌​လည်းကောင်း ရှိ​၏”​ဟု ဆို​ထား​၏။ ဤသည်ကား ငါ​တို့​ဟောပြော​သည့် ယုံကြည်​ခြင်း​နှင့်ဆိုင်သော တရား​စကား​ဖြစ်​၏။ သင်​သည် မိမိ​နှုတ်​ဖြင့် ယေရှု​သည် အရှင်​သခင်​ဖြစ်​ကြောင်း​ဝန်ခံ​၍ သင်​၏​စိတ်နှလုံး​ထဲ၌ ဘုရားသခင်​သည် သူ့​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​ပြီ​ဟု ယုံကြည်​လျှင် ကယ်တင်​ခြင်း​ခံရ​မည်။ အကြောင်းမူကား လူ​သည် စိတ်နှလုံး​ဖြင့်​ယုံကြည်​၍ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ပြီး နှုတ်​ဖြင့်​ဝန်ခံ​၍ ကယ်တင်​ခြင်း​ခံရ​၏။ အဘယ်ကြောင့်​ဆိုသော် ကျမ်းစာ​က “ထို​ကျောက်​ကို​ယုံကြည်​သမျှ​သော​သူ​သည် အရှက်ရ​လိမ့်မည်​မ​ဟုတ်”​ဟု ဆို​ထား​၏။ ဤတွင် ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​တို့​ကြား​၌ ခြားနား​မှု​မ​ရှိ။ အကြောင်းမူကား တစ်ပါးတည်း​သော​အရှင်​သည် လူ​အပေါင်း​တို့​၏​အရှင်​ဖြစ်​တော်မူ​ပြီး ကိုယ်တော်​ကို​ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​အား ကြွယ်ဝ​စေ​တော်မူ​၏။ “ထာဝရ​ဘုရား​၏​နာမ​တော်​ကို​ပတ္ထနာ​ပြု​သော​သူ​တိုင်း ကယ်တင်​ခြင်း​ခံရ​မည်”​ဖြစ်​၏။ သို့ရာတွင် မိမိ​မ​ယုံကြည်​သော​အရှင်​ထံ မည်သို့​ပတ္ထနာ​ပြု​နိုင်​မည်နည်း။ မိမိ​မ​ကြား​ဖူး​သော​အရှင်​ကို မည်သို့​ယုံကြည်​နိုင်​မည်နည်း။ ဟောပြော​သော​သူ​မ​ရှိ​လျှင် မည်သို့​ကြား​နိုင်​မည်နည်း။ စေလွှတ်​ခြင်း​မ​ခံရ​လျှင် မည်သို့​ဟောပြော​နိုင်​မည်နည်း။ “ကောင်းမြတ်​ခြင်း​နှင့်ဆိုင်သည့် ဝမ်းမြောက်​ဖွယ်​သတင်း​ကို​ဟောပြော​သော​သူ​များ​၏​ခြေ​တို့​သည် အလွန်​တင့်တယ်​စွ​တကား”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။ သို့သော် ဤ​ကောင်းမြတ်​သော​သတင်း​ကို သူ​တို့​အားလုံး​နာခံ​ကြ​သည်​မ​ဟုတ်။ ပရောဖက်​ဟေရှာယ​က “အို ထာဝရ​ဘုရား၊ အကျွန်ုပ်​တို့​၏​သတင်း​စကား​ကို မည်သူ​ယုံကြည်​ပါ​သနည်း”​ဟု ဆို​ထား​၏။ သို့ဖြစ်၍ ယုံကြည်​ခြင်း​သည် ကြားနာ​ခြင်း​အားဖြင့်​ဖြစ်​ပြီး ကြားနာ​ခြင်း​သည် ခရစ်တော်​၏​စကား​တော်​အားဖြင့်​ဖြစ်​၏။ သို့သော် ငါ​မေး​လို​သည်​မှာ ထို​သူ​တို့​မ​ကြား​ခဲ့​ရ​သလော။ အမှန်ပင်​ကြား​ခဲ့​ရ​၏။ “သူ​တို့​၏​အသံ​သည် မြေကြီး​တစ်ပြင်လုံး​သို့ ပျံ့နှံ့​သွား​၍ သူ​တို့​၏​စကား​သည် ကမ္ဘာလောက​အစွန်အဖျား​တိုင်အောင် ရောက်​လေ​၏။ ” တစ်ဖန် ငါ​မေး​လို​သည်​မှာ အစ္စရေး​လူမျိုး​တို့​သည် မ​သိ​ကြ​သလော။ ပထမ​ဦးစွာ မောရှေ​က “ငါ​သည် မ​ပြောပလောက်​သော​လူမျိုး​အားဖြင့် သင်​တို့​၌ မနာလို​စိတ်​ဖြစ်ပေါ်​စေ​၍ အသိတရား​ကင်းမဲ့​သော​လူမျိုး​အားဖြင့် သင်​တို့​ကို မခံမရပ်နိုင်​ဖြစ်​စေ​မည်”​ဟု ဆို​၏။ ပရောဖက်​ဟေရှာယ​က​လည်း “ငါ့​ကို​မ​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့ရှိ​ကြ​၏။ ငါ့​အကြောင်း​ကို​မ​မေးမြန်း​သော​သူ​တို့​ထံ ငါ့​ကိုယ်​ငါ​ထင်ရှား​ပြ​၏”​ဟု ရဲရင့်​စွာ​ဆို​ထား​၏။ အစ္စရေး​လူမျိုး​နှင့်​ပတ်သက်၍​မူကား “နာခံ​ခြင်း​မ​ရှိ၊ ဆန့်ကျင်​ပုန်ကန်​တတ်​သော​လူမျိုး​ထံသို့ တစ်နေ့လုံး ငါ့​လက်​ကို ကမ်း​လျက်​နေ​ခဲ့​၏”​ဟု ဆို​၏။