ဗျာဒိတ် 6:12-13
ဗျာဒိတ် 6:12-13 Judson Bible (JBMLE)
ဆဋ္ဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည် အမွေးဖြင့်ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ ဖြစ်၏။- သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန်မတန်သော အသီးကြွေသကဲ့သို့၊ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။
ဗျာဒိတ် 6:12-13 Common Language Bible (BCL)
ထိုနောက်သိုးသူငယ်တော်သည်ဆဋ္ဌမချိပ် တံဆိပ်တော်ကိုဖွင့်လေလျှင် မြေငလျင်ပြင်း စွာလှုပ်လေ၏။ နေသည်ဂုံအိတ်ထည်မည်းကဲ့ သို့မည်းနက်လာ၏။ လတစ်ဝန်းလုံးသည် လည်းသွေးကဲ့သို့နီလာ၏။- ကောင်းကင်ရှိကြယ်များသည်လေပြင်းဒဏ် ကြောင့် အပင်မှကြွေကုန်သောင်္သဘောသဖန်း သီးစိမ်းများကဲ့သို့ကမ္ဘာမြေသို့ကျကုန်၏။
ဗျာဒိတ် 6:12-13 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သိုးသငယ်တော်သည် ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လိုက်ရာ ငလျင်ပြင်းထန်စွာလှုပ်သဖြင့် နေသည် ဆိတ်မွေးနှင့်လုပ်သောအထည်ကြမ်းကဲ့သို့ မည်းသွား၍ လတစ်ခုလုံးသည် သွေးကဲ့သို့ဖြစ်သွားလေ၏။ ကောင်းကင်မှကြယ်များသည် လေပြင်းလှုပ်ခါသောအခါ သဖန်းပင်မှအသီးစိမ်းများကြွေကျသကဲ့သို့ မြေကြီးပေါ်သို့ကျကြ၏။