YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 6:1-17

ဗျာဒိတ် 6:1-17 Judson Bible (JBMLE)

သိုး​သ​ငယ်​သည် တံ​ဆိပ်​ခု​နစ်​ချက်​တွင် တစ်​ချက်​ကို​ဖွင့်​သော​အ​ခါ ငါ​ကြည့်​လျှင်၊ မိုး​ကြိုး​သံ မြည်​သ​ကဲ့​သို့၊ သ​တ္တ​ဝါ​လေး​ပါး​တွင် တစ်​ပါး​က၊ လာ၍ ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။- ထို​အ​ခါ ငါ​ကြည့်​လျှင်၊ မြင်း​ဖြူ​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် လေး​ကို​ကိုင်၏။ သူ၌​သ​ရ​ဖူ​ကို ပေး​တော်​မူ၏။ အောင်​မြင်​လျက်​လည်း​ကောင်း၊ အောင်​မြင်​ခြင်း​ငှာ​လည်း​ကောင်း ထွက်​သွား၏။ ဒု​တိ​ယ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ ဒု​တိ​ယ သ​တ္တ​ဝါ​က၊ လာ၍​ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။- ထို​အ​ခါ မြင်း​နီ​တစ်​စီး​ထွက်၍၊ စီး​သော​သူ​သည် ငြိမ်​ဝပ်​ခြင်း​ကို မြေ​ကြီး​က​ရုပ်​သိမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ မြေ​ကြီး​သား​တို့​ကို အ​ချင်း​ချင်း အ​သေ​သတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​ခွင့်​ရ၏။ သူ၌​ဓား​ကြီး​ကို ပေး​တော်​မူ၏။ တ​တိ​ယ​တံ​ဆိပ်​ကို​ည​ဖွင့်​သော​အ​ခါ၊ တ​တိ​ယ​သ​တ္တ​ဝါ​က၊ လာ၍​ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။ ထို​အ​ခါ ငါ​ကြည့်​လျှင် မြင်း​နက်​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် ချိန်​ခွင်​ကို​ကိုင်၏။- သ​တ္တ​ဝါ​လေး​ပါး​အ​လယ်၌ ပြော​သံ​ဟူ​မူ​ကား၊ ဒေ​နာ​ရိ​တစ်​ပြား​နှင့် ဂျုံ​ဆန်​တစ်​ခွက်​ကို​ရ၏။ မု​ယော​ဆန် သုံး​ခွက်​ကို​ရ၏။ ဆီ​နှင့်​စ​ပျစ်​ရည်​ကို မ​ပျက်​စေ​နှင့်​ဟု ဆို​သည်​ကို​ငါ​ကြား၏။ စ​တု​တ္ထ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ စ​တု​တ္ထ​သ​တ္တ​ဝါ​က၊ လာ၍ ကြည့်​လော့ ဟု​ဆို​သည်​ကို ငါ​ကြား၏။- ထို​အ​ခါ​ငါ​ကြည့်​လျှင်၊ မြင်း​မွဲ​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် မ​ရ​ဏ​ဟူ​သော​အ​မည်​ရှိ၏။ မ​ရ​ဏနိုင်​ငံ​သည် ထို​သူ​နောက်​သို့ လိုက်​လေ၏။ သူ​သည် မြေ​ကြီး လေး​စိတ်​တစ်​စိတ်​ကို အ​စိုး​ရ၍ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ နာ၍​သေ​ဘေး၊ မြေ​သား​ရဲ​ဘေး​အား​ဖြင့် သတ်​ပိုင်​သော အ​ခွင့်​ကို​ရ၏။ ပ​ဥ္စ​မ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကြောင့်​လည်း​ကောင်း၊ မိ​မိ​တို့ သက်​သေ​ခံ​ချက်​ကြောင့်​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော သူ​တို့၏ ဝိ​ညာဉ်​များ​ကို ယဇ်​ပ​လ္လင်​အောက်၌ ငါ​မြင်၏။- သူ​တို့​က​လည်း၊ သန့်​ရှင်း​ဟုတ်​မှန်၍ အ​စိုး​ပိုင်​တော်​မူ​သော​အ​ရှင်၊ မြေ​ပေါ်​မှာ​နေ​သော သူ​တို့​သည် ငါ​တို့​အ​သွေး​ကို သွန်း​ကြ​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​မ​ပေး​ဘဲ အ​ဘယ်​မျှ​လောက်​ကာ​လ​ပတ်​လုံး နေ​တော်​မူ​မည်​နည်း​ဟု ကြီး​မား​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။- ထို​သူ​တို့၌ ဖြူ​သော​ဝတ်​လုံ​ကို ပေး​တော်​မူ၏။ သူ​တို့​နည်း​တူ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​လ​တ္တံ့​သော မိ​မိ လုပ်​ဖော်​ဆောင်​ဖက် ညီ​အစ်​ကို​တို့​သည် ပြည့်​စုံ​ခြင်း​သို့​မ​ရောက်​မီ၊ ခ​ဏ​ငြိမ်​သက်​စွာ နေ​ရ​ကြ​ဦး​မည်​ဟု သူ​တို့​အား​မိန့်​တော်​မူ၏။ ဆ​ဋ္ဌ​မ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ ငါ​ကြည့်​လျှင် ကြီး​စွာ​သော မြေ​လှုပ်​ခြင်း​ဖြစ်၏။ နေ​သည် အ​မွေး​ဖြင့်​ရက်​သော အ​ဝတ်​ကြမ်း​ကဲ့​သို့ မည်း၏။ လ​အ​လုံး​သည် အ​သွေး​ကဲ့​သို့ ဖြစ်၏။- သင်္ဘော​သ​ဖန်း​ပင်​ကို ပြင်း​စွာ​သော လေ​တိုက်​လျှင်၊ အ​ချိန်​မ​တန်​သော အ​သီး​ကြွေ​သ​ကဲ့​သို့၊ ကောင်း​ကင်​ကြယ်​တို့​သည် မြေ​ပေါ်​သို့ ကျ​ကြ၏။- မိုး​ကောင်း​ကင်​သည် စာ​စောင်​လိပ်​သ​ကဲ့​သို့ လွင့်​သွား၏။ တောင်​များ၊ ကျွန်း​များ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ​အ​ရပ်​မှ ရွေ့​ကြ၏။- လော​ကီ​ဘု​ရင်၊ မှူး​မတ်၊ စစ်​သူ​ကြီး၊ သူ​ဌေး၊ သူ​ကြွယ်၊ ခွန်​အား​ကြီး​သော​သူ​မှ​စ၍ ကျွန်​များ၊ လူ​လွတ်​များ အ​ပေါင်း​တို့​သည် မြေ​တွင်း၌​လည်း​ကောင်း၊ တောင်​ပေါ်​မှာ ရှိ​သော ကျောက်​များ၌​လည်း​ကောင်း၊ ပုန်း​ရှောင်​လျက်​နေ၍၊ ထို​တောင်​များ၊ ကျောက်​များ​တို့​ကို ခေါ်​လျက်၊- ငါ​တို့​အ​ပေါ်​သို့ ကျ​ကြ​ပါ။ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ၏ မျက်​နှာ​နှင့် သိုး​သ​ငယ်၏ အ​မျက်​တော်​ကို ကွယ်​ကာ၍၊ ငါ​တို့​ကို​ဖုံး​အုပ်​ကြ​ပါ။- အ​မျက်​တော် ထင်​ရှား​သော​နေ့​ကြီး ရောက်​ပါ​ပြီ​တ​ကား။ အ​ဘယ်​သူ​သည် ခံ​ရပ်​နိုင်​မည်​နည်း​ဟု ပြော​ဆို​ကြ၏။

ဗျာဒိတ် 6:1-17 Common Language Bible (BCL)

ထို​နောက်​သိုး​သူ​ငယ်​တော်​သည်​ချိပ်​တံ​ဆိပ် ခု​နစ်​ခု​အ​နက်​မှ ပ​ထ​မ​တံ​ဆိပ်​ဖွင့်​သည်​ကို ငါ​မြင်​၏။ သက်​ရှိ​သတ္တဝါ​လေး​ပါး​အ​နက်​တစ် ပါး​သည်​မိုး​ကြိုး​သံ​နှင့်​တူ​သော​အ​သံ​ဖြင့်``လာ လော့'' ဟု​ဆို​သည်​ကို​ငါ​ကြား​ရ​၏။- ငါ​ကြည့်​လိုက်​သော​အ​ခါ​မြင်း​ဖြူ​တစ်​ကောင် ကို​တွေ့​ရ​၏။ မြင်း​စီး​သူ​ရဲ​သည်​လေး​ကို​ကိုင် ထား​၏။ သ​ရ​ဖူ​ကို​ခံ​ယူ​ရ​ရှိ​ထား​၏။ သူ သည်​အောင်​ပွဲ​ခံ​ပြီး​သော​သူ​အ​နေ​ဖြင့်​ဆက် လက်​အောင်​ပွဲ​ခံ​ရန်​ထွက်​ခွာ​သွား​၏။ သိုး​သူ​ငယ်​တော်​သည်​ဒု​တိ​ယ​တံ​ဆိပ်​ကို​ဖွင့် လိုက်​သော​အ​ခါ ဒု​တိ​ယ​သတ္တဝါ​က``လာ​လော့'' ဟု​ဆို​သည်​ကို​ငါ​ကြား​ရ​၏။- ထို​နောက်​မြင်း​နီ​တစ်​ကောင်​ထွက်​လာ​၏။ လူ​တို့ သည်​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် သတ်​ဖြတ်​ကြ​စေ​ရန်​မြင်း​စီး​သူ​ရဲ​အား ဤ လော​က​တွင်​စစ်​မက်​ဖြစ်​ပွား​စေ​နိုင်​သည့်​တန်​ခိုး ကို​ပေး​အပ်​ထား​၏။ ဋ္ဌား​ကြီး​တစ်​လက်​ကို​သူ့ အား​ပေး​ထား​၏။ သိုး​သူ​ငယ်​တော်​သည်​တ​တိ​ယ​ချိပ်​တံ​ဆိပ်​ကို ဖွင့်​လိုက်​သော​အ​ခါ တ​တိ​ယ​သတ္တဝါ​က``လာ​လော့'' ဟု​ဆို​သည်​ကို​ငါ​ကြား​ရ​၏။ ငါ​ကြည့်​လိုက်​သော အ​ခါ​မြင်း​နက်​တစ်​ကောင်​ကို​တွေ့​ရ​၏။ မြင်း​စီး သူ​ရဲ​သည်​ချိန်​ခွင်​ကို​ကိုင်​ထား​၏။- သတ္တ​ဝါ​လေး​ပါး​တို့​အ​လယ်​မှ​ထွက်​ပေါ်​လာ သည်​ဟု​ထင်​ရ​သော​အ​သံ​တစ်​ခု​ကို​ငါ​ကြား ရ​၏။ ထို​အ​သံ​က``ဂျုံ​ဆန်​တစ်​ခွက်​ကို​တစ်​နေ့ စာ​လုပ်​အား​ခ​ပေး​ရ​၏။ သို့​ရာ​တွင်​သံ​လွင် ဥ​ယျာဉ်​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​မ​ဖျက် ဆီး​ကြ​နှင့်'' ဟု​ဆို​၏။ သိုး​သူ​ငယ်​တော်​သည်​စတုတ္ထ​ချိပ်​တံ​ဆိပ်​ကို​ဖွင့် လိုက်​သော​အ​ခါ စ​တုတ္ထ​သတ္တ​ဝါ​၏​အ​သံ​ကို ငါ​ကြား​ရ​၏။ ထို​သတ္တ​ဝါ​က``လာ​လော့'' ဟု ဆို​၏။- ငါ​ကြည့်​လိုက်​သော​အ​ခါ​မြင်း​မွဲ​တစ်​ကောင်​ကို တွေ့​ရ​၏။ မြင်း​စီး​သူ​ရဲ​၏​နာ​မည်​မှာ​သေ​မင်း ဖြစ်​၏။ သူ​၏​နောက်​မှ​မ​ရ​ဏာ​နိုင်​ငံ​လိုက်​ပါ လာ​၏။ သူ​တို့​သည်​ကမ္ဘာ​မြေ​ကြီး​၏​လေး​ပုံ​တစ် ပုံ​တွင်​ရှိ​သော​လူ​တို့​အား​ဋ္ဌား​ဘေး၊ ငတ်​မွတ် ခေါင်း​ပါး​ခြင်း​ဘေး၊ ကပ်​ရော​ဂါ​ဘေး၊ သား​ရဲ တိ​ရစ္ဆာန်​များ​၏​ဘေး​တို့​ဖြင့်​သေ​စေ​နိုင်​သည့် အ​ခွင့်​အာ​ဏာ​ကို​ရ​ရှိ​ထား​ကြ​၏။ သိုး​သူ​ငယ်​တော်​သည်​ပဉ္စမ​ချိပ်​တံ​ဆိပ်​ကို​ဖွင့် လိုက်​သော​အ​ခါ ဘု​ရား​သခင်​၏​နှုတ်​က​ပတ် တော်​ကို​ဟော​ပြော​ကြေ​ညာ​သည့်​အ​တွက်​ကြောင့် လည်း​ကောင်း၊ သစ္စာ​နှင့်​သက်​သေ​ခံ​သည့်​အ​တွက် ကြောင့်​လည်း​ကောင်း​အ​သတ်​ခံ​ကြ​ရ​သူ​တို့ ၏​ဝိ​ညာဉ်​များ​ကို​ပလ္လင်​တော်​အောက်​တွင်​ငါ မြင်​ရ​၏။- ထို​ဝိ​ညာဉ်​များ​က``သန့်​ရှင်း​မြင့်​မြတ်​ဖြောင့်​မှန် တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်၊ အ​ကျွန်ုပ်​တို့​အား သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ်​အ​တွက်​ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​အား အ​ဘယ်​ကာ​လ​တိုင်​အောင်​တ​ရား စီ​ရင်​အ​ပြစ်​ဒဏ်​မ​ပေး​ဘဲ​နေ​တော်​မူ​မည် နည်း'' ဟု​အ​သံ​ကျယ်​စွာ​ဟစ်​အော်​ကြ​၏။- ထို​သူ​တို့​သည်​ဝတ်​လုံ​ဖြူ​တစ်​ထည်​စီ​ကို​ရ​ပြီး လျှင် မိ​မိ​တို့​နည်း​တူ​အ​သတ်​ခံ​ရ​ကြ​မည့် အ​စေ​ခံ​ချင်း​နှင့်​ညီ​အစ်​ကို​ချင်း အ​ရေ​အ​တွက် ပြည့်​သည့်​တိုင်​အောင်​ခ​ဏ​ငြိမ်​သက်​စွာ​နေ​ကြ ရန်​အ​မိန့်​ကို​ရ​ကြ​၏။ ထို​နောက်​သိုး​သူ​ငယ်​တော်​သည်​ဆ​ဋ္ဌ​မ​ချိပ် တံ​ဆိပ်​တော်​ကို​ဖွင့်​လေ​လျှင် မြေ​င​လျင်​ပြင်း စွာ​လှုပ်​လေ​၏။ နေ​သည်​ဂုံ​အိတ်​ထည်​မည်း​ကဲ့ သို့​မည်း​နက်​လာ​၏။ လ​တစ်​ဝန်း​လုံး​သည် လည်း​သွေး​ကဲ့​သို့​နီ​လာ​၏။- ကောင်း​ကင်​ရှိ​ကြယ်​များ​သည်​လေ​ပြင်း​ဒဏ် ကြောင့် အ​ပင်​မှ​ကြွေ​ကုန်​သော​င်္သဘော​သ​ဖန်း သီး​စိမ်း​များ​ကဲ့​သို့​ကမ္ဘာ​မြေ​သို့​ကျ​ကုန်​၏။ မိုး​ကောင်း​ကင်​သည်​စာ​စောင်​ကို​လိပ်​သ​ကဲ့​သို့ ပျောက်​ကွယ်​သွား​၏။ တောင်​များ​နှင့်​ကျွန်း​ရှိ သ​မျှ​သည်​မိ​မိ​တို့​နေ​ရာ​မှ​ရွေ့​သွား​ကြ​ကုန်​၏။- ထို​အ​ခါ​လော​ကီ​ဘု​ရင်၊ အာ​ဏာ​ပိုင်၊ စစ်​သူ​ကြီး၊ သူ​ဌေး​သူ​ကြွယ်၊ တန်​ခိုး​အာ​ဏာ​ရှိ​သူ​မှ​စ​၍ ကျွန်​နှင့်​ကျွန်​မ​ဟုတ်​သူ​အ​ပေါင်း​တို့​သည်​လိုဏ် ဂူ​များ​၌​လည်း​ကောင်း၊ တောင်​ပေါ်​ကျောက်​ဆောင် များ​၌​လည်း​ကောင်း​ပုန်း​အောင်း​၍​နေ​ကြ ကုန်​၏။- ထို​သူ​တို့​က​တောင်​များ၊ ကျောက်​ဆောင်​များ အား``ငါ​တို့​အ​ပေါ်​သို့​ပြို​ကျ​လျက်​ပလ္လင်​တော် ပေါ်​တွင်​စံ​တော်​မူ​သော​အ​ရှင်​၏​မျက်​နှာ​တော် ကို​မ​မြင်​ရ​စေ​ရန်​နှင့်​သိုး​သူ​ငယ်​တော်​၏ အ​မျက်​တော်​မ​သင့်​ကြ​စေ​ရန်​ငါ​တို့​အား ဖုံး​ကွယ်​၍​ထား​ကြ​ပါ။- ထို​အရှင်​တို့​၏​အ​မျက်​တော်​သင့်​မည့်​နေ့​ရက် ကာ​လ​ကျ​ရောက်​လာ​လေ​ပြီ။ ထို​အ​မျက်​တော် ကို​အ​ဘယ်​သူ​သည်​ရပ်​ခံ​နိုင်​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။

ဗျာဒိတ် 6:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် သိုးသငယ်​တော်​သည် တံဆိပ်​ခုနစ်​ခု​ထဲမှ တစ်​ခု​ကို​ဖွင့်​သောအခါ ငါ​ကြည့်​လျှင် သတ္တဝါ​လေး​ပါး​တို့​ထဲမှ​တစ်​ပါး​က မိုးချုန်းသံ​ကဲ့သို့သော​အသံ​ဖြင့် “လာ​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ ထိုအခါ ငါ​ကြည့်​လိုက်​ရာ မြင်း​ဖြူ​တစ်​ကောင်​ရှိ​၍ ထို​မြင်း​ပေါ်တွင်​စီး​သော​သူ​၌ လေး​တစ်​လက်​ပါ​၏။ သူ​သည် သရဖူ​တစ်​ခု​ကို​ရရှိ​ပြီး အောင်မြင်​ခြင်း​အပေါ်၌ ဆက်၍​အောင်မြင်​ရန် ထွက်ခွာ​သွား​၏။ သိုးသငယ်​တော်​သည် ဒုတိယ​တံဆိပ်​ကို​ဖွင့်​သောအခါ ဒုတိယ​သတ္တဝါ​က “လာ​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ ထိုအခါ နီရဲ​သော​အခြား​မြင်း​တစ်​ကောင်​ထွက်လာ​၏။ ထို​မြင်း​ပေါ်တွင်​စီး​သော​သူ​သည် လူ​တို့​အား အချင်းချင်း​သတ်ဖြတ်​ကြ​စေရန် မြေကြီး​ပေါ်မှ ငြိမ်းချမ်း​မှု​ကို​ရုပ်သိမ်း​ရ​သော​အခွင့်​ကို​ရရှိ​၏။ ကြီးမား​သော​ဓား​တစ်​လက်​ကို​လည်း သူ့​အား​ပေး​လေ​၏။ သိုးသငယ်​တော်​သည် တတိယ​တံဆိပ်​ကို​ဖွင့်​သောအခါ တတိယ​သတ္တဝါ​က “လာ​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ ထိုအခါ ငါ​ကြည့်​လိုက်​ရာ မြင်း​နက်​တစ်​ကောင်​ရှိ​၍ ထို​မြင်း​ပေါ်တွင်​စီး​သော​သူ​သည် မိမိ​လက်​၌ ချိန်ခွင်​ကို ကိုင်​ထား​၏။ ထို့နောက် သတ္တဝါ​လေး​ပါး​တို့​အလယ်​မှ​ထွက်ပေါ်​လာ​သော စကားသံ​နှင့်​တူ​သည့်​အသံ​က “ဂျုံဆန်​တစ်​ခွက်​လျှင် ဒေနာရိ​တစ်​ပြား၊ မုယော​ဆန်​သုံး​ခွက်​လျှင်​လည်း ဒေနာရိ​တစ်​ပြား​ဖြစ်​၏။ ဆီ​နှင့်​စပျစ်​ဝိုင်​ကို မ​ပျက်​စေ​နှင့်”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ သိုးသငယ်​တော်​သည် စတုတ္ထ​တံဆိပ်​ကို​ဖွင့်​သောအခါ စတုတ္ထ​သတ္တဝါ​က “လာ​လော့”​ဟု ဆို​သည့်​အသံ​ကို ငါ​ကြား​ရ​၏။ ထိုအခါ ငါ​ကြည့်​လိုက်​ရာ​စိမ်းဖန့်ဖန့်​မြင်း​တစ်​ကောင်​ရှိ​၍ ထို​မြင်း​ပေါ်တွင်​စီး​သော​သူ​သည် သေ​ခြင်း​ဟု​နာမည်​တွင်​၏။ သူ​၏​နောက်​မှ မရဏာ​နိုင်ငံ​သည်​လိုက်​လာ​၏။ သူ​တို့​သည် ဓား​ဘေး​ဖြင့်​လည်းကောင်း၊ ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​ဖြင့်​လည်းကောင်း၊ သေ​ဘေး​ဖြင့်​လည်းကောင်း၊ မြေကြီး​ပေါ်ရှိ​သားရဲ​တိရစ္ဆာန်​ဘေး​ဖြင့်​လည်းကောင်း လူ​တို့​ကို​သတ်ဖြတ်​ရန် ကမ္ဘာ​မြေကြီး​၏​လေးပုံတစ်ပုံ​အပေါ် အခွင့်​အာဏာ​ကို​ရ​ကြ​၏။ သိုးသငယ်​တော်​သည် ပဉ္စမ​တံဆိပ်​ကို​ဖွင့်​သောအခါ ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကြောင့်​လည်းကောင်း၊ မိမိ​တို့​ရရှိ​ထား​သော​သက်သေခံ​ချက်​ကြောင့်​လည်းကောင်း အသေ​သတ်​ခြင်း​ခံရ​သော​သူ​တို့​၏​ဝိညာဉ်​များ​ကို ယဇ်ပလ္လင်​အောက်​တွင် ငါ​မြင်​ရ​၏။ ထို​သူ​တို့​က “သန့်ရှင်း​၍ ဖြောင့်မှန်​တော်မူ​သော​သခင်၊ အကျွန်ုပ်​တို့​၏​သွေး​အတွက် ကမ္ဘာ​မြေကြီး​ပေါ်မှာ​နေထိုင်​သော​သူ​တို့​ကို တရား​မ​စီရင်၊ လက်တုံ့​လည်း​မ​ပြန်​ဘဲ မည်မျှ​ကြာအောင်​နေ​တော်မူ​မည်နည်း”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ကြ​၏။ ထိုအခါ သူ​တို့​တစ်ဦးစီ​အား ဖြူ​သော​ဝတ်လုံ​ကို​ပေး​တော်မူ​ပြီးလျှင် သူ​တို့​နည်းတူ အသေ​သတ်​ခြင်း​ခံရ​ရန်​ရှိ​သည့် သူ​တို့​၏​အစေအပါး​ချင်း​များ​နှင့် သူ​တို့​ညီအစ်ကို​များ​၏​အရေအတွက် ပြည့်စုံ​သည့်​တိုင်အောင် နောက်ထပ် ခဏ​အနားယူ​ကြ​ရန် သူ​တို့​အား မိန့်​တော်မူ​၏။ သိုးသငယ်​တော်​သည် ဆဋ္ဌမ​တံဆိပ်​ကို​ဖွင့်​သောအခါ ငါ​ကြည့်​လိုက်​ရာ ငလျင်​ပြင်းထန်​စွာ​လှုပ်​သဖြင့် နေ​သည် ဆိတ်​မွေး​နှင့်​လုပ်​သော​အထည်ကြမ်း​ကဲ့သို့ မည်း​သွား​၍ လ​တစ်ခုလုံး​သည် သွေး​ကဲ့သို့​ဖြစ်​သွား​လေ​၏။ ကောင်းကင်​မှ​ကြယ်​များ​သည် လေ​ပြင်း​လှုပ်ခါ​သောအခါ သဖန်းပင်​မှ​အသီးစိမ်း​များ​ကြွေကျ​သကဲ့သို့ မြေကြီး​ပေါ်သို့​ကျ​ကြ​၏။ ကောင်းကင်​သည်​လည်း စာလိပ်​ကို​လိပ်​လိုက်​သကဲ့သို့ ပျောက်လွင့်​သွား​၍ တောင်​နှင့်​ကျွန်း​ရှိသမျှ​တို့​သည် မိမိ​တို့​နေရာ​မှ​ရွေ့​သွား​ကြ​၏။ ထိုအခါ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​များ၊ မှူးကြီးမတ်ရာ​များ၊ တပ်မှူးကြီး​များ၊ ချမ်းသာ​သော​သူ​များ၊ ခွန်အား​ကြီး​သော​သူ​များ​မှစ၍ ကျွန်​နှင့်​လွတ်လပ်​သူ​ရှိသမျှ​တို့​သည် လိုဏ်ဂူ​တို့​၌​လည်းကောင်း၊ တောင်​များ​ပေါ်ရှိ ကျောက်ဆောင်​တို့​ကြား​၌​လည်းကောင်း ပုန်းအောင်း​ကြ​ပြီးလျှင် တောင်​များ​နှင့်​ကျောက်ဆောင်​များ​အား “ငါ​တို့​အပေါ်သို့​ပြိုကျ​လျက် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​၏​မျက်နှာ​တော်​နှင့် သိုးသငယ်​တော်​၏​အမျက်​တော်​မှ ငါ​တို့​ကို​ဖုံးကွယ်​ကြ​ပါ။ အကြောင်းမူကား အမျက်​တော်​ထင်ရှား​ရာ​နေ့ရက်​ကြီး​ကျရောက်​လာ​ပြီ​ဖြစ်၍ မည်သူ​သည် ခံရပ်​နိုင်​မည်နည်း”​ဟု ပြောဆို​ကြ​၏။