YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 5:11-13

ဗျာဒိတ် 5:11-13 Judson Bible (JBMLE)

ထို​အ​ခါ ငါ​ကြည့်၍ ပ​လ္လင်​တော်​မှ​စ​သော သ​တ္တ​ဝါ​တို့​နှင့် အ​သက်​ကြီး​သူ​တို့၏ ပတ်​ဝန်း​ကျင်၌ ကု​ဋေ​သင်္ချေ​မ​က အ​တိုင်း​မ​သိ များ​စွာ​သော ကောင်း​ကင်​တ​မန်​တို့၏ အ​သံ​ကို ငါ​ကြား၏။- ထို​သူ​တို့​က​လည်း၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ခဲ့​ပြီး​သော သိုး​သ​ငယ်​သည်၊ တန်​ခိုး၊ စည်း​စိမ်၊ ပ​ညာ၊ အ​စွမ်း​သ​တ္တိ၊ ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော်၊ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ထိုက်​တော်​မူ၏​ဟု ကြီး​သော​အ​သံ​နှင့် ပြော​ဆို​ကြ၏။- ကောင်း​ကင်၊ မြေ​ကြီး၊ မြေ​ကြီး​အောက်၊ သ​မု​ဒ္ဒ​ရာ​အ​ထဲ၊ အ​ရပ်​ရပ်​တို့၌ ရှိ​ရှိ​သ​မျှ​သော ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​က၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​နှင့် သိုး​သ​ငယ်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကောင်း​ချီး​မင်္ဂ​လာ၊ ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော်၊ အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ပြော​ဆို​ကြ​သည်​ကို ငါ​ကြား​လေ၏။

ဗျာဒိတ် 5:11-13 Common Language Bible (BCL)

ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ​ပလ္လင်​တော် ပတ်​လည်​၌​လည်း​ကောင်း၊ သတ္တဝါ​လေး​ပါး​နှင့် အ​ကြီး​အ​ကဲ​များ​၏​ပတ်​လည်​၌​လည်း​ကောင်း ရပ်​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​များ​၏ အ​သံ​ကို​ကြား​ရ​၏။ ထို​ကောင်း​ကင်​တ​မန် များ​၏​အ​ရေ​အ​တွက်​မှာ​သိန်း​သန်း​ကု​ဋေ မ​က​အ​တိုင်း​မ​သိ​များ​ပြား​၏။- သူ​တို့​က၊ ``အ​သေ​သတ်​ခြင်း​ခံ​ရ​သော​သိုး​သူ​ငယ်​တော်​သည် တန်​ခိုး၊စည်း​စိမ်​ချမ်း​သာ၊ဉာဏ်​ပ​ညာ၊ခွန်​အား စွမ်း​ရည်၊ဂုဏ်​အ​သ​ရေ၊ဘုန်း​အာ​နု​ဘော်၊ ချီး​မွမ်း​ခြင်း​တို့​ကို​ခံ​ထိုက်​တော်​မူ​ပါ​၏'' ဟု​အ​သံ​ကျယ်​စွာ​မြွက်​ဆို​ကြ​၏။- ထို့​ပြင်​ကောင်း​ကင်၊ ကမ္ဘာ​မြေ​ကြီး၊ မြေ​ကြီး အောက်​ပင်​လယ်​အ​ရပ်​ရပ်​၌​ရှိ​သ​မျှ​သော သတ္တဝါ​အ​ပေါင်း​တို့​က၊ ပလ္လင်​ပေါ်​တွင်​ထိုင်​နေ​တော်​မူ​သော​အ​ရှင်​နှင့် သိုး​သူ​ငယ်​တော်​သည် ကမ္ဘာ​အ​ဆက်​ဆက်​ချီး​မွမ်း​ခြင်း​ကို ခံ​ရ​ပါ​စေ​သ​တည်း။ ဂုဏ်​အ​သ​ရေ၊ဘုန်း​အာ​နု​ဘော်၊တန်​ခိုး​တို့​ဖြင့် ပြည့်​စုံ​တော်​မူ​ပါ​စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ​သည်​ကို​ငါ​ကြား​ရ​၏။

ဗျာဒိတ် 5:11-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ငါ​ကြည့်​လိုက်​ရာ ပလ္လင်​တော်၊ သတ္တဝါ​လေး​ပါး​နှင့် သက်ကြီးဝါကြီး​တို့​၏​ပတ်ဝန်းကျင်​မှ များစွာ​သော​ကောင်းကင်​တမန်​တို့​၏​အသံ​ကို​ကြား​ရ​၏။ သူ​တို့​၏​အရေအတွက်​သည် သိန်းသန်း​ကုဋေ​ရှိ​၏။ သူ​တို့​သည် ကျယ်လောင်​သော​အသံ​ဖြင့် “အသေ​သတ်​ခြင်း​ခံရ​သော​သိုးသငယ်​တော်​သည် တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်သရေ၊ ဘုန်း​အသရေ​နှင့် ကောင်းချီး​မင်္ဂလာ​တို့​ကို​ခံယူ​ထိုက်​သော​အရှင်​ဖြစ်​ပါ​၏”​ဟု ကြွေးကြော်​ကြ​၏။ ထို့ပြင် ကောင်းကင်​နှင့်​မြေကြီး​ပေါ်၌​လည်းကောင်း၊ မြေကြီး​အောက်​နှင့်​ပင်လယ်​ထဲ၌​လည်းကောင်း ရှိ​ကြ​သော သတ္တဝါ​အပေါင်း​တို့​နှင့် ခပ်သိမ်း​သော​အရာ​တို့​က “ကောင်းချီး​မင်္ဂလာ၊ ဂုဏ်သရေ၊ ဘုန်း​အသရေ​နှင့် တန်ခိုး​အရှိန်အဝါ​တို့​သည် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​နှင့် သိုးသငယ်​တော်​၌ ကမ္ဘာ​အဆက်ဆက်​ရှိ​ပါစေသော”​ဟု ကြွေးကြော်​ကြ​သည်​ကို ငါ​ကြား​ရ​၏။