YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 4:1-11

ဗျာဒိတ် 4:1-11 Judson Bible (JBMLE)

ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ ကောင်း​ကင်၌ တံ​ခါး​ဖွင့်​ထား​လျက်​ရှိ၏။ ရှေ့​ဦး​စွာ​ကြား​ရ​သော အ​သံ​ဟူ​မူ​ကား၊ ဤ​အ​ရပ်​သို့ တက်​လော့။ နောင်​ကာ​လ၌ ဖြစ်​ရ​မည်​အ​ရာ​တို့​ကို ငါ​ပြ​မည်​ဟု ငါ​နှင့်​ပြော​လျက်​ရှိ​သော တံ​ပိုး​ခ​ရာ​သံ​ကဲ့​သို့ မြည်​လေ၏။- ထို​အ​ခါ ဝိ​ညာဉ်​တော်​ကို ငါ​သည်​ချက်​ချင်း​ခံ​ရ၍၊ ကောင်း​ကင်​ဘုံ၌ ပ​လ္လင်​တစ်​ခု​တည်​လျက်​ရှိ၏။ ပ​လ္လင်​ပေါ်​မှာ ထိုင်​သော​သူ​လည်း​ရှိ၏။- ထို​သူ၏ အ​ဆင်း​အ​ရောင်​သည် န​ဂါး​သွဲ့​ကျောက်၊ ပ​တ္တ​မြား​ကျောက်​နှင့် တူ၏။ ပ​လ္လင်၏​ပတ်​ဝန်း​ကျင်၌​ကား၊ မြ​ကျောက် အ​ဆင်း​အ​ရောင်​နှင့်​တူ​သော သက်​တံ​ရှိ၏။- ထို​ပ​လ္လင်၏ ပတ်​ဝန်း​ကျင်၌ အ​ခြား​သော​ပ​လ္လင် နှစ်​ဆယ်​လေး​ပ​လ္လင်​ရှိ၏။ ထို​ပ​လ္လင်​တို့​အ​ပေါ်၌ အ​သက်​ကြီး​သူ​နှစ်​ဆယ်​လေး​ပါး​တို့​သည် ဖြူ​သော​အ​ဝတ်​ကို ဝတ်​ဆင်​လျက်၊ ခေါင်း​ပေါ်၌ ရွှေ​သ​ရ​ဖူ​ကို ဆောင်း​လျက် ထိုင်​နေ​ကြ၏။- ပ​လ္လင်​တော်​ထဲ​က လျှပ်​စစ်​ပြက်၏။ စ​ကား​ပြော​သံ၊ မိုး​ကြိုး​သံ​လည်း မြည်၏။ ပ​လ္လင်​တော်​ရှေ့၌ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​ခု​နစ်​ပါး​တည်း​ဟူ​သော မီး​ခွက်​ခု​နစ်​လုံး​တို့​သည် ထွန်း​လျက်​ရှိ​ကြ၏။- ပ​လ္လင်​တော်​ရှေ့၌​လည်း၊ ကျောက်​သ​လင်း​နှင့် တူ​သော ဖန်​ရေ​ကန်​ရှိ၏။ ပ​လ္လင်​တော်၏ အ​တွင်း၌​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​လည်း​ကောင်း၊ မျက်​စိ​နှင့် တစ်​ကိုယ်​လုံး​ပြည့်​သော သ​တ္တ​ဝါ​လေး​ပါး​ရှိ၏။- ပ​ထ​မ​သ​တ္တ​ဝါ​သည် ခြင်္သေ့​နှင့်​တူ၏။ ဒု​တိ​ယ သ​တ္တ​ဝါ​သည် နွား​သ​ငယ်​နှင့်​တူ၏။ တ​တိ​ယ​သ​တ္တ​ဝါ​သည် လူ​မျက်​နှာ​ရှိ၏။ စ​တု​တ္ထ​သ​တ္တ​ဝါ​သည် ပျံ​လျက်​ရှိ​သော ရွှေ​လင်း​တ​နှင့်​တူ၏။- ထို​သ​တ္တ​ဝါ​လေး​ပါး​တို့၏ ကိုယ်​ပတ်​ဝန်း​ကျင်၌၊ တစ်​ပါး​တစ်​ပါး​လျှင် အ​တောင်​ခြောက်​ခု​စီ​ရှိ၍၊ အ​တွင်း၌ မျက်​စိ​နှင့်​ပြည့်​ကြ၏။ သူ​တို့​က​လည်း၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​တော်​မူ၏၊ သန့်​ရှင်း​တော်​မူ၏၊ သန့်​ရှင်း​တော်​မူ၏​ဟု နေ့​ည​မ​ပြတ် ငြိမ်၍​မ​နေ​ဘဲ ပြော​ဆို​ကြ၏။- ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်၍ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော​သူ၏ ဘုန်း​အ​သ​ရေ၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ထို​သ​တ္တ​ဝါ​တို့​သည် ချီး​မွမ်း​ကြ​သော​အ​ခါ၊- အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည် ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​ရှေ့၌ ပျပ်​ဝပ်​လျက်၊ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော သူ​ကို ကိုး​ကွယ်​လျက်၊- အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ ထို​အ​ရာ​တို့​သည် အ​လို​တော်​ကြောင့်​ဖြစ်၍ ဖန်​ဆင်း​လျက်​ရှိ​ကြ​ပါ၏။ ထို​ကြောင့်၊ ကိုယ်​တော်​သည် ဘုန်း​အ​သ​ရေ တန်​ခိုး​တော်​ကို ခံ​စား​ထိုက်​တော်​မူ၏​ဟု လျှောက်​ဆို၍၊ ပ​လ္လင်​တော်​ရှေ့၌ မိ​မိ​တို့​သ​ရ​ဖူ​များ​ကို ချ​ထား​ကြ၏။

ဗျာဒိတ် 4:1-11 Common Language Bible (BCL)

ထို​နောက်​ရူ​ပါ​ရုံ​တွင်​ကောင်း​ကင်​ဘုံ​တံ​ခါး​ပွင့် လျက်​ရှိ​သည်​ကို​ငါ​မြင်​ရ​၏။ ပ​ထ​မ​အ​ကြိမ် က​ငါ​ကြား​ရ​သော​တံ​ပိုး​ခ​ရာ​သံ​နှင့်​တူ​သည့် အ​သံ​က``ဤ​အ​ရပ်​သို့​တက်​လာ​လော့။ နောင်​ဖြစ် ရ​မည့်​အ​မှု​အ​ရာ​တို့​ကို​ငါ​ပြ​မည်'' ဟု​ငါ့ အား​ဆို​၏။- ချက်​ချင်း​ပင်​ဝိ​ညာဉ်​တော်​သည်​ငါ့​အ​ပေါ်​သို့ သက်​ရောက်​လာ​လေ​သည်။ ကောင်း​ကင်​ဘုံ​၌ ပလ္လင်​တစ်​ခု​ရှိ​၏။ ထို​ပလ္လင်​ပေါ်​တွင်​ထိုင်​နေ တော်​မူ​သော​အ​ရှင်​တစ်​ပါး​ရှိ​သည်။- ထို​အ​ရှင်​၏​မျက်​နှာ​တော်​သည်​န​ဂါး​သွဲ့​ကျောက်၊ ပတ္တမြား​ကျောက်​ကဲ့​သို့​တောက်​ပ​၏။ ပလ္လင်​၏​ပတ် လည်​တွင်​မြ​ရောင်​ပြေး​နေ​သော​သက်​တန့်​တည် လျက်​ရှိ​၏။- ထို​ပလ္လင်​၏​ပတ်​လည်​တွင်​အ​ခြား​ပလ္လင်​နှစ်​ဆယ့်​လေး ခု​ကို​ငါ​တွေ့​မြင်​ရ​၏။ ထို​ပလ္လင်​များ​အ​ပေါ်​တွင် အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​ထိုင်​လျက်​နေ​၏။ သူ​တို့​သည်​ဝတ်​ဖြူ​စင်​ကြယ်​များ​ကို​ဝတ်​လျက်​ရွှေ သ​ရ​ဖူ​များ​ကို​ဆောင်း​ထား​ကြ​၏။- ပလ္လင်​တော်​ထဲ​မှ​လျှပ်​စစ်​ပြက်​သည့်​အ​ရောင်​များ၊ မိုး​ချုန်း​သံ​များ၊ မိုး​ကြိုး​သံ​များ​ထွက်​ပေါ်​လာ​၏။ ပလ္လင်​တော်​၏​ရှေ့​တွင်​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​ခု​နစ် ပါး​တည်း​ဟူ​သော​မီး​တိုင်​သည်​ထွန်း​လင်း​လျက် ရှိ​၏။- ပလ္လင်​တော်​၏​ရှေ့​တွင်​ကျောက်​သ​လင်း​နှင့်​တူ​၍ ဖန်​ရေ​ကန်​ဟု​ထင်​ရ​သော​ရေ​ကန်​ရှိ​၏။ ထို့​ပြင်​ပလ္လင်​တော်​၏​ပတ်​လည်​တစ်​ဖက်​တစ်​ချက် တွင် သက်​ရှိ​သတ္တ​ဝါ​လေး​ပါး​ရှိ​၏။ သူ​တို့​ကိုယ် ခန္ဓာ​ရှေ့​ပိုင်း​နှင့်​နောက်​ပိုင်း​တို့​တွင်​မျက်​စိ​များ ဖြင့်​ပြည့်​နှက်​လျက်​ရှိ​၏။- ပ​ထ​မ​သတ္တ​ဝါ​သည်​ခြင်္သေ့​နှင့်​တူ​၏။ ဒု​တိ​ယ သတ္တ​ဝါ​သည်​နွား​နှင့်​တူ​၏။ တ​တိ​ယ​သတ္တ​ဝါ​၏ မျက်​နှာ​သည်​လူ့​မျက်​နှာ​နှင့်​တူ​၏။ စ​တုတ္ထ​သတ္တ ဝါ​သည်​ပျံ​လျက်​နေ​သည့်​လင်း​ယုန်​နှင့်​တူ​၏။- ထို​သတ္တ​ဝါ​လေး​ပါး​စ​လုံး​တွင်​အ​တောင်​ခြောက်​ခု စီ​ရှိ​၏။ သူ​တို့​၏​ကိုယ်​အ​တွင်း​အ​ပြင်​၌​မျက်​စိ များ​ဖြင့်​ပြည့်​နှက်​လျက်​နေ​၏။ သူ​တို့​သည်​နေ့ ရော​ညဥ့်​ပါ​မ​နား​ဘဲ၊ ``ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​၏။ မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​၏။ မြင့်​မြတ် သန့်​ရှင်း​တော်​မူ​၏။ ကိုယ်​တော်​သည်​အ​တိတ်၊ပစ္စုပ္ပန်၊အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​နေ​တော်​မူ​၏။ ဟု​မြွက်​ဆို​ကြ​၏။- ပလ္လင်​ပေါ်​တွင်​စံ​တော်​မူ​၍​ကမ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​၏​ကျေး​ဇူး​တော်၊ ဂုဏ်​တော်၊ ဘုန်း​အ​သ​ရေ​တော်​တို့​ကို​ထို​သတ္တဝါ တို့​ချီး​ကူး​ကြ​သည့်​အ​ခါ​တိုင်း၊- အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​တို့​သည်​ပလ္လင် ပေါ်​တွင်​စံ​တော်​မူ​၍ ကမ္ဘာ​အ​ဆက်​ဆက်​အ​သက် ရှင်​တော်​မူ​သော​အ​ရှင်​၏​ရှေ့​တော်​၌​ပျပ်​ဝပ်​လျက် ရှိ​ခိုး​ကြ​ကုန်​၏။ သူ​တို့​သည်​ပလ္လင်​တော်​ရှေ့​တွင် မိ​မိ​တို့​၏​သ​ရ​ဖူ​များ​ကို​ချ​လျက် ``အ​ကျွန်ုပ်​တို့​၏​အ​ရှင်​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​၍ ကိုယ်​တော်​၏​အ​လို​တော်​အ​ရ​သာ​လျှင် ထို​အ​ရာ​ခပ်​သိမ်း​တို့​သည်​အ​သက်​ရှင်​ကြ​ရ​ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​သည်​ဘုန်း​အ​သ​ရေ​တော်၊ ဂုဏ်​တော်၊တန်​ခိုး​တော်​တို့​ကို​ခံ​ယူ​ထိုက် တော်​မူ​ပါ​သည်'' ဟု​မြွက်​ဆို​ကြ​၏။

ဗျာဒိတ် 4:1-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ငါ​ကြည့်​လိုက်​ရာ ကောင်းကင်​၌​ဖွင့်​ထား​သည့်​တံခါး​တစ်​ခု​ရှိ​၏။ ထိုအခါ ပထမ​ဦးစွာ ငါ့​အား​မိန့်​တော်မူ​သည်​ကို ငါ​ကြား​ရ​သည့်​တံပိုးခရာသံ​ကဲ့သို့​သော​အသံ​က“ဤ​အရပ်​သို့​တက်​လာ​လော့။ ဤ​အဖြစ်အပျက်​များ​နောက်တွင် ဖြစ်ပျက်​ရ​မည့်​အရာ​တို့​ကို သင့်​အား ငါ​ပြ​မည်”​ဟု ဆို​၏။ ငါ​သည် ချက်ချင်း​ပင် ဝိညာဉ်​တော်​၌​ရှိ​လေ​ရာ ကြည့်​လော့။ ကောင်းကင်​၌​ပလ္လင်​တော်​တစ်​ခု​တည်ရှိ​၍ ထို​ပလ္လင်​တော်​ပေါ်တွင် ထိုင်​နေ​သော​အရှင်​တစ်​ပါး​ရှိ​၏။ ထိုင်​နေ​တော်မူ​သော​ထို​အရှင်​သည် နဂါးသွဲ့​နှင့်​ပတ္တမြား​ကျောက်​ကဲ့သို့သော​အဆင်းအရောင်​ရှိ​၍ ပလ္လင်​တော်​ပတ်လည်​တွင် မြ​ကဲ့သို့သော​အဆင်းအရောင်​ရှိ​သည့် သက်တံ​ရှိ​၏။ ပလ္လင်​တော်​၏​ပတ်ဝန်းကျင်​၌​ကား အခြား​သော​ပလ္လင်​နှစ်ဆယ့်​လေး​ခု​ရှိ​၍ ထို​ပလ္လင်​များ​ပေါ်တွင် ဖြူ​သော​ဝတ်ရုံ​ကို​ဝတ်ဆင်​လျက် ဦးခေါင်း​ပေါ်၌ ရွှေ​သရဖူ​ကို​ဆောင်း​ထား​သည့် သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် ထိုင်​နေ​ကြ​၏။ ပလ္လင်​တော်​အထဲမှ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း​နှင့် မိုးချုန်း​ခြင်း​များ​ဖြစ်ပေါ်​လေ​၏။ ဘုရားသခင်​၏​ဝိညာဉ်​ခုနစ်​ပါး​ဖြစ်​သော မီးခွက်​ခုနစ်​လုံး​သည်​လည်း ပလ္လင်​တော်​ရှေ့​၌ တောက်လောင်​လျက်​ရှိ​၏။ ထို့ပြင် ပလ္လင်​တော်​ရှေ့​၌ ကျောက်​သလင်း​နှင့်​တူ​သည့် ဖန်​ပင်လယ်​ကဲ့သို့သော​အရာ​ရှိ​၏။ ပလ္လင်​တော်​၏​အလယ်​နှင့် ပလ္လင်​တော်​ပတ်လည်​၌​ကား ရှေ့​ဘက်​နှင့်​နောက်​ဘက်​တို့​တွင် မျက်စိ​များ​ဖြင့်​ပြည့်​နေ​သော​သတ္တဝါ​လေး​ပါး​ရှိ​၏။ ပထမ​သတ္တဝါ​သည် ခြင်္သေ့​နှင့်​တူ​၍ ဒုတိယ​သတ္တဝါ​သည် နွားသငယ်​နှင့်​တူ​၏။ တတိယ​သတ္တဝါ​ကား လူ​နှင့်​တူ​သော​မျက်နှာ​ရှိ​၍ စတုတ္ထ​သတ္တဝါ​သည် ပျံသန်း​နေ​သော​လင်းယုန်​နှင့်​တူ​၏။ ထို​သတ္တဝါ​လေး​ပါး​အသီးသီး​တို့​တွင် တောင်ပံ​ခြောက်​ခု​စီ​ရှိ​၍ ပတ်ပတ်လည်​နှင့်​အတွင်း​ဘက်​၌ မျက်စိ​များ​ဖြင့်​ပြည့်​လျက်​ရှိ​ကြ​၏။ သူ​တို့​သည် နေ့​ရော​ည​ပါ ရပ်နား​ခြင်း​မ​ရှိ​ဘဲ “ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်​အခါ​ကြွလာ​မည့် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​သည် သန့်ရှင်း​တော်မူ​၏။ သန့်ရှင်း​တော်မူ​၏။ သန့်ရှင်း​တော်မူ​၏”​ဟု ကြွေးကြော်​နေ​ကြ​၏။ ထိုသို့ ပလ္လင်​တော်​ပေါ်တွင်​ထိုင်​လျက် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​သော​အရှင်​၏​ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ကျေးဇူး​တော်​တို့​ကို သတ္တဝါ​လေး​ပါး​တို့​သည် ချီးမွမ်း​ကြ​သောအခါ သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​၏​ရှေ့​၌ ပျပ်ဝပ်​လျက် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​သော​အရှင်​ကို​ရှိခိုး​ကာ မိမိ​တို့​၏​သရဖူ​များ​ကို ပလ္လင်​တော်​ရှေ့​တွင်​ချ​ထား​ပြီးလျှင် “အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား၊ ကိုယ်တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ကို ဖန်ဆင်း​တော်မူ​သဖြင့် ထို​အရာ​တို့​သည် ကိုယ်တော်​၏​အလို​တော်​အားဖြင့်​ဖြစ်တည်​၍ ဖန်ဆင်း​ခြင်း​ခံရ​ပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​သည် ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် တန်ခိုး​တော်​တို့​ကို ခံယူ​ထိုက်​တော်မူ​၏”​ဟု ဆို​ကြ​၏။