YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 3:7-13

ဗျာဒိတ် 3:7-13 Judson Bible (JBMLE)

ဖိ​လ​ဒေ​လ​ဖိ​မြို့၌​ရှိ​သော အ​သင်း​တော်၏​တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ သန့်​ရှင်း​သော​သူ၊ ဟုတ်​မှန်​သော​သူ၊ ဒါ​ဝိဒ်​မင်း၏​တံ​ခါး​သော့​ကို ကိုင်​သော​သူ၊ အ​ဘယ်​သူ​မျှ မ​ပိတ်​နိုင်​အောင် ဖွင့်၍၊ အ​ဘယ်​သူ​မျှ မ​ဖွင့်​နိုင်​အောင် ပိတ်​သော​သူ၏ အ​မိန့်​တော်​ကား။- သင်၏​အ​ကျင့်​ကို ငါ​သိ၏။ အ​ဘယ်​သူ​မျှ မ​ပိတ်​နိုင်​သော​တံ​ခါး​ကို သင့်​ရှေ့၌​ငါ​ဖွင့်​ထား​ပြီ၊ အ​ကြောင်း​မူ​ကား၊ သင်​သည် အ​နည်း​ငယ်​သော​ခွန်​အား​ရှိ​သည်​နှင့်၊ ငါ၏​နှုတ်​က​ပတ်​ကို စောင့်​ရှောက်​ခဲ့​ပြီ။- ငါ၏​နာ​မ​ကို​လည်း မ​စွန့်​မ​ပယ်။ ယု​ဒ​လူ ဖြစ်​ယောင်​ဆောင်၍ အ​မှန်​မ​ဟုတ်​ဘဲ၊ မု​သား​စ​ကား​ကို ပြော​သော​သူ​တည်း​ဟူ​သော၊ စာ​တန်၏ အ​ပေါင်း​အ​သင်း​ဝင်​သူ အ​ချို့​တို့​ကို သင်၌​ငါ​အပ်​ပေး​မည်။ သူ​တို့​သည်​လာ၍ သင်၏​ခြေ​ရင်း၌ ပျပ်​ဝပ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို​ချစ်​သည်​ဟု သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ပြု​မည်။- သင်​သည် ငါ၏​သည်း​ခံ​ခြင်း​နှင့်​စပ်​ဆိုင်​သော နှုတ်​က​ပတ်​တ​ရား​ကို စောင့်​ရှောက်​သော​ကြောင့်၊ မြေ​ကြီး​အ​ပေါ်၌ နေ​သော​သူ​တို့​ကို စုံ​စမ်း​စေ​ခြင်း​ငှာ၊ လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ်​တို့​ကို နှံ့​ပြား​လ​တ္တံ့​သော စုံ​စမ်း​ရာ ကာ​လ​တွင်၊ သင့်​ကို ငါ​စောင့်​ရှောက်​မည်။- ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ သင်၏ သ​ရ​ဖူ​ကို အ​ဘယ်​သူ​မျှ​မ​ယူ​စေ​ခြင်း​ငှာ၊ ရ​ခဲ့​ပြီး​သော​အ​ရာ​ကို စွဲ​ကိုင်​လော့။- အ​ကြင်​သူ​သည် အောင်​မြင်၏။ ထို​သူ​ကို ငါ​သည် ငါ၏​ဘု​ရား​သ​ခင့်​ဗိ​မာန်​တော်၌ တိုင်​ဖြစ်​စေ​မည်။ နောက်​တစ်​ဖန် သူ​သည် ပြင်​သို့​မ​ရွေ့​ရ။ ငါ၏ ဘု​ရား​သ​ခင့် နာ​မ​တော်​ကို​လည်း​ကောင်း၊ ငါ၏​ဘု​ရား​သ​ခင့်​အ​ထံ​တော် မှ​ထွက်၍၊ ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သော ယေ​ရှု​ရှ​လင်​မြို့​သစ်​တည်း​ဟူ​သော၊ ငါ၏​ဘု​ရား​သ​ခင့်​မြို့​တော်၏ နာ​မ​ကို​လည်း​ကောင်း၊ ငါ၏ နာ​မ​သစ်​ကို​လည်း​ကောင်း၊ ထို​သူ​အ​ပေါ်၌ ငါ​သည် အ​က္ခ​ရာ​တင်​မည်။- ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။

ဗျာဒိတ် 3:7-13 Common Language Bible (BCL)

``ဖိ​လ​ဒေ​လ​ဖိ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင် တ​မန်​ထံ​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ဤ​သြ​ဝါ​ဒ​သည်​မြင့်​မြတ်​သန့်​ရှင်း​သူ၊ သစ္စာ တော်​အ​ရှင်​၏​အ​ထံ​မှ​ဖြစ်​၏။ ကိုယ်​တော်​သည် ဒါဝိဒ်​မင်း​၏​တံ​ခါး​သော့​ကို​ပိုင်​တော်​မူ​၏။ ထို တံ​ခါး​ကို​ကိုယ်​တော်​ဖွင့်​တော်​မူ​လျှင်​အ​ဘယ် သူ​မျှ​မ​ပိတ်​နိုင်​ရာ။ ပိတ်​တော်​မူ​လျှင်​လည်း အ​ဘယ်​သူ​မျှ​မ​ဖွင့်​နိုင်​ရာ။- သင်​ပြု​သည့်​အ​မှု​ကို​ငါ​သိ​၏။ သင်​သည် ခွန်​အား​စွမ်း​ရည်​အ​နည်း​ငယ်​သာ​ရှိ​သော် လည်း ငါ့​သြ​ဝါ​ဒ​ကို​လိုက်​နာ​ကာ​ငါ​၏ သစ္စာ​ကို​စောင့်​ခဲ့​ကြောင်း​ငါ​သိ​၏။ သင်​၏ ရှေ့​၌​တံ​ခါး​ကို​ငါ​ဖွင့်​ထား​ပြီ။ ထို​တံ​ခါး ကို​အ​ဘယ်​သူ​မျှ​မ​ပိတ်​နိုင်​ရာ။- နား​ထောင်​လော့။ မိ​မိ​တို့​ကိုယ်​ကို​ယု​ဒ​အ​မျိုး သား​များ​ဟု​လိမ်​လည်​ပြော​ဆို​နေ​သူ​စာ​တန် ၏​အ​ဖွဲ့​ဝင်​တို့​အား သင်​၏​ခြေ​ရင်း​သို့​လာ ရောက်​ပျပ်​ဝပ်​စေ​မည်။ သင့်​အား​ငါ​ချစ်​ကြောင်း ကို​သူ​တို့​သိ​ကြ​လိမ့်​မည်။- သင်​သည်​ငါ​မှာ​ကြား​သည့်​အ​တိုင်း​စိတ်​ရှည်​သည်း ခံ​လျက်​နေ​ခဲ့​၏။ သို့​ဖြစ်​၍​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အား​စစ်​ဆေး​ရန် ဆင်း​ရဲ​ဒုက္ခ​ကျ​ရောက်​လာ​ချိန်​၌ သင့်​အား​ငါ​ကာ​ကွယ်​စောင့်​ရှောက်​မည်။- ငါ​သည်​မ​ကြာ​မီ​ကြွ​လာ​မည်။ သင်​၏​ဆု သ​ရ​ဖူ​ကို​အ​ဘယ်​သူ​မျှ​မ​လု​မ​ယူ​နိုင်​စေ​ရန် သင်​ရ​ရှိ​ထား​သော​အ​ရာ​ကို​လုံ​ခြုံ​စွာ​ထိန်း သိမ်း​၍​ထား​လော့။- အောင်​မြင်​သော​သူ​အား​ငါ​၏​ဘု​ရား​သခင်​ဗိ​မာန် တော်​တွင်​မဏ္ဍိုင်​သ​ဖွယ်​ဖြစ်​စေ​မည်။ သူ​သည်​နောင် ဘယ်​အ​ခါ​မျှ​ဗိ​မာန်​တော်​အ​ပြင်​သို့​ရောက်​ရ လိမ့်​မည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ​မှ​ငါ​၏​ဘု​ရား သခင်​ထံ​တော်​မှ​ဆင်း​သက်​လာ​သော​ယေ​ရု​ရှ​လင် မြို့​သစ်​တည်း​ဟူ​သော ငါ​၏​ဘု​ရား​သ​ခင်​မြို့ တော်​အ​မည်​ကို​လည်း​ကောင်း၊ ငါ​၏​ဘု​ရား သ​ခင်​နာ​မ​တော်​ကို​လည်း​ကောင်း​သူ​၏​ပေါ် မှာ​ကမ္ပည်း​ရေး​ထိုး​မည်။ သူ့​အ​ပေါ်​မှာ​ငါ​၏ နာ​မ​တော်​သစ်​ကို​လည်း​ရေး​ထိုး​မည်။ ``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော် မူ​သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား ရှိ​သူ​တို့​ကြား​ပါ​စေ။

ဗျာဒိတ် 3:7-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဖိလဒေလဖိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ သန့်ရှင်း​သော​သူ၊ ဖြောင့်မှန်​သော​သူ၊ ဒါဝိဒ်​၏​သော့​ကို​ကိုင်​ထား​သော​သူ၊ မည်သူမျှ​မ​ပိတ်​နိုင်​အောင်​ဖွင့်​သော​သူ၊ မည်သူမျှ​မ​ဖွင့်​နိုင်​အောင်​ပိတ်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။ သင်​၏​လုပ်ဆောင်​မှု​များ​ကို ငါ​သိ​၏။ ကြည့်ရှု​လော့။ မည်သူမျှ​မ​ပိတ်​နိုင်​သော​တံခါး​ကို သင်​၏​ရှေ့​၌ ငါ​ဖွင့်​ထား​ပြီ။ အကြောင်းမူကား သင်​သည် ခွန်အား​အနည်းငယ်​သာ​ရှိ​သော်လည်း ငါ​၏​နှုတ်ကပတ်တရား​ကို​လိုက်နာ​စောင့်ထိန်း​၍ ငါ​၏​နာမ​ကို​မ​ငြင်းပယ်​ခဲ့​ချေ။ ကြည့်ရှု​လော့။ မိမိတို့ကိုယ်ကို ဂျူး​လူမျိုး​ဖြစ်​သည်​ဟု​ဆို​ကြ​သော်လည်း ဂျူး​လူမျိုး​မ​ဟုတ်​ဘဲ စာတန်​၏​အသင်းဝင်​များ​ဖြစ်​ကြ​သည့် လိမ်လည်​ပြောဆို​သော​သူ​တို့​ကို သင်​၏​ခြေရင်း​၌ လာ​၍​ရှိခိုး​စေ​ကာ ငါ​သည် သင်​တို့​ကို​ချစ်​ကြောင်း သူ​တို့​အား​သိ​စေ​မည်။ သင်​သည် သည်းခံ​ခြင်း​နှင့်ဆိုင်သော ငါ​၏​နှုတ်ကပတ်တရား​ကို လိုက်နာ​စောင့်ထိန်း​သောကြောင့် ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​ကြ​သော​သူ​တို့​ကို စမ်းသပ်​စစ်ဆေး​ရန်​အတွက် ကမ္ဘာ​တစ်ခုလုံး​အပေါ်သို့ သက်ရောက်​လာ​တော့မည့် စမ်းသပ်​စစ်ဆေး​ရာ​ကာလ​တွင် ငါ​သည်​လည်း သင့်​ကို​စောင့်ရှောက်​မည်။ ငါ​သည် အလျင်အမြန်​လာ​မည်။ သင်​၏​သရဖူ​ကို မည်သူမျှ​မ​လုယူ​စေရန် သင်​၌​ရှိ​သော​အရာ​ကို စွဲကိုင်​ထား​လော့။ ငါ​သည် အောင်မြင်​သော​သူ​အား ငါ့​ဘုရားသခင်​၏​ဗိမာန်​တော်​၌ တိုင်​ဖြစ်​စေ​မည်။ သူ​သည် မည်သည့်​အခါ​မျှ အပြင်​သို့​ထွက်ခွာ​သွား​ရ​တော့​မည်​မ​ဟုတ်။ ငါ​သည် ငါ့​ဘုရားသခင်​၏​နာမ​တော်​ကို​လည်းကောင်း၊ ငါ့​ဘုရားသခင်​၏​မြို့​တော်​တည်းဟူသော ဘုရားသခင်​အထံ​တော်​ကောင်းကင်​မှ​ဆင်းသက်​လာ​သည့် ဂျေရုဆလင်​မြို့​သစ်​၏​နာမ​ကို​လည်းကောင်း၊ ငါ​၏​နာမ​အသစ်​ကို​လည်းကောင်း သူ့​အပေါ်၌​ရေး​ထား​မည်။ ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။