YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 3:7-13

ဗျာဒိတ်ကျမ်း 3:7-13 MSBU

ဖိလဒေလဖိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ သန့်ရှင်း​သော​သူ၊ ဖြောင့်မှန်​သော​သူ၊ ဒါဝိဒ်​၏​သော့​ကို​ကိုင်​ထား​သော​သူ၊ မည်သူမျှ​မ​ပိတ်​နိုင်​အောင်​ဖွင့်​သော​သူ၊ မည်သူမျှ​မ​ဖွင့်​နိုင်​အောင်​ပိတ်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။ သင်​၏​လုပ်ဆောင်​မှု​များ​ကို ငါ​သိ​၏။ ကြည့်ရှု​လော့။ မည်သူမျှ​မ​ပိတ်​နိုင်​သော​တံခါး​ကို သင်​၏​ရှေ့​၌ ငါ​ဖွင့်​ထား​ပြီ။ အကြောင်းမူကား သင်​သည် ခွန်အား​အနည်းငယ်​သာ​ရှိ​သော်လည်း ငါ​၏​နှုတ်ကပတ်တရား​ကို​လိုက်နာ​စောင့်ထိန်း​၍ ငါ​၏​နာမ​ကို​မ​ငြင်းပယ်​ခဲ့​ချေ။ ကြည့်ရှု​လော့။ မိမိတို့ကိုယ်ကို ဂျူး​လူမျိုး​ဖြစ်​သည်​ဟု​ဆို​ကြ​သော်လည်း ဂျူး​လူမျိုး​မ​ဟုတ်​ဘဲ စာတန်​၏​အသင်းဝင်​များ​ဖြစ်​ကြ​သည့် လိမ်လည်​ပြောဆို​သော​သူ​တို့​ကို သင်​၏​ခြေရင်း​၌ လာ​၍​ရှိခိုး​စေ​ကာ ငါ​သည် သင်​တို့​ကို​ချစ်​ကြောင်း သူ​တို့​အား​သိ​စေ​မည်။ သင်​သည် သည်းခံ​ခြင်း​နှင့်ဆိုင်သော ငါ​၏​နှုတ်ကပတ်တရား​ကို လိုက်နာ​စောင့်ထိန်း​သောကြောင့် ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​ကြ​သော​သူ​တို့​ကို စမ်းသပ်​စစ်ဆေး​ရန်​အတွက် ကမ္ဘာ​တစ်ခုလုံး​အပေါ်သို့ သက်ရောက်​လာ​တော့မည့် စမ်းသပ်​စစ်ဆေး​ရာ​ကာလ​တွင် ငါ​သည်​လည်း သင့်​ကို​စောင့်ရှောက်​မည်။ ငါ​သည် အလျင်အမြန်​လာ​မည်။ သင်​၏​သရဖူ​ကို မည်သူမျှ​မ​လုယူ​စေရန် သင်​၌​ရှိ​သော​အရာ​ကို စွဲကိုင်​ထား​လော့။ ငါ​သည် အောင်မြင်​သော​သူ​အား ငါ့​ဘုရားသခင်​၏​ဗိမာန်​တော်​၌ တိုင်​ဖြစ်​စေ​မည်။ သူ​သည် မည်သည့်​အခါ​မျှ အပြင်​သို့​ထွက်ခွာ​သွား​ရ​တော့​မည်​မ​ဟုတ်။ ငါ​သည် ငါ့​ဘုရားသခင်​၏​နာမ​တော်​ကို​လည်းကောင်း၊ ငါ့​ဘုရားသခင်​၏​မြို့​တော်​တည်းဟူသော ဘုရားသခင်​အထံ​တော်​ကောင်းကင်​မှ​ဆင်းသက်​လာ​သည့် ဂျေရုဆလင်​မြို့​သစ်​၏​နာမ​ကို​လည်းကောင်း၊ ငါ​၏​နာမ​အသစ်​ကို​လည်းကောင်း သူ့​အပေါ်၌​ရေး​ထား​မည်။ ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။