YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 22:3-6

ဗျာဒိတ် 22:3-6 Judson Bible (JBMLE)

နောက်​တစ်​ဖန် ကျိန်​ခြင်း​ဘေး တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ ထို​မြို့၌ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်၏ ပ​လ္လင်​တော်​ရှိ၍ ဘု​ရား​သ​ခင်၏ ကျွန်​တို့​သည် ဘု​ရား​ဝတ်​ကို ပြု​ကြ​လိမ့်​မည်။- မျက်​နှာ​တော်​ကို​မြင်​ရ၍ သူ​တို့​န​ဖူး၌​လည်း နာ​မ​တော် ရေး​ထား​လျက်​ရှိ​လိမ့်​မည်။- ထို​မြို့၌ ည​မ​ရှိ​ရ၊ ဆီ​မီး​ကို အ​လို​မ​ရှိ။ နေ၏​အ​ရောင်​ကို​လည်း အ​လို​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည် သူ​တို့၌ ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ၍ သူ​တို့​သည် က​မ္ဘာ​အ​ဆက်​ဆက် စိုး​စံ​ရ ကြ​လ​တ္တံ့။ ကောင်း​ကင်​တ​မန်​က​လည်း၊ ဤ​စ​ကား​သည် သ​စ္စာ​စ​ကား၊ ဟုတ်​မှန်​သော စ​ကား​ဖြစ်၏။ ပ​ရော​ဖက်​တို့၏ ဝိ​ညာဉ်​ကို အ​စိုး​ရ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်၊ ကာ​လ​မ​ကြာ​မ​မြင့်​မီ ဖြစ်​ရ​မည့် အ​မှု​အ​ရာ​များ​ကို မိ​မိ​ကျွန်​တို့​အား ပြ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​တော်​ကို စေ​လွှတ်​တော်​မူ​ပြီ။

ဗျာဒိတ် 22:3-6 Common Language Bible (BCL)

ဘု​ရား​သ​ခင်​၏​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​သည့်​အ​ရာ တစ်​စုံ​တစ်​ရာ​မျှ ထို​မြို့​တွင်​ရှိ​လိမ့်​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​နှင့်​သိုး​သူ​ငယ်​တော်​၏​ပလ္လင်​တော် သည် ထို​မြို့​တွင်​ရှိ​၍​ကိုယ်​တော်​၏​အ​စေ​ခံ​တို့ သည်​ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လိမ့် မည်။- သူ​တို့​သည်​ကိုယ်​တော်​၏​မျက်​နှာ​တော်​ကို​ဖူး မြင်​ရ​ကြ​လိမ့်​မည်။ နာ​မ​တော်​ကို​သူ​တို့​၏ န​ဖူး​တွင်​ရေး​ထား​လျက်​ရှိ​လိမ့်​မည်။- ထို​မြို့​တွင်​ည​ရှိ​တော့​မည်​မ​ဟုတ်။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​လင်း​ကို​ပေး​တော် မူ​မည်​ဖြစ်​၍၊ သူ​တို့​သည်​ဆီ​မီး​၏​အ​ရောင်၊ နေ​၏ အ​လင်း​ရောင်​ကို​လို​ကြ​တော့​မည်​မ​ဟုတ်။ သူ​တို့ သည်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ထာ​ဝ​စဉ်​စိုး​စံ​ရ​ကြ လတ္တံ့။ ထို​နောက်​ကောင်း​ကင်​တ​မန်​က​ငါ့​အား``ဤ​စ​ကား သည်​သစ္စာ​စ​ကား၊ ဟုတ်​မှန်​သော​စ​ကား​ဖြစ်​၏။ ပ​ရော​ဖက်​တို့​အား​ဝိညာဉ်​တော်​နှင့်​ပြည့်​ဝ​စေ တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မ​ကြာ​မီ​ဖြစ်​ပျက်​ရ​မည့်​အ​မှု​အ​ရာ​များ​ကို မိ​မိ​၏​အ​စေ​ခံ​တို့​အား​ဖော်​ပြ​ရန်​ကောင်း​ကင် တ​မန်​ကို​စေ​လွှတ်​တော်​မူ​ပြီ'' ဟု​ပြော​၏။

ဗျာဒိတ် 22:3-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကျိန်​ခြင်း​ခံရ​သော​အရာ​တစ်စုံတစ်ခုမျှ ရှိ​တော့မည်​မ​ဟုတ်။ ဘုရားသခင်​နှင့်​သိုးသငယ်​တော်​၏​ပလ္လင်​တော်​သည် ထို​မြို့​တွင်​ရှိ​၍ ကိုယ်တော်​၏​အစေအပါး​တို့​သည် ကိုယ်တော်​ကို​ဝတ်ပြု​ကြ​လိမ့်မည်။ သူ​တို့​သည် ကိုယ်တော်​၏​မျက်နှာ​ကို​ဖူးမြင်​ရ​ကြ​လိမ့်မည်။ ကိုယ်တော်​၏​နာမ​တော်​သည်​လည်း သူ​တို့​၏​နဖူး​ပေါ်၌​ရှိ​လိမ့်မည်။ ည​သည် ရှိ​တော့မည်​မ​ဟုတ်။ ထာဝရ​အရှင်​ဘုရားသခင်​သည် သူ​တို့​အပေါ်​ထွန်းလင်း​တော်မူ​သည်​ဖြစ်၍ ဆီမီး​၏​အလင်း​နှင့်​နေ​၏​အလင်း​တို့ မ​လိုအပ်​တော့​ပေ။ သူ​တို့​သည် ကမ္ဘာ​အဆက်ဆက်​စိုးစံ​ကြ​လိမ့်မည်။ ထို့နောက် ကောင်းကင်​တမန်​က “ဤ​စကား​တို့​သည် သစ္စာ​စကား၊ မှန်ကန်​သော​စကား​ဖြစ်​ကြ​၏။ ပရောဖက်​တို့​၏​ဝိညာဉ်​များ​ကို​ပိုင်သ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​သည် မကြာမီ​အတွင်း​ဖြစ်ပျက်​ရ​မည့်​အရာ​များ​ကို မိမိ​အစေအပါး​တို့​အား​ပြသ​ရန် မိမိ​၏​ကောင်းကင်​တမန်​ကို စေလွှတ်​တော်မူ​၏”​ဟု မြွက်ဆို​လေ​၏။