YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 22

22
အ​သက်​ရေ​စီး​ရာ​မြစ်
1တစ်​ဖန်၊ ကျောက်​သ​လင်း​ကဲ့​သို့ ကြည်​လင်၍၊ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်၏ ပ​လ္လင်​တော်​ထဲ​က ထွက်​သော၊ အ​သက်​ရေ​စီး​ရာ​မြစ်​ကို ကောင်း​ကင်​တ​မန်​သည် ငါ့​အား​ပြ​လေ၏။-#ယေ​ဇ၊ ၄၇:၁။ ဇာ၊ ၁၄:၈။ 2မြို့​လမ်း​မ​အ​လယ်၌​လည်း​ကောင်း၊ ထို​မြစ်​နှစ်​ဖက်၌​လည်း​ကောင်း၊ အ​သက်​ပင်​ရှိ၏။ ထို​အ​သက်​ပင်​သည် အ​သီး​တစ်​ဆယ်​နှစ်​မျိုး​ကို သီး​တတ်၏။ မိ​မိ​အ​သီး​ကို​လည်း လ​တိုင်း​ပေး​တတ်၏။ အ​ရွက်​သည်​လည်း လူ​အ​မျိုး​မျိုး​တို့၏ အ​နာ​ရော​ဂါ​ငြိမ်း​စ​ရာ​ဖို့ ဖြစ်၏။-#က၊ ၂:၉။ ယေ​ဇ၊ ၄၇:၁၂။ 3နောက်​တစ်​ဖန် ကျိန်​ခြင်း​ဘေး တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ ထို​မြို့၌ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်၏ ပ​လ္လင်​တော်​ရှိ၍ ဘု​ရား​သ​ခင်၏ ကျွန်​တို့​သည် ဘု​ရား​ဝတ်​ကို ပြု​ကြ​လိမ့်​မည်။-#ဇာ၊ ၁၄:၁၁။ 4မျက်​နှာ​တော်​ကို​မြင်​ရ၍ သူ​တို့​န​ဖူး၌​လည်း နာ​မ​တော် ရေး​ထား​လျက်​ရှိ​လိမ့်​မည်။- 5ထို​မြို့၌ ည​မ​ရှိ​ရ၊ ဆီ​မီး​ကို အ​လို​မ​ရှိ။ နေ၏​အ​ရောင်​ကို​လည်း အ​လို​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည် သူ​တို့၌ ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ၍ သူ​တို့​သည် က​မ္ဘာ​အ​ဆက်​ဆက် စိုး​စံ​ရ ကြ​လ​တ္တံ့။#ဟေ​ရှာ၊ ၆၀:၁၉။ ဒံ၊ ၇:၁၈။
6ကောင်း​ကင်​တ​မန်​က​လည်း၊ ဤ​စ​ကား​သည် သ​စ္စာ​စ​ကား၊ ဟုတ်​မှန်​သော စ​ကား​ဖြစ်၏။ ပ​ရော​ဖက်​တို့၏ ဝိ​ညာဉ်​ကို အ​စိုး​ရ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်၊ ကာ​လ​မ​ကြာ​မ​မြင့်​မီ ဖြစ်​ရ​မည့် အ​မှု​အ​ရာ​များ​ကို မိ​မိ​ကျွန်​တို့​အား ပြ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​တော်​ကို စေ​လွှတ်​တော်​မူ​ပြီ။- 7ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ ဤ​စာ​စောင်၏ အ​နာ​ဂ​တ္တိ​စ​ကား​ကို စောင့်​ရှောက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြော​ဆို၏။- 8ငါ​ယော​ဟန်​သည် ဤ​အ​ရာ​များ​ကို ကြား​မြင်၏။ ကြား​မြင်​ပြီး​လျှင်၊ ထို​အ​ရာ​များ​ကို ပြ​သော ကောင်း​ကင်​တ​မန်၏ ခြေ​ရင်း၌ ကိုး​ကွယ်​အံ့​သော​ငှာ ပျပ်​ဝပ်၏။- 9သူ​က​လည်း၊ မ​ပြု​ပါ​နှင့်။ ငါ​ကား၊ သင်၏ လုပ်​ဖော်​ဆောင်​ဖက်​ဖြစ်၏။ သင်၏​အစ်​ကို ပ​ရော​ဖက်​တို့​နှင့် ဤ​စာ​စောင်၏​စ​ကား​ကို စောင့်​ရှောက်​သော​သူ​တို့၏ လုပ်​ဘော်​ဆောင်​ဘက်​လည်း ဖြစ်၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လော့​ဟု ပြော​ဆို၏။
10တစ်​ဖန်​တုံ၊ ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ ဤ​စာ​စောင်၏ အ​နာ​ဂ​တ္တိ​စ​ကား​ကို တံ​ဆိပ်​မ​ခတ်​နှင့်။ အ​ကြောင်း​မူ​ကား၊ ကာ​လ​အ​ချိန် ရောက်​လု​နီး​ပြီ။- 11မ​တ​ရား​သော​သူ​သည် မ​တ​ရား​သ​ဖြင့် ပြု​စေ​ဦး။ ညစ်​ညူး​သော​သူ​သည် ညစ်​ညူး​စေ​ဦး။ ဖြောင့်​မတ် သော​သူ​သည် ဖြောင့်​မတ်​စေ​ဦး။ သန့်​ရှင်း​သော​သူ​သည် သန့်​ရှင်း​စေ​ဦး။-#ဒံ၊ ၁၂:၁၀။ 12ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ ငါ​သည် အ​ကျိုး​အ​ပြစ်​ကို ဆောင်​ခဲ့​သည်​ဖြစ်၍၊ လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့​အ​ကျင့်​အ​တိုင်း ဆပ်​ပေး​မည်။-#ဟေ​ရှာ၊ ၄၀:၁၀၊ ၆၂:၁၁။ ဆာ၊ ၂၈:၄။ ယေ၊ ၁၇:၁၀။ 13ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း​ဖြစ်၏။ အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။ အ​စ​နှင့်​အ​ဆုံး​လည်း ဖြစ်၏။-#ဗျာ၊ ၁:၈၊ ၁၇၊ ၂:၈။ ဟေ​ရှာ၊ ၄၄:၆၊ ၄၈:၁၂။ 14အ​သက်​ပင်​နှင့်​ဆိုင်၍၊ မြို့​တံ​ခါး​အ​တွင်း​သို့ ဝင်​အံ့​သော​ငှာ ပ​ညတ်​တော်​တို့​ကို ကျင့်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။- 15ပြင်၌​ကား၊ ခွေး​ဖြစ်​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ ရုပ်​ထု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​ခြင်း​ကို​နှစ်​သက်၍ ပြု​သော​သူ​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။- 16ငါ​ယေ​ရှု​သည် အ​သင်း​တော်​တို့​အ​ဖို့ ဤ​အ​ရာ​များ​ကို သင်​တို့​အား​သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ ငါ၏​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၏။ ငါ​သည်​ကား၊ ဒါ​ဝိဒ်၏​အ​မြစ်​ဖြစ်၏။ အ​နွယ်​လည်း​ဖြစ်၏။ ထွန်း​တောက်​သော မိုး​သောက်​ကြယ်​လည်း​ဖြစ်၏။-#ဟေ​ရှာ၊ ၁၁:၁၊ ၁၀။ 17ဝိ​ညာဉ်​တော်​နှင့် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​က လာ​ခဲ့​ပါ​ဟု ဆို​ကြ၏။ ကြား​သော​သူ​က​လည်း၊ လာ​ခဲ့​ပါ​ဟု​ဆို​ပါ​စေ၊ ရေ​ငတ်​သော​သူ​သည် လာ​ပါ​စေ။ အ​လို​ရှိ​သော​သူ​သည် အ​ဖိုး​ကို​မ​ပေး​ဘဲ အ​သက်​ရေ​ကို ယူ​ပါ​စေ။-#ဟေ​ရှာ၊ ၅၅:၁။
18ဤ​စာ​စောင်၏​အ​နာ​ဂ​တ္တိ​စ​ကား​ကို ကြား​သော​သူ​အ​ပေါင်း​တို့​အား ငါ​သက်​သေ​ခံ​သည်​ကား၊ အ​ကြင်​သူ​သည် ဤ​အ​ရာ​တို့၌​ထပ်၍ အ​သစ်​သွင်း၏။ ဤ​စာ​စောင်၌​ရေး​ထား​သော​ဘေး​ဒဏ်​တို့​ကို ထို​သူ​အ​ပေါ်​သို့ ဘု​ရား​သ​ခင်​သက်​ရောက်​စေ​တော်​မူ​မည်။-#တ​ရား၊ ၄:၂။ ၁၂:၃၂။ 19အ​ကြင်​သူ​သည် ဤ​စာ​စောင်၏​အ​နာ​ဂ​တ္တိ​စ​ကား အ​ချို့​ကို​နုတ်​ပယ်၏။ ဤ​စာ​စောင်၌​ရေး​ထား​သော အ​သက်​ပင်​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​မြို့​တော်​နှင့်​လည်း​ကောင်း၊ ထို​သူ​စပ်​ဆိုင်​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင်​နုတ်​ပယ်​တော်​မူ​မည်။- 20-21ငါ​သည် အ​လျင်​အ​မြန်​လာ​မည်​မှန်​ပေ၏​ဟု၊ ဤ​အ​ရာ​များ​ကို သက်​သေ​ခံ​သော​သူ​မိန့်​တော်​မူ၏ အာ​မင်။ သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ပါ။ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သန့်​ရှင်း​သူ​အ​ပေါင်း​တို့၌ ရှိ​စေ​သ​တည်း။
ဓ​မ္မ​သစ်​ကျမ်း​တို့​တွင် နောက်​ဆုံး​ကျမ်း​တည်း​ဟူ​သော ရှင်​ယော​ဟန် စီ​ရင်​ရေး​ထား​သော​ဗျာ​ဒိတ်​ကျမ်း​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ် 22: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။