YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 2:12-17

ဗျာဒိတ် 2:12-17 Judson Bible (JBMLE)

ပေ​ရ​ဂံ​မြို့၌​ရှိ​သော အ​သင်း​တော်၏ တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ ထက်​သော​သန်​လျက်​ရှိ​သော သူ၏ အ​မိန့်​တော်​ကား၊- သင်​အ​ကျင့်​ကျင့်​ခြင်း​ကို​လည်း​ကောင်း၊ စာ​တန်၏ ရာ​ဇ​ပ​လ္လင်​ရှိ​ရာ အ​ရပ်​တည်း​ဟူ​သော သင်၏​နေ​ရာ​အ​ရပ်​ကို​လည်း​ကောင်း ငါ​သိ၏။ စာ​တန်၏ နေ​ရာ​အ​ရပ်၌ သင်​တို့​တွင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော အ​န္တိ​ပ​သည် သ​စ္စာ​ရှိ၍ ငါ့​ဘက်၌​သက်​သေ​ခံ​ရ​သော နေ့​ရက်​ကာ​လ​တွင်​ပင်၊ သင်​သည် ငါ၏​နာ​မ​ကို စွဲ​ကိုင်၏။ ငါ၏​ယုံ​ကြည်​ခြင်း​တ​ရား​ကို မ​စွန့်​မ​ပယ်။- သို့​သော်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရုပ်​တု​ရှေ့​မှာ ပူ​ဇော်​သော​ယဇ်​ကောင်​ကို စား​စေ​ခြင်း​ငှာ လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထိ​မိ၍ လဲ​စ​ရာ​အ​ရာ​ကို သူ​တို့​ရှေ့၌ ချ​ထား​မည်​အ​ကြောင်း၊ ဗာ​လက်​မင်း​ကို အ​ကြံ​ပေး​သော​သူ​တည်း​ဟူ​သော ဗာ​လမ်၏​အ​ယူ​ကို စွဲ​လမ်း​သော​သူ​တို့​သည် သင်၏​နေ​ရာ၌​ရှိ​ကြ​သည်​ဖြစ်၍၊ သင်၌ အ​နည်း​ငယ်​သော​အ​ပြစ်​တင်​စ​ရာ ရှိ၏။- ထို​အ​ယူ​နှင့်​သ​ဘော​တူ​သော နိ​ကော​လ​တ​ပည့်​တို့၏ အ​ယူ​ကို စွဲ​လမ်း​သော​သူ​တို့​သည် ထို​နည်း​တူ သင်၌​ရှိ​ကြ၏။- ထို​ကြောင့် နောင်​တ​ရ​လော့။ မ​ရ​လျှင် သင်​ရှိ​ရာ​သို့​ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ ထို​သူ​တို့​ကို ငါ့​ခံ​တွင်း၏​သန်​လျက်​နှင့် စစ်​တိုက်​မည်။- ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ဝှက်​ထား​သော မ​န္န​ကို​လည်း​ကောင်း၊ ကျောက်​ဖြူ​လက်​ဖွဲ့​ကို​လည်း​ကောင်း၊ ထို​ကျောက်​ပေါ်၌ အ​က္ခ​ရာ​တင်​သော နာ​မ​သစ်​ကို​လည်း​ကောင်း ထို​သူ​အား ငါ​ပေး​မည်။ ထို​ကျောက်​ကို ရ​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ထို​နာ​မ​ကို မ​သိ​နိုင်​ရာ။

ဗျာဒိတ် 2:12-17 Common Language Bible (BCL)

``ပေ​ရ​ဂံ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ဤ​သြ​ဝါ​ဒ​သည်​ထက်​မြက်​သော​သန်​လျက် ဆောင်​ထား​သူ​၏​ထံ​မှ​ဖြစ်​၏။- အ​ဘယ်​အ​ရပ်​တွင်​သင်​နေ​ထိုင်​သည်​ကို​ငါ​သိ ၏။ သင်​သည်​စာ​တန်​၏​ပလ္လင်​ရှိ​ရာ​အ​ရပ်​တွင်​နေ ထိုင်​၏။ ငါ​၏​ဘက်​မှာ​သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​သူ အန္တိပ​သည် စာ​တန်​နေ​ထိုင်​ရာ​တွင်​အ​သတ်​ခံ​ရ ချိန်​၌​ပင် သင်​သည်​ငါ​၏​သစ္စာ​ကို​စောင့်​၍ ငါ့​ကို ယုံ​ကြည်​ကိုး​စား​မှု​မ​စွန့်။- သို့​ရာ​တွင်​သင်​တို့​အ​ထဲ​တွင်​ဗာ​လမ်​၏​အ​ယူ ဝါ​ဒ​ကို​လိုက်​လျှောက်​သူ​များ​ရှိ​နေ​သ​ဖြင့် သင့်​အား​အ​ပြစ်​ဆို​စ​ရာ​အ​နည်း​ငယ်​ရှိ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရုပ်​တု​ပူ​ဇော် ရာ​အ​စား​အ​စာ​များ​ကို​စား​ကြ​စေ​ရန်​နှင့် ကာ​မ​ဂုဏ်​ကို​လိုက်​စား​ကြ​စေ​ရန်​ဗာ​လမ်​က ဗာ​လက်​မင်း​အား​သင်​ကြား​ပေး​၏။- ထို​နည်း​တူ​စွာ​သင်​တို့​အ​ထဲ​တွင်​လည်း​နိ ကော​လ​၏​တ​ပည့်​များ သင်​ကြား​ပို့​ချ​သည့် အ​ယူ​ဝါ​ဒ​များ​ကို​လိုက်​လျှောက်​နေ​သူ​များ ရှိ​ပေ​သည်။- ထို့​ကြောင့်​နောင်​တ​ရ​လော့။ နောင်​တ​မ​ရ​ပါ​မူ မ​ကြာ​မီ ငါ​လာ​၍​ထို​သူ​တို့​အား​ငါ​၏​ခံ တွင်း​မှ​ထွက်​သော​သန်​လျက်​နှင့်​တိုက်​ခိုက်​မည်။ ``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ပါ​စေ။ အောင်​မြင်​သော​သူ​အား​ဝှက်​ထား​သော​မန္န​မုန့် ကို​ငါ​ပေး​မည်။ ကျောက်​စ​ရစ်​ဖြူ​ကို​လည်း ငါ​ပေး​မည်။ ထို​ကျောက်​ဖြူ​ပေါ်​တွင်​အက္ခ​ရာ တင်​ထား​သည့်​နာ​မည်​သစ်​ကို​အ​ဘယ်​သူ မျှ​မ​သိ​နိုင်​ရာ။ ထို​ကျောက်​ကို​ခံ​ယူ​ရ​ရှိ သူ​သာ​လျှင်​သိ​ရှိ​နိုင်​ပေ​သည်။

ဗျာဒိတ် 2:12-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပေရဂံ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အသွား​နှစ်ဖက်​ပါ​သည့် ထက်​သော​သန်လျက်​ရှိ​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။ သင်​သည် မည်သည့်​အရပ်​၌​နေထိုင်​သည်​ကို ငါ​သိ​၏။ ထို​အရပ်​၌ စာတန်​၏​ပလ္လင်​ရှိ​၏။ ငါ​၌​သစ္စာ​ရှိ​သော ငါ​၏​သက်သေ​အန္တိပ​သည် စာတန်​နေထိုင်​ရာ​အရပ်​ဖြစ်​သော​သင်​တို့​ထံ၌ အသတ်​ခံရ​သည့်​အချိန်​၌​ပင် သင်​သည် ငါ​၏​နာမ​ကို​စွဲကိုင်​လျက် ငါ့​အပေါ်​ထား​သော​ယုံကြည်​ခြင်း​ကို မ​စွန့်ပယ်​ခဲ့​ချေ။ သို့သော် သင့်​အား ငါ​အပြစ်​ဆို​စရာ​အနည်းငယ်​ရှိ​၏။ အကြောင်းမူကား သင့်​ထံ​၌ ဗာလမ်​၏​အယူဝါဒ​ကို ခံယူ​ကျင့်သုံး​သော​သူ​များ​ရှိ​၏။ အစ္စရေး​အမျိုးသား​တို့​သည် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​ကို​စား​ကြ​ရန်​လည်းကောင်း၊ တရားနှင့်မညီ​မေထုန်​ပြု​ကြ​ရန်​လည်းကောင်း သူ​တို့​ရှေ့​၌​မှားယွင်း​စေ​သော​အရာ​ကို​ချထား​မည့်​အကြောင်း ဗာလမ်​သည် ဗာလက်​မင်း​အား သင်ပေး​၏။ ထိုနည်းတူ သင်​တို့​၌ နိကောလ​ဂိုဏ်းဝင်​များ​၏​အယူဝါဒ​ကို ခံယူ​ကျင့်သုံး​သော​သူ​များ​လည်း​ရှိ​ကြ​၏။ ထို့ကြောင့် နောင်တရ​လော့။ သို့မဟုတ်လျှင် ငါ​သည် သင့်​ထံသို့​အလျင်အမြန်​လာ​၍ ငါ့​ခံတွင်း​မှ​သန်လျက်​ဖြင့် သူ​တို့​ကို​တိုက်ခိုက်​မည်။ ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အား ဝှက်​ထား​သော​မန္န​ကို ငါ​ပေး​မည်။ ဖြူ​သော​ကျောက်​ကို​လည်း ငါ​ပေး​မည်။ ထို​ကျောက်​ပေါ်၌ ၎င်း​ကို​ခံယူ​ရရှိ​သူ​မှတစ်ပါး မည်သူမျှ​မ​သိ​သော နာမည်​အသစ်​ကို​ရေး​ထား​၏။