YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 2:12-17

ဗျာဒိတ်ကျမ်း 2:12-17 MSBU

ပေရဂံ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အသွား​နှစ်ဖက်​ပါ​သည့် ထက်​သော​သန်လျက်​ရှိ​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။ သင်​သည် မည်သည့်​အရပ်​၌​နေထိုင်​သည်​ကို ငါ​သိ​၏။ ထို​အရပ်​၌ စာတန်​၏​ပလ္လင်​ရှိ​၏။ ငါ​၌​သစ္စာ​ရှိ​သော ငါ​၏​သက်သေ​အန္တိပ​သည် စာတန်​နေထိုင်​ရာ​အရပ်​ဖြစ်​သော​သင်​တို့​ထံ၌ အသတ်​ခံရ​သည့်​အချိန်​၌​ပင် သင်​သည် ငါ​၏​နာမ​ကို​စွဲကိုင်​လျက် ငါ့​အပေါ်​ထား​သော​ယုံကြည်​ခြင်း​ကို မ​စွန့်ပယ်​ခဲ့​ချေ။ သို့သော် သင့်​အား ငါ​အပြစ်​ဆို​စရာ​အနည်းငယ်​ရှိ​၏။ အကြောင်းမူကား သင့်​ထံ​၌ ဗာလမ်​၏​အယူဝါဒ​ကို ခံယူ​ကျင့်သုံး​သော​သူ​များ​ရှိ​၏။ အစ္စရေး​အမျိုးသား​တို့​သည် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​ကို​စား​ကြ​ရန်​လည်းကောင်း၊ တရားနှင့်မညီ​မေထုန်​ပြု​ကြ​ရန်​လည်းကောင်း သူ​တို့​ရှေ့​၌​မှားယွင်း​စေ​သော​အရာ​ကို​ချထား​မည့်​အကြောင်း ဗာလမ်​သည် ဗာလက်​မင်း​အား သင်ပေး​၏။ ထိုနည်းတူ သင်​တို့​၌ နိကောလ​ဂိုဏ်းဝင်​များ​၏​အယူဝါဒ​ကို ခံယူ​ကျင့်သုံး​သော​သူ​များ​လည်း​ရှိ​ကြ​၏။ ထို့ကြောင့် နောင်တရ​လော့။ သို့မဟုတ်လျှင် ငါ​သည် သင့်​ထံသို့​အလျင်အမြန်​လာ​၍ ငါ့​ခံတွင်း​မှ​သန်လျက်​ဖြင့် သူ​တို့​ကို​တိုက်ခိုက်​မည်။ ဝိညာဉ်​တော်​က အသင်းတော်​များ​အား မိန့်​တော်မူ​သော​အရာ​ကို နား​ရှိ​သော​သူ​သည် ကြား​ပါစေ။ အောင်မြင်​သော​သူ​အား ဝှက်​ထား​သော​မန္န​ကို ငါ​ပေး​မည်။ ဖြူ​သော​ကျောက်​ကို​လည်း ငါ​ပေး​မည်။ ထို​ကျောက်​ပေါ်၌ ၎င်း​ကို​ခံယူ​ရရှိ​သူ​မှတစ်ပါး မည်သူမျှ​မ​သိ​သော နာမည်​အသစ်​ကို​ရေး​ထား​၏။