YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 14:9-11

ဗျာဒိတ် 14:9-11 Judson Bible (JBMLE)

ထို​မှ​တစ်​ပါး၊ တ​တိ​ယ​ကောင်း​ကင်​တ​မန်​က၊ အ​ကြင်​သူ​သည် သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို ကိုး​ကွယ်၍၊ သူ၏​တံ​ဆိပ်​လက်​မှတ်​ကို န​ဖူး၌ ခံ​သည်​ဖြစ်​စေ၊ လက်၌ ခံ​သည်​ဖြစ်​စေ၊- ထို​သူ​သည် ဘု​ရား​သ​ခင်၏ ဒေါ​သ​ဖ​လား၌ လောင်း​သော အ​မျက်​တော် စ​ပျစ်​ရည်​စစ်​ကို သောက်​ရ​လိမ့်​မည်။ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​တို့​ရှေ့၊ သိုး​သ​ငယ်​ရှေ့​တွင်၊ ကန့်​နှင့်​ရော​သော မီး​ထဲ​မှာ ပြင်း​စွာ​သော ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။- ထို​ညှဉ်း​ဆဲ​ခြင်း၏ မီး​ခိုး​သည် က​မ္ဘာ​အ​ဆက်​ဆက် တက်​လျက်​ရှိ၏။ သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို ကိုး​ကွယ်၍၊ သူ၏ နာ​မ​တံ​ဆိပ်​လက်​မှတ်​ကို ခံ​သော​သူ​တို့​သည် နေ့​ည​မ​ပြတ် သက်​သာ​မ​ရ​ကြ​ဟု၊ လိုက်၍ ကြီး​သော​အ​သံ​နှင့် ပြော​ဆို၏။

ဗျာဒိတ် 14:9-11 Common Language Bible (BCL)

ထို​နောက်​တ​တိ​ယ​ကောင်း​ကင်​တ​မန် ပေါ်​လာ လျက် ``သား​ရဲ​နှင့်​သူ​၏​ရုပ်​တု​ကို​ရှိ​ခိုး​၍ မိ​မိ ၏​န​ဖူး​သို့​မ​ဟုတ်​လက်​တွင် ထို​သား​ရဲ​၏ အ​မှတ်​တံ​ဆိပ်​ကို​ရိုက်​နှိပ်​ထား​သော​သူ​သည်၊- ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ဖ​လား​မှ ပြင်း ထန်​သော​အ​မျက်​တော်​တည်း​ဟူ​သော​စ​ပျစ် ရည်​ကို​သောက်​ရ​လိမ့်​မည်။ မြင့်​မြတ်​သန့်​ရှင်း သော​ကောင်း​ကင်​တ​မန်​များ​နှင့်​သိုး​သူ​ငယ် တော်​၏​ရှေ့​၌ ကန့်​နှင့်​မီး​ထဲ​တွင်​နှိပ်​စက်​ညှဉ်း ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။- ထို​မီး​လျှံ​မှ​မီး​ခိုး​သည် ထာ​ဝ​စဉ်​အ​ထက် သို့​တက်​လျက်​နေ​၏။ သား​ရဲ​နှင့်​သူ​၏​ရုပ်​တု​ကို ရှိ​ခိုး​၍ သား​ရဲ​၏​နာ​မည်​တံ​ဆိပ်​နှိပ်​ခြင်း​ခံ​ရ သူ​အ​ပေါင်း​တို့​သည် နေ့​ရော​ညဥ့်​ပါ​သက်​သာ ရာ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​အ​သံ​ကျယ်​စွာ ကြွေး​ကြော်​လေ​၏။

ဗျာဒိတ် 14:9-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် တတိယ​ကောင်းကင်​တမန်​သည် သူ​တို့​နောက်​မှ​လိုက်​လာ​၍ “သားရဲ​နှင့်​သူ​၏​ရုပ်တု​ကို​ကိုးကွယ်​လျက် မိမိ​နဖူး​ပေါ်တွင်​ဖြစ်စေ၊ မိမိ​လက်​ပေါ်တွင်​ဖြစ်စေ သူ​၏​အမှတ်တံဆိပ်​ကို​ခံယူ​သော​သူ​သည် ဘုရားသခင်​၏​အမျက်​တော်​ခွက်​၌ မည်သည့်​အရာ​မျှ​မရောစပ်​ဘဲ​လောင်းထည့်​သည့် ကိုယ်တော်​၏​ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ကို သောက်​ရ​လိမ့်မည်။ ထို​သူ​သည် သန့်ရှင်း​သော​ကောင်းကင်​တမန်​များ​နှင့် သိုးသငယ်​တော်​၏​ရှေ့မှောက်​တွင် ကန့်​နှင့်​မီး​တို့​ထဲ၌ ညှဉ်းဆဲ​ခြင်း​ကို​ခံရ​လိမ့်မည်။ သူ​တို့​ခံရ​သည့်​ညှဉ်းဆဲ​ခြင်း​၏​မီးခိုး​သည် ကမ္ဘာ​အဆက်ဆက်​တက်​လျက်​နေ​၏။ သားရဲ​နှင့်​သူ​၏​ရုပ်တု​ကို​ကိုးကွယ်​၍ သူ့​အမည်​၏​အမှတ်တံဆိပ်​ကို​ခံယူ​သော​သူ​သည် နေ့​ရော​ည​ပါ သက်သာ​ရာ​ရ​လိမ့်မည်​မ​ဟုတ်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​လေ​၏။