YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 14:14-20

ဗျာဒိတ် 14:14-20 Judson Bible (JBMLE)

တစ်​ဖန် ငါ​ကြည့်​လျှင်၊ ဖြူ​သော​မိုး​တိမ်​ရှိ၏။ လူ​သား​တော်​နှင့် တူ​သော​သူ​သည် ခေါင်း​တော်​ပေါ်၌ ရွှေ​သ​ရ​ဖူ​ကို​ဆောင်း​လျက်၊ ထက်​သော တံ​စဉ်​ကို ကိုင်​လျက်၊ မိုး​တိမ်​ပေါ်​မှာ ထိုင်​တော်​မူ၏။- ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ဗိ​မာန်​တော်​ထဲ​က ထွက်၍၊ ကိုယ်​တော်၏​တံ​စဉ်​ကို​လွှတ်၍ စ​ပါး​ကို ရိတ်​တော်​မူ​ပါ။ ရိတ်​ရ​သော​အ​ချိန် ရောက်​ပါ​ပြီ။ မြေ​ကြီး၌ ရိတ်​စ​ရာ​စ​ပါး မှည့်​ပါ​ပြီ​ဟု မိုး​တိမ်​ပေါ်​မှာ ထိုင်​သော​သူ​ကို ကြီး​သော​အ​သံ​နှင့် ဟစ်​လေ၏။- မိုး​တိမ်​ပေါ်​မှာ ထိုင်​သော​သူ​သည် မိ​မိ​တံ​စဉ်​ကို မြေ​ကြီး၌​သွင်း၍ မြေ​ကြီး၏​စ​ပါး​ကို ရိတ်​တော်​မူ၏။- ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကောင်း​ကင်​ဘုံ၌​ရှိ​သော ဗိ​မာန်​တော်​ထဲ​က ထွက်၍ သူ၌​လည်း ထက်​သော​တံ​စဉ်​ပါ၏။- မီး​ကို​အ​စိုး​ရ​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ယဇ်​ပ​လ္လင်​ထဲ​က​ထွက်၍ ထက်​သော တံ​စဉ်​ပါ​သော သူ​ကို ကြီး​စွာ​သော ကြွေး​ကြော်​ခြင်း​နှင့် ခေါ်​လျက်၊ သင်၏ ထက်​သော​တံ​စဉ်​ကို လွှတ်၍ မြေ​ကြီး၏ စ​ပျစ်​သီး​ပြွတ်​တို့​ကို ရိတ်​လော့။ အ​သီး​မှည့်​ပြီ​ဟု ပြော​ဆို၏။- ကောင်း​ကင်​တ​မန်​သည်​လည်း မိ​မိ​တံ​စဉ်​ကို မြေ​ကြီး၌​သွင်း၍ မြေ​ကြီး၏​စ​ပျစ်​သီး​ကို ရိတ်​ပြီး​မှ၊ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​တည်း​ဟူ​သော နယ်​ရာ​တန်​ဆာ ကြီး​ထဲ​သို့ ချ​လေ၏။- မြို့​ပြင်၌ နယ်​ရာ​တန်​ဆာ​ကို ဖိ​နင်း၍ အ​သွေး​သည် တစ်​ဆယ်​ခြောက်​ယူ​ဇ​နာ​ခ​ရီး တစ်​လျှောက်​လုံး၌ မြင်း​ဇက်​ကြိုး​ကို မီ​သည်​တိုင်​အောင် နယ်​ရာ​တန်​ဆာ​ထဲ​က ထွက်​လေ၏။

ဗျာဒိတ် 14:14-20 Common Language Bible (BCL)

တစ်​ဖန်​ကြည့်​လိုက်​သော​အ​ခါ​မိုး​တိမ်​ဖြူ​တစ်​ခု ကို ငါ​မြင်​ရ​၏။ ထို​မိုး​တိမ်​ပေါ်​တွင်​လူ​နှင့်​တူ​သော သူ​တစ်​ဦး​ထိုင်​၍​နေ​၏။ သူ​၏​ဦး​ခေါင်း​၌​ရွှေ သ​ရ​ဖူ​ကို​ဆောင်း​ထား​၏။ လက်​ထဲ​တွင်​ထက် သော​တံ​စဉ်​ကို​ကိုင်​ထား​၏။- အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ဗိ​မာန် တော်​မှ​ထွက်​လာ​၍ မိုး​တိမ်​ပေါ်​တွင်​ထိုင်​လျက် နေ​သူ​အား``ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​စ​ပါး​များ ကောင်း​စွာ​မှည့်​ပြီ​ဖြစ်​၍​ရိတ်​သိမ်း​ရန်​အ​ချိန် ကျ​ရောက်​လေ​ပြီ။ ထို့​ကြောင့်​ကိုယ်​တော်​၏ တံ​စဉ်​ကို​ယူ​၍​ရိတ်​သိမ်း​တော်​မူ​ပါ'' ဟု အ​သံ​ကျယ်​စွာ​ပြော​ဆို​၏။- သို့​ဖြစ်​၍​မိုး​တိမ်​ပေါ်​တွင်​ထိုင်​နေ​သူ​သည် မိ​မိ ၏​တံ​စဉ်​ကို​ကမ္ဘာ​မြေ​ပေါ်​သို့​ဝှေ့​ယမ်း​ကာ​ကမ္ဘာ မြေ​ကြီး​က​စ​ပါး​များ​ကို​ရိတ်​တော်​မူ​၏။ ထို​နောက်​အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကောင်း​ကင်​ဘုံ​ရှိ​ဗိ​မာန်​တော်​မှ​ထွက်​လာ​၏။ ထို သူ​သည်​လည်း​ထက်​သော​တံ​စဉ်​ကို​ကိုင်​ထား​၏။ ထို​နောက်​မီး​ကို​အ​စိုး​ရ​သော​ကောင်း​ကင်​တ​မန် သည် ယဇ်​ပလ္လင်​တော်​မှ​ထွက်​လာ​၏။ သူ​သည်​တံ​စဉ် ကို​ကိုင်​ထား​သည့်​ကောင်း​ကင်​တ​မန်​အား``သင်​၏ တံ​စဉ်​ကို​ယူ​၍ ကမ္ဘာ​မြေ​ပေါ်​က​စ​ပျစ်​သီး​တို့ ကို​ရိတ်​သိမ်း​လော့။ စ​ပျစ်​သီး​များ​မှည့်​လေ​ပြီ'' ဟု​အ​သံ​ကျယ်​စွာ​ပြော​၏။- သို့​ဖြစ်​၍​ထို​ကောင်း​ကင်​တ​မန်​သည် မိ​မိ​တံ​စဉ် ကို​ယူ​၍​ကမ္ဘာ​မြေ​ပေါ်​က​စ​ပျစ်​သီး​များ​ကို ရိတ်​သိမ်း​လေ​၏။ ထို​နောက်​စ​ပျစ်​သီး​များ​ကို ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​တည်း​ဟူ​သော စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ထဲ​သို့​သွန်​ချ​လိုက် ၏။- စ​ပျစ်​သီး​များ​ကို​မြို့​ပြင်​တွင်​နယ်​၍​စ​ပျစ် သီး​နယ်​ရာ​ကျင်း​မှ​သွေး​ချောင်း​စီး​ထွက်​၍ လာ​၏။ ထို​သွေး​ချောင်း​သည်​အ​လျား​မိုင်​နှစ်​ရာ၊ အ​နက်​ငါး​ပေ​ခန့်​ရှိ​သ​တည်း။

ဗျာဒိတ် 14:14-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ငါ​ကြည့်​လိုက်​ရာ ဖြူ​သော​မိုးတိမ်​ရှိ​၍ ထို​မိုးတိမ်​ပေါ်တွင် ဦးခေါင်း​ပေါ်၌ ရွှေ​သရဖူ​ကို​ဆောင်း​လျက် လက်​၌ ထက်​သော​တံစဉ်​ကို​ကိုင်​ထား​သည့် လူ့သား​နှင့်​တူ​သော​သူ​တစ်​ဦး​ထိုင်​နေ​၏။ ထို့နောက် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ဗိမာန်​တော်​ထဲမှ​ထွက်​လာ​၍ မိုးတိမ်​ပေါ်တွင်​ထိုင်​နေ​သော​သူ​အား “မြေကြီး​ပေါ်မှ​ရိတ်သိမ်း​စရာ​သည် မှည့်​ပြီ​ဖြစ်၍ ရိတ်သိမ်း​ရန်​အချိန်​ကျရောက်​ပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​၏​တံစဉ်​ကို​လွှတ်​၍ ရိတ်သိမ်း​တော်မူ​ပါ”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ကြွေးကြော်​လေ​၏။ ထိုအခါ မိုးတိမ်​ပေါ်တွင်​ထိုင်​နေ​သော​သူ​သည် မိမိ​၏​တံစဉ်​ကို မြေကြီး​ပေါ်သို့​ဝှေ့ယမ်း​လိုက်​ရာ မြေကြီး​သည် ရိတ်သိမ်း​ခြင်း​ကို​ခံရ​လေ​၏။ တစ်ဖန် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ကောင်းကင်​ရှိ ဗိမာန်​တော်​ထဲမှ​ထွက်လာ​၏။ သူ​၌​လည်း ထက်​သော​တံစဉ်​ပါ​၏။ ထို့နောက် မီး​အပေါ်​အခွင့်​အာဏာ​ရှိ​သည့် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ယဇ်ပလ္လင်​ထဲမှ​ထွက်လာ​၍ ထက်​သော​တံစဉ်​ပါ​သော​သူ​အား “စပျစ်သီး​များ​မှည့်​ပြီ​ဖြစ်​သောကြောင့် သင်​၏​ထက်​သော​တံစဉ်​ကို​လွှတ်​၍ မြေကြီး​ပေါ်မှ​စပျစ်​ခိုင်​များ​ကို ရိတ်သိမ်း​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ဆို​လေ​၏။ ထို​ကောင်းကင်​တမန်​သည်​လည်း သူ​၏​တံစဉ်​ကို မြေကြီး​ပေါ်သို့​ဝှေ့ယမ်း​လျက် မြေကြီး​ပေါ်မှ​စပျစ်​ခိုင်​ကို​ရိတ်သိမ်း​ကာ ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​နှင့်ဆိုင်သည့် ကြီးမား​သော​စပျစ်သီး​နယ်ရာ​ကျင်း​ထဲသို့ သွန်ချ​လိုက်​၏။ ၎င်း​တို့​ကို မြို့​ပြင်​ရှိ စပျစ်သီး​နယ်ရာ​ကျင်း​၌​နင်းနယ်​သောအခါ သွေး​သည် ထို​စပျစ်သီး​နယ်ရာ​ကျင်း​မှ​စီးထွက်​လာ​၍ မြင်း​၏​ဇက်ကြိုး​အထိ​မြင့်​ပြီး တစ်ရာရှစ်ဆယ့်လေး​မိုင်​ခန့်​ပြန့်​သွား​လေ​၏။