ဗျာဒိတ် 14:14-16
ဗျာဒိတ် 14:14-16 Judson Bible (JBMLE)
တစ်ဖန် ငါကြည့်လျှင်၊ ဖြူသောမိုးတိမ်ရှိ၏။ လူသားတော်နှင့် တူသောသူသည် ခေါင်းတော်ပေါ်၌ ရွှေသရဖူကိုဆောင်းလျက်၊ ထက်သော တံစဉ်ကို ကိုင်လျက်၊ မိုးတိမ်ပေါ်မှာ ထိုင်တော်မူ၏။- ကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်ထဲက ထွက်၍၊ ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ စပါးကို ရိတ်တော်မူပါ။ ရိတ်ရသောအချိန် ရောက်ပါပြီ။ မြေကြီး၌ ရိတ်စရာစပါး မှည့်ပါပြီဟု မိုးတိမ်ပေါ်မှာ ထိုင်သောသူကို ကြီးသောအသံနှင့် ဟစ်လေ၏။- မိုးတိမ်ပေါ်မှာ ထိုင်သောသူသည် မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏စပါးကို ရိတ်တော်မူ၏။
ဗျာဒိတ် 14:14-16 Common Language Bible (BCL)
တစ်ဖန်ကြည့်လိုက်သောအခါမိုးတိမ်ဖြူတစ်ခု ကို ငါမြင်ရ၏။ ထိုမိုးတိမ်ပေါ်တွင်လူနှင့်တူသော သူတစ်ဦးထိုင်၍နေ၏။ သူ၏ဦးခေါင်း၌ရွှေ သရဖူကိုဆောင်းထား၏။ လက်ထဲတွင်ထက် သောတံစဉ်ကိုကိုင်ထား၏။- အခြားကောင်းကင်တမန်တစ်ပါးသည် ဗိမာန် တော်မှထွက်လာ၍ မိုးတိမ်ပေါ်တွင်ထိုင်လျက် နေသူအား``ကမ္ဘာမြေကြီးပေါ်၌စပါးများ ကောင်းစွာမှည့်ပြီဖြစ်၍ရိတ်သိမ်းရန်အချိန် ကျရောက်လေပြီ။ ထို့ကြောင့်ကိုယ်တော်၏ တံစဉ်ကိုယူ၍ရိတ်သိမ်းတော်မူပါ'' ဟု အသံကျယ်စွာပြောဆို၏။- သို့ဖြစ်၍မိုးတိမ်ပေါ်တွင်ထိုင်နေသူသည် မိမိ ၏တံစဉ်ကိုကမ္ဘာမြေပေါ်သို့ဝှေ့ယမ်းကာကမ္ဘာ မြေကြီးကစပါးများကိုရိတ်တော်မူ၏။
ဗျာဒိတ် 14:14-16 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တစ်ဖန် ငါကြည့်လိုက်ရာ ဖြူသောမိုးတိမ်ရှိ၍ ထိုမိုးတိမ်ပေါ်တွင် ဦးခေါင်းပေါ်၌ ရွှေသရဖူကိုဆောင်းလျက် လက်၌ ထက်သောတံစဉ်ကိုကိုင်ထားသည့် လူ့သားနှင့်တူသောသူတစ်ဦးထိုင်နေ၏။ ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်ထဲမှထွက်လာ၍ မိုးတိမ်ပေါ်တွင်ထိုင်နေသောသူအား “မြေကြီးပေါ်မှရိတ်သိမ်းစရာသည် မှည့်ပြီဖြစ်၍ ရိတ်သိမ်းရန်အချိန်ကျရောက်ပြီဖြစ်သောကြောင့် ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ ရိတ်သိမ်းတော်မူပါ”ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။ ထိုအခါ မိုးတိမ်ပေါ်တွင်ထိုင်နေသောသူသည် မိမိ၏တံစဉ်ကို မြေကြီးပေါ်သို့ဝှေ့ယမ်းလိုက်ရာ မြေကြီးသည် ရိတ်သိမ်းခြင်းကိုခံရလေ၏။