YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 14:14-15

ဗျာဒိတ် 14:14-15 Common Language Bible (BCL)

တစ်​ဖန်​ကြည့်​လိုက်​သော​အ​ခါ​မိုး​တိမ်​ဖြူ​တစ်​ခု ကို ငါ​မြင်​ရ​၏။ ထို​မိုး​တိမ်​ပေါ်​တွင်​လူ​နှင့်​တူ​သော သူ​တစ်​ဦး​ထိုင်​၍​နေ​၏။ သူ​၏​ဦး​ခေါင်း​၌​ရွှေ သ​ရ​ဖူ​ကို​ဆောင်း​ထား​၏။ လက်​ထဲ​တွင်​ထက် သော​တံ​စဉ်​ကို​ကိုင်​ထား​၏။- အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ဗိ​မာန် တော်​မှ​ထွက်​လာ​၍ မိုး​တိမ်​ပေါ်​တွင်​ထိုင်​လျက် နေ​သူ​အား``ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​စ​ပါး​များ ကောင်း​စွာ​မှည့်​ပြီ​ဖြစ်​၍​ရိတ်​သိမ်း​ရန်​အ​ချိန် ကျ​ရောက်​လေ​ပြီ။ ထို့​ကြောင့်​ကိုယ်​တော်​၏ တံ​စဉ်​ကို​ယူ​၍​ရိတ်​သိမ်း​တော်​မူ​ပါ'' ဟု အ​သံ​ကျယ်​စွာ​ပြော​ဆို​၏။

ဗျာဒိတ် 14:14-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ငါ​ကြည့်​လိုက်​ရာ ဖြူ​သော​မိုးတိမ်​ရှိ​၍ ထို​မိုးတိမ်​ပေါ်တွင် ဦးခေါင်း​ပေါ်၌ ရွှေ​သရဖူ​ကို​ဆောင်း​လျက် လက်​၌ ထက်​သော​တံစဉ်​ကို​ကိုင်​ထား​သည့် လူ့သား​နှင့်​တူ​သော​သူ​တစ်​ဦး​ထိုင်​နေ​၏။ ထို့နောက် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ဗိမာန်​တော်​ထဲမှ​ထွက်​လာ​၍ မိုးတိမ်​ပေါ်တွင်​ထိုင်​နေ​သော​သူ​အား “မြေကြီး​ပေါ်မှ​ရိတ်သိမ်း​စရာ​သည် မှည့်​ပြီ​ဖြစ်၍ ရိတ်သိမ်း​ရန်​အချိန်​ကျရောက်​ပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​၏​တံစဉ်​ကို​လွှတ်​၍ ရိတ်သိမ်း​တော်မူ​ပါ”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ကြွေးကြော်​လေ​၏။