ဗျာဒိတ် 13:16-17
ဗျာဒိတ် 13:16-17 Judson Bible (JBMLE)
ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီးအငယ် ရှိသမျှတို့သည် လက်ယာလက်၌ဖြစ်စေ၊ နဖူး၌ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှာလည်းကောင်း၊- ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏ နာမဖြစ်စေ၊ နာမ၏ အရေအတွက်ဖြစ်စေ၊ တစ်ခုခုကို မခံသောသူတစ်ယောက်မျှ မရောင်းမဝယ်စေခြင်းငှာလည်းကောင်း စီရင်၏။
ဗျာဒိတ် 13:16-17 Common Language Bible (BCL)
ထိုသားရဲသည်ကြီးမြတ်သူနှင့်သိမ်ငယ်သူ၊ ချမ်းသာသူနှင့်ဆင်းရဲသူ၊ ကျွန်နှင့်ကျွန်မ ဟုတ်သူရှိရှိသမျှသောလူတို့အားလက် ယာလက်တွင်ဖြစ်စေ၊ နဖူးတွင်ဖြစ်စေမိမိ ၏အမှတ်တံဆိပ်ရိုက်နှိပ်ထားစေ၏။- ထိုအမှတ်တံဆိပ်တည်းဟူသောသားရဲ၏ နာမည် သို့မဟုတ်ကိုယ်စားပြုသည့်ကိန်း ဂဏန်းကို ရိုက်နှိပ်ထားသူမှတစ်ပါးအဘယ် သူမျှကုန်ရောင်းကုန်ဝယ်ခွင့်မရ။
ဗျာဒိတ် 13:16-17 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့ပြင် လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ ချမ်းသာသောသူဖြစ်စေ၊ ဆင်းရဲသောသူဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူအပေါင်းတို့အား သူတို့၏လက်ယာလက်ပေါ်၌၊ သို့မဟုတ် နဖူးပေါ်၌ အမှတ်တံဆိပ်ကိုရိုက်နှိပ်စေ၍ သားရဲ၏အမည်၊ သို့မဟုတ် သူ့အမည်၏ကိန်းဂဏန်းဖြစ်သည့် ထိုအမှတ်တံဆိပ်မရှိလျှင် မည်သူမျှ အရောင်းအဝယ်မပြုနိုင်ရန်စီရင်လေ၏။