YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 12:14-16

ဗျာဒိတ် 12:14-16 Judson Bible (JBMLE)

မိန်း​မ​သည် ထို​မြွေ​နှင့်​လွတ်၍၊ တစ်​ကာ​လ၊ နှစ်​ကာ​လ၊ ကာ​လ​တစ်​ဝက်​ပတ်​လုံး ကျွေး​မွေး​ခြင်း​ကို ခံ​ရာ အ​ရပ်​တည်း​ဟူ​သော တော​အ​ရပ်​သို့ ပျံ​နိုင်​မည့်​အ​ကြောင်း၊ ရွှေ​လင်း​တ​ကြီး၏ အ​တောင်​နှစ်​ဖက်​ကို ရ​လေ၏။- ထို​အ​ခါ၊ မိန်း​မ​ကို ရေ​အ​ဟုန်​ဖြင့် မျော​သွား​စေ​ခြင်း​ငှာ၊ န​ဂါး​သည် မိ​မိ​ခံ​တွင်း​ထဲ​က​မြစ်​ရေ​စီး​သ​ကဲ့​သို့ ရေ​ကို မိန်း​မ​နောက်၌ ထုတ်​ပစ်​လေ၏။- မြေ​ကြီး​သည် မိန်း​မ​ကို မ​စ၍ မိ​မိ​ခံ​တွင်း​ကို ဖွင့်​ပြီး​လျှင်၊ န​ဂါး၏ ခံ​တွင်း​ထဲ​က ထုတ်​ပစ်​သော​မြစ်​ရေ​ကို မျို​လေ၏။

ဗျာဒိတ် 12:14-16 Common Language Bible (BCL)

အ​မျိုး​သ​မီး​သည်​တော​ကန္တာ​ရ​ရှိ​မိ​မိ​အရပ် သို့​ပျံ​သန်း​သွား​နိုင်​ရန် လင်း​ယုန်​ကြီး​၏​အ​တောင် နှစ်​ခု​ကို​ရ​ရှိ​ထား​သည်။ သူ​သည်​ထို​အ​ရပ်​တွင် သုံး​နှစ်​ခွဲ​တိုင်​တိုင် န​ဂါး​၏​ဘေး​မှ​ကင်း​လွတ် လုံ​ခြုံ​လျက်​ပြု​စု​စောင့်​ရှောက်​ခြင်း​ကို​ခံ​ရ မည်​ဖြစ်​၏။- နဂါး​သည်​အ​မျိုး​သ​မီး​အား​ရေ​အ​ဟုန်​တွင် မျော​ပါ​သွား​စေ​ရန် မိ​မိ​၏​ခံ​တွင်း​မှ​ရေ​ကို မြစ်​သ​ဖွယ်​မှုတ်​ထုတ်​လိုက်​၏။- သို့​ရာ​တွင်​မြေ​ကြီး​သည်​မိ​မိ​၏​ခံ​တွင်း​ကို ဖွင့်​၍ န​ဂါး​မှုတ်​ထုတ်​လိုက်​သော​မြစ်​ရေ​ကို မျို​ချ​ကာ​အ​မျိုး​သ​မီး​အား​ကယ်​ဆယ် လိုက်​သည်။

ဗျာဒိတ် 12:14-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ထို​အမျိုးသမီး​သည် တော​ကန္တာရ​ထဲ​ရှိ မိမိ​၏​နေရာ​အရပ်​သို့ ပျံသန်း​သွား​နိုင်​ရန် ကြီးမား​သော​လင်းယုန်​၏​အတောင်​နှစ်​ခု​ကို​ရရှိ​၏။ သူ​သည် ထို​အရပ်​တွင် မြွေ​၏​ရှေ့မှောက်​မှ​လွတ်​၍ တစ်​ကာလ၊ နှစ်​ကာလ​နှင့် ကာလ​တစ်ဝက်​အတွင်း ပြုစု​စောင့်ရှောက်​ခြင်း​ကို​ခံရ​၏။ မြွေ​သည် ထို​အမျိုးသမီး​ကို ရေ​၌​မျောပါ​သွား​စေရန် သူ​၏​နောက်တွင် ရေ​ကို မြစ်​သဖွယ် မိမိ​ခံတွင်း​ထဲမှ မှုတ်​ထုတ်​လိုက်​၏။ သို့သော် မြေကြီး​သည် ထို​အမျိုးသမီး​ကို​ကူညီ​လေ​၏။ မြေကြီး​သည် မိမိ​ခံတွင်း​ကို​ဖွင့်​၍ နဂါး​၏​ခံတွင်း​မှ မှုတ်​ထုတ်​လိုက်​သော​မြစ်​ရေ​ကို မျိုချ​လိုက်​၏။