YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 12:14-16

ဗျာဒိတ်ကျမ်း 12:14-16 MSBU

သို့သော် ထို​အမျိုးသမီး​သည် တော​ကန္တာရ​ထဲ​ရှိ မိမိ​၏​နေရာ​အရပ်​သို့ ပျံသန်း​သွား​နိုင်​ရန် ကြီးမား​သော​လင်းယုန်​၏​အတောင်​နှစ်​ခု​ကို​ရရှိ​၏။ သူ​သည် ထို​အရပ်​တွင် မြွေ​၏​ရှေ့မှောက်​မှ​လွတ်​၍ တစ်​ကာလ၊ နှစ်​ကာလ​နှင့် ကာလ​တစ်ဝက်​အတွင်း ပြုစု​စောင့်ရှောက်​ခြင်း​ကို​ခံရ​၏။ မြွေ​သည် ထို​အမျိုးသမီး​ကို ရေ​၌​မျောပါ​သွား​စေရန် သူ​၏​နောက်တွင် ရေ​ကို မြစ်​သဖွယ် မိမိ​ခံတွင်း​ထဲမှ မှုတ်​ထုတ်​လိုက်​၏။ သို့သော် မြေကြီး​သည် ထို​အမျိုးသမီး​ကို​ကူညီ​လေ​၏။ မြေကြီး​သည် မိမိ​ခံတွင်း​ကို​ဖွင့်​၍ နဂါး​၏​ခံတွင်း​မှ မှုတ်​ထုတ်​လိုက်​သော​မြစ်​ရေ​ကို မျိုချ​လိုက်​၏။