YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 11:15-19

ဗျာဒိတ် 11:15-19 Judson Bible (JBMLE)

သ​တ္တ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ၌ ကြီး​သော အ​သံ​တို့​ကား၊ လော​ကီ​နိုင်​ငံ​သည် ငါ​တို့​အ​ရှင်၏ နိုင်​ငံ​ဖြစ်​လေ​ပြီ။ ထို​အ​ရှင်၏ ခ​ရစ်​တော်​နိုင်​ငံ ဖြစ်​လေ​ပြီ။ သူ​သည်​လည်း က​မ္ဘာ​အ​ဆက်​ဆက် စိုး​စံ​တော်​မူ​မည်​ဟု ပြော​ဆို​ကြ၏။- ဘု​ရား​သ​ခင်​ရှေ့​တော်၌ မိ​မိ​တို့​ပ​လ္လင်​ပေါ်​မှာ ထိုင်​သော အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည် ပျပ်​ဝပ်၍ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လျက်၊- အ​န​န္တ​တန်​ခိုး​နှင့်​ပြည့်​စုံ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ မ​ဟာ​တန်​ခိုး​တော်​ကို ယူ​ဆောင်၍ စိုး​စံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​တို့​သည် ချီး​မွမ်း​ပါ၏။- လူ​မျိုး​တို့​သည် အ​မျက်​ထွက်​ကြ​သည် ဖြစ်၍၊ အ​မျက်​တော်​သည်​လည်း ရောက်​ပါ​ပြီ။ သေ​လွန်​သော သူ​တို့​ကို တ​ရား​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၍၊ ကိုယ်​တော်၏ ကျွန်​တည်း​ဟူ​သော ပ​ရော​ဖက်​တို့​အား လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့ အား​လည်း​ကောင်း၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​ရို​သေ​သော​သူ အ​ကြီး​အ​ငယ်​တို့​အား​လည်း​ကောင်း၊ ဆု​ကျေး​ဇူး​ကို ပေး​သ​နား​တော်​မူ၍ မြေ​ကြီး​ကို ဖျက်​ဆီး​သော သူ​တို့​ကို ဖျက်​ဆီး​တော်​မူ​သော​အ​ချိန် ရောက်​ပါ​ပြီ​ဟု လျှောက်​ဆို​ကြ၏။- တစ်​ဖန် ကောင်း​ကင်​ဘုံ၌ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​ကို ဖွင့်​ထား၍၊ ဗိ​မာန်​တော်​ထဲ​မှာ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် ထင်​ရှား​လေ၏။ လျှပ်​စစ်​ပြက်​ခြင်း၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ မြေ​လှုပ်​ခြင်း၊ အ​လုံး​ကြီး​စွာ​သော မိုး​သီး​ကျ​ခြင်း ဖြစ်​ကြ၏။

ဗျာဒိတ် 11:15-19 Common Language Bible (BCL)

ထို​နောက်​သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ``ကမ္ဘာ​လော​က​ကို​အုပ်​စိုး သော​အာ​ဏာ​သည် ငါ​တို့​အ​ရှင်​နှင့်​ကိုယ်​တော် ၏​မေ​ရှိ​ယ​လက်​ထဲ​သို့​ရောက်​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​စိုး​စံ​တော် မူ​လိမ့်​မည်'' ဟု​ကောင်း​ကင်​မှ​ကျယ်​စွာ​ပြော သော​အ​သံ​များ​ကို​ကြား​ရ​၏။- ထို​အ​ခါ​ဘု​ရား​သခင်​၏​ရှေ့​တော်​ရှိ​ပလ္လင်​ပေါ် ၌ ထိုင်​လျက်​နေ​သော​အ​ကြီး​အ​ကဲ​နှစ်​ဆယ့် လေး​ပါး​တို့​သည်​ဘု​ရား​သ​ခင်​အား​ပျပ် ဝပ်​ရှိ​ခိုး​လျက်၊ ``ပစ္စုပ္ပန်၊အ​တိတ်​ကာ​လ​တို့​၌​ရှိ​တော်​မူ​သော အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​မိ​မိ​၏​မ​ဟာ​တန်​ခိုး​တော် ကို သုံး​တော်​မူ​လျက် လော​က​ကို​အုပ်​စိုး​တော်​မူ​ပြီ​ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။ ကိုယ်​တော်​၏​အ​မျက်​တော်​သက်​ရောက်​ရာ ကာ​လ​သည်​လည်း​ကောင်း၊ သေ​လွန်​သူ​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​ရာ ကာ​လ​သည်​လည်း​ကောင်း ယ​ခု​အ​ခါ​ကျ​ရောက်​လာ​ပြီ​ဖြစ်​၍​လူ​မျိုး အ​ပေါင်း​တို့​သည်​အ​မျက်​ထွက်​ကြ​ပါ​၏။ ကိုယ်​တော်​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ၊ ကိုယ်​တော်​၏ လူ​စု​ဝင်​အ​ပေါင်း၊ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ၊အ​ကြီး အ​ငယ်​တို့ ဆု​လာဘ်​တော်​ကို​ခံ​ယူ​ရန် အ​ချိန်​ကာ​လ​သည်​လည်း​ကောင်း၊ကမ္ဘာ​မြေ ကြီး​ကို ပျက်​စီး​စေ​သူ​တို့ ပျက်​စီး​ရ​မည့်​အ​ချိန်​ကာ​လ​သည်​လည်း ကောင်း ရောက်​ရှိ​လာ​ပါ​ပြီ'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက်​ထား​ကြ​၏။- ထို​အ​ခါ​ကောင်း​ကင်​ဘုံ​၌​ဘု​ရား​သ​ခင် ၏​ဗိ​မာန်​တော်​တံ​ခါး​သည်​ပွင့်​၍​လာ​သ​ဖြင့် ဗိ​မာန်​တော်​ထဲ​က​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ငါ​မြင်​ရ​၏။ ထို​နောက်​လျှပ်​စစ်​များ​ပြက် ခြင်း၊ မိုး​ခြိမ်း​ခြင်း၊ မြေ​င​လျင်​လှုပ်​ခြင်း၊ မိုး သီး​မုန်​တိုင်း​ကြီး​ကျ​ခြင်း​များ​ဖြစ်​လေ သည်။

ဗျာဒိတ် 11:15-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သတ္တမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ကောင်းကင်​၌ ကျယ်လောင်​သော​အသံ​ဖြစ်ပေါ်​လျက် “ကမ္ဘာ့​နိုင်ငံ​သည် ငါ​တို့​၏​ထာဝရ​အရှင်​နှင့် ကိုယ်တော်​၏​ခရစ်တော်​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​လေ​ပြီ။ ကိုယ်တော်​သည်​လည်း ကမ္ဘာ​အဆက်ဆက်​စိုးစံ​တော်မူ​လိမ့်မည်”​ဟု ဆို​၏။ ထိုအခါ ဘုရားသခင်​၏​ရှေ့​တော်​၌ မိမိ​တို့​ပလ္လင်​ပေါ်တွင် ထိုင်​နေ​ကြ​သော​သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် ဘုရားသခင်​ကို​ပျပ်ဝပ်​ရှိခိုး​လျက် “အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​၍ ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​သည့် ထာဝရ​အရှင်​ဘုရားသခင်၊ ကိုယ်တော်​သည် မဟာ​တန်ခိုး​တော်​ကို​ယူဆောင်​လျက် စိုးစံ​တော်မူ​သောကြောင့် ကိုယ်တော်​ကို​ကျေးဇူးတင်​ပါ​၏။ လူမျိုး​တို့​သည် အမျက်ထွက်​ကြ​ပါ​၏။ သို့သော် ကိုယ်တော်​၏​အမျက်​တော်​သည် သက်ရောက်​လာ​ပါ​၏။ သေလွန်​သော​သူ​တို့​ကို တရား​စီရင်​ရန်​လည်းကောင်း၊ ကိုယ်တော်​၏​အစေအပါး​များ၊ ပရောဖက်​များ၊ သန့်ရှင်း​သူ​များ​နှင့် ကိုယ်တော်​၏​နာမ​တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​သူ​အကြီး​အငယ်​တို့​အား ဆုလာဘ်​ပေး​တော်မူ​ရန်​လည်းကောင်း၊ ကမ္ဘာ​မြေကြီး​ကို​ဖျက်ဆီး​သော​သူ​တို့​ကို ဖျက်ဆီး​ရန်​လည်းကောင်း အချိန်​ရောက်လာ​ပါ​၏”​ဟု လျှောက်​ကြ​၏။ ထို့နောက် ကောင်းကင်​၌​ရှိ​သော ဘုရားသခင်​၏​ဗိမာန်​တော်​သည်​ပွင့်​၍ ထို​ဗိမာန်​တော်​ထဲတွင် ကိုယ်တော်​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို တွေ့မြင်​ရ​၏။ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း၊ မိုးချုန်း​ခြင်း၊ ငလျင်​လှုပ်​ခြင်း​နှင့် ကြီးမား​သော​မိုးသီး​ကျ​ခြင်း​တို့​လည်း ဖြစ်ပေါ်​လေ​၏။