YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာ​ဒိတ် 11:15-19

ဗျာ​ဒိတ် 11:15-19 BCL

ထို​နောက်​သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ``ကမ္ဘာ​လော​က​ကို​အုပ်​စိုး သော​အာ​ဏာ​သည် ငါ​တို့​အ​ရှင်​နှင့်​ကိုယ်​တော် ၏​မေ​ရှိ​ယ​လက်​ထဲ​သို့​ရောက်​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​စိုး​စံ​တော် မူ​လိမ့်​မည်'' ဟု​ကောင်း​ကင်​မှ​ကျယ်​စွာ​ပြော သော​အ​သံ​များ​ကို​ကြား​ရ​၏။- ထို​အ​ခါ​ဘု​ရား​သခင်​၏​ရှေ့​တော်​ရှိ​ပလ္လင်​ပေါ် ၌ ထိုင်​လျက်​နေ​သော​အ​ကြီး​အ​ကဲ​နှစ်​ဆယ့် လေး​ပါး​တို့​သည်​ဘု​ရား​သ​ခင်​အား​ပျပ် ဝပ်​ရှိ​ခိုး​လျက်၊ ``ပစ္စုပ္ပန်၊အ​တိတ်​ကာ​လ​တို့​၌​ရှိ​တော်​မူ​သော အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​မိ​မိ​၏​မ​ဟာ​တန်​ခိုး​တော် ကို သုံး​တော်​မူ​လျက် လော​က​ကို​အုပ်​စိုး​တော်​မူ​ပြီ​ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။ ကိုယ်​တော်​၏​အ​မျက်​တော်​သက်​ရောက်​ရာ ကာ​လ​သည်​လည်း​ကောင်း၊ သေ​လွန်​သူ​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​ရာ ကာ​လ​သည်​လည်း​ကောင်း ယ​ခု​အ​ခါ​ကျ​ရောက်​လာ​ပြီ​ဖြစ်​၍​လူ​မျိုး အ​ပေါင်း​တို့​သည်​အ​မျက်​ထွက်​ကြ​ပါ​၏။ ကိုယ်​တော်​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ၊ ကိုယ်​တော်​၏ လူ​စု​ဝင်​အ​ပေါင်း၊ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ၊အ​ကြီး အ​ငယ်​တို့ ဆု​လာဘ်​တော်​ကို​ခံ​ယူ​ရန် အ​ချိန်​ကာ​လ​သည်​လည်း​ကောင်း၊ကမ္ဘာ​မြေ ကြီး​ကို ပျက်​စီး​စေ​သူ​တို့ ပျက်​စီး​ရ​မည့်​အ​ချိန်​ကာ​လ​သည်​လည်း ကောင်း ရောက်​ရှိ​လာ​ပါ​ပြီ'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက်​ထား​ကြ​၏။- ထို​အ​ခါ​ကောင်း​ကင်​ဘုံ​၌​ဘု​ရား​သ​ခင် ၏​ဗိ​မာန်​တော်​တံ​ခါး​သည်​ပွင့်​၍​လာ​သ​ဖြင့် ဗိ​မာန်​တော်​ထဲ​က​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ငါ​မြင်​ရ​၏။ ထို​နောက်​လျှပ်​စစ်​များ​ပြက် ခြင်း၊ မိုး​ခြိမ်း​ခြင်း၊ မြေ​င​လျင်​လှုပ်​ခြင်း၊ မိုး သီး​မုန်​တိုင်း​ကြီး​ကျ​ခြင်း​များ​ဖြစ်​လေ သည်။