YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 1:9-19

ဗျာဒိတ် 1:9-19 Judson Bible (JBMLE)

ယေ​ရှု​ခ​ရစ်၏ ဆင်း​ရဲ​ခြင်း​ဒု​က္ခ​မှ​စ၍ နိုင်​ငံ​တော်​ကို​လည်း​ကောင်း၊ သည်း​ခံ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​နှင့်​အ​တူ ဆက်​ဆံ​သော အ​ဖော်​အ​ဖက်၊ သင်​တို့​အစ်​ကို ငါ​ယော​ဟန်​သည်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​နှင့် ယေ​ရှု​ခ​ရစ်၏ သက်​သေ​ခံ​တော်​မူ​ချက်​ကြောင့်၊ ပတ်​မု​ကျွန်း​မှာ နေ​ရ​စဉ်​တွင်၊- သ​ခင်​ဘု​ရား​နေ့၌ ဝိ​ညာဉ်​တော်​ကို​ခံ​ရ၍၊ တံ​ပိုး​ခ​ရာ အ​သံ​ကဲ့​သို့ ငါ့​နောက်၌ မြည်​သော​အ​သံ​ကြီး​ကို ကြား၏။- မြည်​သော​အ​ချက်​ဟူ​မူ​ကား၊ သင်​သည် မြင်​သော​အ​ရာ​ကို စာ​စောင်၌​ရေး​ထား၍၊ ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ​ဒေ​လ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ထံ​သို့ ပေး​လိုက်​လော့​ဟု ဆို​သ​တည်း။ ထို​သို့ ငါ​နှင့်​စ​ကား​ပြော၍ အ​သံ​မြည်​သော သူ​ကို​မြင်​ခြင်း​ငှာ ငါ​သည်​လှည့်​ကြည့်​လျှင်၊ ရွှေ​မီး​ခွက်​ခု​နစ်​လုံး​ကို​လည်း​ကောင်း၊- ထို​မီး​ခွက်​ခု​နစ်​လုံး​အ​လယ်၌ လူ​သား​တော်​နှင့် တူ​သော သူ​တစ်​ဦး​ကို​လည်း​ကောင်း မြင်၏။ ထို​သူ​သည်​ခြေ​သို့ တိုင်​အောင်​ဝတ်​ခြုံ​လျက်၊ ရင်​တော်၌ ရွှေ​ခါး​ပန်း​ကို စည်း​လျက်​ဖြစ်၏။- ခေါင်း​တော်​နှင့် ဆံ​ပင်​တော်​သည် ဖြူ​သော သိုး​မွှေး​ကဲ့​သို့​လည်း​ကောင်း၊ မိုး​ပွင့်​ကဲ့​သို့​လည်း​ကောင်း ဖြူ၏။ မျက်​စိ​တော်​သည်​လည်း မီး​လျှံ​ကဲ့​သို့ ဖြစ်၏။- ခြေ​တော်​သည်​လည်း မီး၌​ချွတ်​ပြီး​သော ကြေး​ဝါ​စစ်​နှင့်​တူ၏။ အ​သံ​တော်​သည်​လည်း သ​မု​ဒ္ဒ​ရာ​သံ​ကဲ့​သို့ ဖြစ်၏။- လက်​ယာ​လက်​တော်​သည်​လည်း ကြယ်​ခု​နစ်​လုံး​ကို ကိုင်၏။ ခံ​တွင်း​တော်​ထဲ​က​လည်း ထက်​သော​သန်​လျက် ထွက်၏။ မျက်​နှာ​တော်​သည် အ​ရှိန်​တန်​ခိုး​နှင့် ထွန်း​တောက်​သော​နေ​ကဲ့​သို့ ဖြစ်၏။ ထို​သူ​ကို​ငါ​မြင်​သော​အ​ခါ၊ သေ​မ​တတ်​ဖြစ်၍ ခြေ​တော်​ရင်း၌ လဲ​လျက်​နေ၏။ ထို​သူ​သည် လက်​ယာလက်​တော်​ကို ငါ့​အ​ပေါ်​သို့ တင်​လျက်၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။- အ​သက်​ရှင်​သော​သူ​လည်း ဖြစ်၏။ ငါ​သည် အ​ရင်​သေ​သည် ဖြစ်၍၊ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​နှင့် ပြည့်​စုံ၏။ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​ကို​လည်း ငါ​အ​စိုး​ရ၏။- ထို​ကြောင့်၊ သင်​သည် မြင်​ပြီး​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ ယ​ခု​ရှိ​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ နောင်​ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို​လည်း​ကောင်း ရေး​ထား​လော့။

ဗျာဒိတ် 1:9-19 Common Language Bible (BCL)

ငါ​ကား​နိုင်​ငံ​တော်​သား​များ​ခံ​ရ​သည့်​ဆင်း ရဲ​ဒုက္ခ​ကို သင်​တို့​နှင့်​အ​တူ​သည်း​ခံ​နေ​ရ​သူ၊ သင်​တို့​၏​အစ်​ကို​ယော​ဟန်​ဖြစ်​၏။ ငါ​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​နှင့်​သ​ခင် ယေ​ရှု​ဖော်​ပြ​သက်​သေ​ခံ​သည့်​သမ္မာ​တ​ရား ကို​ဟော​ပြော​ကြေ​ညာ​သည့်​အ​တွက်​ပတ်​မု ကျွန်း​သို့​အ​ပို့​ခံ​ရ​၏။- သ​ခင်​ဘု​ရား​နေ့​၌​ဝိ​ညာဉ်​တော်​သည် ငါ့ အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​လျက် ငါ​သည် တံ​ပိုး​ခ​ရာ​သံ​နှင့်​တူ​သော​အ​သံ​ကြီး တစ်​ခု​ကို​ငါ့​နောက်​၌​ကြား​ရ​၏။- ထို​အ​သံ​က``သင်​မြင်​ရ​သည့်​အ​ရာ​ကို​စာ စောင်​တွင်​ရေး​သား​၍​ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ ဒေ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့​များ​ရှိ​အ​သင်း​တော် ခု​နစ်​ပါး​သို့​ပေး​ပို့​လော့'' ဟု​ဆို​၏။ ထို​သို့​ငါ့​အား​ပြော​နေ​သော​အ​သံ​သည်​မည် သူ​၏​အ​သံ​ဖြစ်​ပါ​သ​နည်း​ဟု လှည့်​၍​ကြည့် လိုက်​သော​အ​ခါ ငါ​သည်​မီး​ခွက်​ခု​နစ်​လုံး ကို​လည်း​ကောင်း၊- ထို​မီး​ခွက်​များ​အ​လယ်​၌​လူ​နှင့်​တူ​သူ​တစ် ဦး​ကို​လည်း​ကောင်း​တွေ့​ရ​၏။ ထို​သူ​သည်​ခြေ ဖျား​တိုင်​အောင်​ရောက်​သည့်​ဝတ်​လုံ​ရှည်​ကို​ခြုံ ၍​ရွှေ​ရင်​စည်း​ကို​ဝတ်​ဆင်​ထား​၏။- သူ​၏​ဆံ​ပင်​သည်​မိုး​ပွင့်​ကဲ့​သို့​လည်း​ကောင်း၊ သိုး​မွေး​ကဲ့​သို့​လည်း​ကောင်း​ဖြူ​၏။ သူ​၏​မျက် လုံး​များ​သည်​လည်း​မီး​လျှံ​ကဲ့​သို့​တောက်ပ လျက်​နေ​၏။- သူ​၏​ခြေ​တို့​သည်​မီး​ဖြင့်​ချွတ်​ထား​သည့် တောက်​ပ​သော​ကြေး​ဝါ​နှင့်​တူ​၏။ သူ​၏​အ​သံ မှာ​ရေ​တံ​ခွန်​ကြီး​၏​အ​သံ​နှင့်​တူ​၏။- သူ​သည်​လက်​ယာ​လက်​ဖြင့်​ကြယ်​ခု​နစ်​လုံး ကို​ကိုင်​၍​ထား​၏။ သူ​၏​ခံ​တွင်း​မှ​ထက်​သော သန်​လျက်​ထွက်​လာ​၏။ သူ​၏​မျက်​နှာ​သည် လည်း​မွန်း​တည့်​နေ​ကဲ့​သို့​တောက်​ပ​၏။- ထို​အ​ရှင်​ကို​တွေ့​သော​အ​ခါ​ငါ​သည်​သူ​သေ သ​ဖွယ် ခြေ​တော်​ရင်း​၌​လဲ​ကျ​သွား​လေ​သည်။ ကိုယ်​တော်​သည်​ငါ့​အ​ပေါ်​သို့​လက်​ယာ​လက် တော်​ကို​တင်​တော်​မူ​ပြီး​လျှင်``မ​ကြောက်​နှင့် ငါ​သည်​အ​စ​နှင့်​အ​ဆုံး​ဖြစ်​၏။- ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​သူ​ဖြစ်​၏။ ငါ သည်​သေ​ခဲ့​၏။ ယ​ခု​မှာ​မူ​ကမ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​လျက်​ရှိ​၏။ ငါ​သည်​သေ​ခြင်း​တ​ရား နှင့်​မ​ရ​ဏာ​နိုင်​ငံ​ကို​အ​စိုး​ရ​၏။- သင်​တွေ့​မြင်​ရ​သည့်​အ​မှု​အ​ရာ​များ​မှာ ယ​ခု မျက်​မှောက်​နှင့်​နောင်​အ​ခါ​၌​ဖြစ်​ပျက်​မည့်​အ​မှု အ​ရာ​များ​ဖြစ်​၏။ ထို​အ​ရာ​များ​အ​ကြောင်း​ကို ရေး​ထား​လော့။

ဗျာဒိတ် 1:9-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​၌​ဆင်းရဲ​ဒုက္ခ​ကို​လည်းကောင်း၊ နိုင်ငံ​တော်​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​ကို​လည်းကောင်း သင်​တို့​နှင့်အတူ မျှဝေ​ခံစား​သူ​ဖြစ်​သော သင်​တို့​၏​ညီအစ်ကို ငါ​ယောဟန်​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​နှင့် ယေရှု​နှင့်ဆိုင်သော​သက်သေခံ​ချက်​တို့​ကြောင့် ပတ်မု​ဟု​ခေါ်​သော​ကျွန်း​တွင်​ရောက်​နေ​၏။ သခင်​ဘုရား​၏​နေ့​တွင် ငါ​သည် ဝိညာဉ်​တော်​၌​ရှိ​စဉ် တံပိုးခရာသံ​ကဲ့သို့ ကျယ်လောင်​သော​အသံ​ကို ငါ့​နောက်၌​ကြား​ရ​၏။ ထို​အသံ​က“သင်​မြင်​ရ​သော​အရာ​ကို စာစောင်​တွင်​ရေးသား​၍ ဧဖက်​မြို့၊ စမုရန​မြို့၊ ပေရဂံ​မြို့၊ သွာတိရ​မြို့၊ သာဒိ​မြို့၊ ဖိလဒေလဖိ​မြို့​နှင့် လောဒိကိ​မြို့​တို့​၌​ရှိ​သော အသင်းတော်​ခုနစ်​ပါး​ထံသို့ ပေးပို့​လော့”​ဟု ဆို​၏။ ထိုအခါ ငါ​သည် ငါ့​အား​မြွက်ဆို​သော​အသံ​ပိုင်ရှင်​ကို​တွေ့မြင်​ရန် လှည့်ကြည့်​လိုက်​၏။ ထိုသို့​လှည့်ကြည့်​လိုက်​ရာ ရွှေ​ဆီမီးခုံ​ခုနစ်​ခု​နှင့် ထို​ဆီမီးခုံ​များ​အလယ်​၌ ခြေဖျား​တိုင်အောင်​ရောက်​သော​ဝတ်ရုံ​ကို​ဝတ်ဆင်​လျက် ရင်ဘတ်​၌ ရွှေ​ရင်စည်း​ကို​စည်း​ထား​သည့် လူ့သား​နှင့်​တူ​သော​သူ​တစ်​ဦး​ကို ငါ​မြင်​ရ​၏။ ထို​သူ​၏​ဦးခေါင်း​နှင့်​ဆံပင်​တို့​သည် ဖြူ​သော​သိုးမွေး​ကဲ့သို့​လည်းကောင်း၊ နှင်းပွင့်​ကဲ့သို့​လည်းကောင်း ဖြူ​၍ သူ​၏​မျက်စိ​တို့​သည် မီးလျှံ​ကဲ့သို့​ဖြစ်​ကြ​၏။ သူ​၏​ခြေ​တို့​သည် မီးပြင်းဖို​တွင်​ချွတ်​၍​သန့်စင်​ထား​သည့် တောက်ပ​သော​ကြေးဝါ​နှင့်​တူ​၍ သူ​၏​အသံ​သည် များစွာ​သော​ရေ​ဟုန်​၏​အသံ​ကဲ့သို့​ဖြစ်​၏။ သူ​၏​လက်ယာ​လက်​တွင် ကြယ်​ခုနစ်​လုံး​ရှိ​၍ အသွား​နှစ်ဖက်​ပါ​သည့် ထက်​သော​သန်လျက်​သည် သူ​၏​ခံတွင်း​ထဲမှ ထွက်​နေ​၏။ သူ​၏​မျက်နှာ​သည် မိမိ​အရှိန်အဝါ​ဖြင့် ထွန်းလင်း​နေ​သော​နေ​ကဲ့သို့​ဖြစ်​၏။ ငါ​သည် ထို​သူ​ကို​မြင်​ရ​သောအခါ သူ​၏​ခြေရင်း​၌​လဲကျ​၍ လူသေ​ကဲ့သို့​ဖြစ်​၏။ ထိုအခါ သူ​သည် ငါ့​အပေါ်၌ သူ​၏​လက်ယာ​လက်​ကို​တင်​လျက်“မ​ကြောက်​နှင့်။ ငါ​သည် အဦးဆုံး​နှင့်​နောက်ဆုံး​ဖြစ်​၏။ အသက်ရှင်​သော​သူ​လည်း​ဖြစ်​၏။ ငါ​သည် သေ​ခဲ့​၏။ သို့သော် ကြည့်ရှု​လော့။ ငါ​သည် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​လျက်​ရှိ​၏။ သေ​ခြင်း​နှင့်​မရဏာ​နိုင်ငံ​တို့​၏​သော့​များ​ကို​လည်း ငါ​ကိုင်​ထား​၏။ ထို့ကြောင့် သင်​မြင်​ခဲ့​ရ​သော​အရာ​များ၊ ယခု​ဖြစ်​နေ​သော​အရာ​များ​နှင့် နောင်တွင်​ဖြစ်ပျက်​တော့​မည့်​အရာ​များ​ကို ရေး​ထား​လော့။