YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 98:1-3

ဆာလံ 98:1-3 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​အား အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ​ပြီ။ လက်​ယာ​လက်​တော်​နှင့် သန့်​ရှင်း​သော လက်​ရုံး​တော်​သည် ကိုယ်​တော်​အ​ဖို့ ကယ်​တင်​ခြင်း​အ​မှု​ကို​ပြု​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ထင်​ရှား​စေ၍၊ ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​ကို​လည်း တစ်​ပါး​အ​မျိုး​သား​တို့​အား ဖော်​ပြ​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကို အောက်​မေ့​တော်​မူ​ပြီ။ ငါ​တို့​ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို မြေ​ကြီး​စွန်း​အ​ပေါင်း​တို့​သည် မြင်​ရ​ကြ​ပြီ။

ဆာလံ 98:1-3 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​အား​သီ​ချင်း​သစ်​ကို​ဆို​၍ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​သည်​အံ့​သြ​ဖွယ်​ရာ​အ​မှု​တော်​တို့​ကို ပြု​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​၏​တန်​ခိုး​တော်​ဖြင့် လည်း​ကောင်း၊ ခွန်​အား​စွမ်း​ရည်​တော်​ဖြင့်​လည်း​ကောင်း အောင်​ပွဲ​ကို​ရ​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အောင်​ပွဲ​ကို ကြေ​ညာ​တော်​မူ​၍ ကယ်​တင်​နိုင်​သော​တန်​ခိုး​တော်​ကို လူ​မျိုး​တ​ကာ​တို့​အား​ဖော်​ပြ​တော်​မူ​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် သစ္စာ​တော်​နှင့်​အ​ညီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထား​တော်​မူ​သော က​တိ​တော်​ကို​တည်​စေ​တော်​မူ​၏။ အ​ရပ်​တ​ကာ​ရှိ​လူ​အ​ပေါင်း​တို့​သည်​ငါ​တို့ ဘု​ရား​၏ အောင်​ပွဲ​ကို​တွေ့​မြင်​ကြ​ရ​လေ​ပြီ။

ဆာလံ 98:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​ထံသို့ သီချင်း​အသစ်​ကို သီကျူး​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် အံ့ဖွယ်​သော​အမှု​တို့​ကို​ပြု​တော်မူ​ပြီ​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​နှင့် ကိုယ်တော်​၏​သန့်ရှင်း​သော​လက်ရုံး​တော်​သည် ကိုယ်တော့်​အဖို့ ကယ်တင်​ခြင်း​အမှု​ကို ပြု​တော်မူ​ပြီ​။ ထာဝရဘုရား​သည် မိမိ​၏​ကယ်တင်​ခြင်း​ကို ထင်ရှား​စေ​၍ မိမိ​၏​ဖြောင့်မတ်​ခြင်း​ကို လူမျိုးတကာ​တို့​ရှေ့​၌ ဖော်ပြ​တော်မူ​ပြီ​။ ကိုယ်တော်​သည် အစ္စရေး​အမျိုးအနွယ်​အပေါ် ထားရှိ​သည့် မိမိ​၏​မေတ္တာကရုဏာ​တော်​နှင့် သစ္စာ​တော်​တို့​ကို အောက်မေ့​တော်မူ​ပြီ​။ ကမ္ဘာမြေ​အစွန်း​ရှိသမျှ​တို့​သည် ငါ​တို့​ဘုရားသခင်​၏ ကယ်တင်​ခြင်း​ကို မြင်​ရ​ကြ​ပြီ​။