YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 95:6-11

ဆာလံ 95:6-11 Judson Bible (JBMLE)

လာ​ကြ။ ပျပ်​ဝပ်၍ ကိုး​ကွယ်​ကြ​ကုန်​အံ့။ ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ရှေ့​တော်၌ ဒူး​ထောက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏​ဘု​ရား​ဖြစ်​တော်​မူ၏။ ငါ​တို့​သည်​လည်း၊ အ​ထံ​တော်၌ ကျက်​စား​သော​သူ၊ လက်​တော်​အောက်၌ နေ​သော​သိုး​စု​ဖြစ်​ကြ၏။ ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို​ကြား​လျက် ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်။ သင်​တို့​အ​ဘ​များ​သည် အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငါ့​ကို​အ​နည်း​နည်း​စုံ​စမ်း၍၊ ငါ၏​အ​မှု​တို့​ကို မြင်​ရ​သော​တော​တွင်၊ ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု၍၊ စုံ​စမ်း​ရာ​ကာ​လ၌ ရှိ​သ​ကဲ့​သို့ မ​ရှိ​စေ​ကြ​နှင့်။ ထို​လူ​မျိုး​ကို ငါ​ရွံ​သည်​ဖြစ်၍၊ သူ​တို့​သည် စိတ်​သ​ဘော မှား​ယွင်း​တတ်​သော​လူ​မျိုး​ဖြစ်​ကြ၏။ ငါ၏​အ​လေ့​အ​လာ​တို့​ကို နား​မ​လည်​ကြ​ဟု ငါ​ဆို​ရ၏။ ထို​ကြောင့် သူ​တို့​သည် ငါ၏​ချမ်း​သာ​ထဲ​သို့ မ​ဝင်​ရ​ကြ​ဟု အ​မျက်​ထွက်၍ ငါ​ကျိန်​ဆို၏။

ဆာလံ 95:6-11 Common Language Bible (BCL)

လာ​ကြ၊ကိုယ်​တော်​အား​ဦး​ညွှတ်​ပျပ်​ဝပ်​၍ ရှိ​ခိုး​ကြ​ကုန်​အံ့။ ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​၏ ရှေ့​တော်​တွင်​ဒူး​ထောက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည်​ငါ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော် စောင့်​ရှောက်​တော်​မူ​သော​သူ​များ၊ကိုယ်​တော် ကျွေး​မွေး​တော်​မူ​သော​သိုး​စု​ဖြစ်​ကြ​၏။ ကိုယ်​တော်​မိန့်​တော်​မူ​သော​စ​ကား​ကို ယ​နေ့​နား​ထောင်​ကြ​လော့။ ကိုယ်​တော်​က​မော​ရိ​ဘ​အ​ရပ်​တွင်​ရောက်​ရှိ နေ​သော သင်​တို့​ဘိုး​ဘေး​များ​ကဲ့​သို့​သင်​တို့​သည် ခေါင်း​မ​မာ​ကြ​နှင့်။ တော​ကန္တာ​ရ​ရှိ​မဿာ​အ​ရပ်​တွင်​ရောက်​ရှိ​နေ​သော ဘိုး​ဘေး​များ​ကဲ့​သို့​ခေါင်း​မ​မာ​ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့​၏​အ​တွက်​ငါ​ပြု​သည့် အ​မှု​ကို​တွေ့​မြင်​ကြ​ပြီး​ဖြစ်​သော်​လည်း ထို​အ​ရပ်​တွင်​ငါ့​ကို​သွေး​စမ်း​ကြ​၏။ ငါ​သည်​အ​နှစ်​လေး​ဆယ်​တိုင်​တိုင်​ထို​သူ​တို့​အား အ​မျက်​ထွက်​ခဲ့​၏။ ``သူ​တို့​သည်​လွန်​စွာ​သစ္စာ​ဖောက်​သူ​များ​ပါ တ​ကား။ ငါ​၏​ပ​ညတ်​တို့​ကို​လိုက်​နာ​ရန်​ငြင်း​ဆန်​သူ​များ ပါ​တ​ကား'' ဟု​ငါ​ဆို​၏။ ငါ​သည်​သူ​တို့​အား​အ​မျက်​ထွက်​သ​ဖြင့်``သင်​တို့ စိတ်​အေး​ချမ်း​သာ​စွာ​နေ​ထိုင်​ရ​မည့်​ပြည်​ကို သင်​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ဝင်​ရ​ကြ'' ဟု​ကျိန်​ဆို​၏။

ဆာလံ 95:6-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

လာ​ကြ​၊ ရှိခိုးကိုးကွယ်​ကြ​စို့​။ ညွတ်တွား​ကြ​ကုန်စို့​။ ငါ​တို့​ကို​ဖန်ဆင်း​တော်မူ​သော ထာဝရဘုရား​၏ ရှေ့​တော်​၌ ဒူးထောက်​ကြ​ကုန်စို့​။ အကြောင်းမူကား ကိုယ်တော်​သည် ငါ​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ငါ​တို့​သည်​လည်း ကိုယ်တော်​၏​စားကျက်​၌ ကျက်စား​သော​သူ​၊ ကိုယ်တော်​၏​လက်​တော်​ထဲမှ သိုးစု​ဖြစ်​ကြ​၏​။ ယနေ့ သင်​တို့​သည် ကိုယ်တော်​၏​အသံ​ကို​ကြား​လျှင် မေရိဘ​အရပ်​၌​ကဲ့သို့​လည်းကောင်း​၊ တောကန္တာရ​ရှိ မဿာ​အရပ်​၌​ရှိ​စဉ်က​ကဲ့သို့​လည်းကောင်း သင်​တို့​၏​စိတ်နှလုံး​ကို မ​မာကျော​စေ​ကြ​နှင့်​။ ထို​အရပ်​တွင် သင်​တို့​ဘိုးဘေး​များ​သည် ငါ​ပြု​သော အမှု​ကို မြင်​လျက်ပင် ငါ့​ကို​စမ်းသပ်​၍​စစ်ဆေး​ခဲ့​ကြ​၏​။ ငါ​သည် အနှစ်​လေးဆယ်​အတွင်း ထို​မျိုးဆက်​ကို​စက်ဆုပ်​၍ “​သူ​တို့​သည် စိတ်သဘော​မှားယွင်း​သော​လူမျိုး​ဖြစ်​ကြ​၏​။ ငါ​၏​လမ်း​တို့​ကို​လည်း မ​သိ​ကြ​”​ဟု ဆို​၏​။ ထို့ကြောင့် “​သူ​တို့​သည် ငါ​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်​”​ဟု အမျက်​တော်​ဖြင့် ငါ​ကျိန်ဆို​၏​။