YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 93:1-5

ဆာလံ 93:1-5 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ၍၊ အာ​နု​ဘော်​နှင့် တန်​ဆာ​ဆင်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​ဝတ်​ဆင်၍၊ ခွန်​အား​ကို ခါး​ပန်း​စည်း​တော်​မူ၏။ သို့​ဖြစ်၍၊ လော​က​ဓာတ်​သည် မ​လှုပ်​မ​ရှား​နိုင်​အောင် တည်​လျက်​ရှိ၏။ ကိုယ်​တော်၏​ပ​လ္လင်​သည် ရှေ့​ဦး​စွာ​မှ​စ၍ တည်​ပါ၏။ ကိုယ်​တော်​သည် ရှေး​ကာ​လ​မှ​စ၍ အ​စဉ်​အ​မြဲ ဖြစ်​တော်​မူ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ မြစ်​တို့​သည် ထ​ကြ​ပါ၏။ မြစ်​တို့​သည် ဟုန်း​သံ​ကို​ပေး​ကြ​ပါ၏။ မြစ်​တို့​သည် လှိုင်း​တံ​ပိုး​ခတ်​ကြ​ပါ၏။ ရေ​များ​ဟုန်း​သံ​နှင့်​တ​ကွ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​တို့​သည် အား​ကြီး​သည်​ထက်၊ ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​သော အ​ရပ်၌​သာ၍ တန်​ခိုး​ကြီး​တော်​မူ၏။ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​လွန် မြဲ​မြံ​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​သည် အ​စဉ်​အ​မြဲ အိမ်​တော်၏​အ​သ​ရေ​ဖြစ်​ပါ​သ​တည်း။

ဆာလံ 93:1-5 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ဘုန်း​အ​သ​ရေ​တော်​ကို ဝတ်​ဆင်​တော်​မူ​၍ တန်​ခိုး​အာ​နု​ဘော်​တော်​ကို​ခါး​ပန်း​စည်း​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ခိုင်​မြဲ​စွာ တည်​စေ​တော်​မူ​သည်​ဖြစ်​၍​ယင်း​ကို​လှုပ်​ရှား​၍ မ​ရ​နိုင်​ရာ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ရာ​ဇ​ပလ္လင်​တော်​သည်​အ​စ​အ​ဦး​မှ စ​၍​တည်​တံ့​ခိုင်​မြဲ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကပ်​ကာ​လ​မ​ပေါ်​မီ​က​ပင်​လျှင် ရှိ​နေ​တော်​မူ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ သ​မုဒ္ဒ​ရာ​သည်​အ​သံ​ကို​ဟစ်​၍​အော်​ပါ​၏။ သ​မုဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​သံ​သည်​မြည်​ဟည်း​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သ​မုဒ္ဒ​ရာ မြည်​ဟည်း​သံ​ထက်​လည်း​ကောင်း၊ ပင်​လယ်​လှိုင်း​တံ​ပိုး​များ​ထက်​လည်း​ကောင်း​သာ​၍ တန်​ခိုး​ကြီး​ပြီး​လျှင် အ​ချုပ်​အ​ခြာ​အာ​ဏာ​တော်​ဖြင့်​ကောင်း​ကင်​ဘုံ​တွင် စိုး​စံ​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည်​ထာ​ဝ​စဉ် တည်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​သည်​လည်း​အ​စဉ် အ​မြဲ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ပါ​၏။

ဆာလံ 93:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​သည် စိုးစံ​တော်မူ​၍ ဘုန်းတန်ခိုး​တော်​ကို ဆင်မြန်း​တော်မူ​၏​။ ထာဝရဘုရား​သည် ထိုသို့​ဆင်မြန်း​၍ မိမိကိုယ်ကို​အစွမ်းသတ္တိ​နှင့်​ပတ်စည်း​တော်မူ​၏​။ ကမ္ဘာလောက​သည်​လည်း မ​တုန်လှုပ်​နိုင်​အောင် တည်မြဲ​လျက်​ရှိ​၏​။ ကိုယ်တော်​၏​ပလ္လင်​တော်​သည် ရှေးကာလ​မှစ၍ တည်​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​သည် ထာဝရ​ကတည်းကပင် ရှိ​တော်မူ​၏​။ အို ထာဝရဘုရား​၊ မြစ်​တို့​သည် ဟုန်းဟုန်း​မြည်​ကြ​ပါ​၏​။ မြစ်​တို့​သည် မိမိ​တို့​၏​အသံ​ကို ဟုန်းဟုန်း​မြည်​စေ​ကြ​ပါ​၏​။ မြစ်​တို့​သည် မိမိ​တို့​၏​လှိုင်းခတ်သံ​များ​ကို ဟုန်းဟုန်း​မြည်​စေ​ကြ​ပါ​၏​။ မြင့်သောအရပ်​၌​ရှိ​တော်မူ​သော​ထာဝရဘုရား​သည် များစွာ​သော​ရေ​တို့​၏​မြည်ဟည်းသံ​ထက်​တန်ခိုးကြီး​တော်မူ​၏​။ ပင်လယ်​လှိုင်းတံပိုး​များ​ထက် တန်ခိုးကြီး​တော်မူ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အပြည့်အဝ​ယုံကြည်​စိတ်ချ​ရ​ပါ​၏​။ အို ထာဝရဘုရား​၊ သန့်ရှင်း​ခြင်း​သည် ကိုယ်တော်​၏ အိမ်​တော်​ကို အစဉ်အမြဲ​တင့်တယ်​စေ​ပါ​၏​။