ထာဝရဘုရားသည် စိုးစံတော်မူ၍ ဘုန်းတန်ခိုးတော်ကို ဆင်မြန်းတော်မူ၏။ ထာဝရဘုရားသည် ထိုသို့ဆင်မြန်း၍ မိမိကိုယ်ကိုအစွမ်းသတ္တိနှင့်ပတ်စည်းတော်မူ၏။ ကမ္ဘာလောကသည်လည်း မတုန်လှုပ်နိုင်အောင် တည်မြဲလျက်ရှိ၏။ ကိုယ်တော်၏ပလ္လင်တော်သည် ရှေးကာလမှစ၍ တည်လျက်ရှိပါ၏။ ကိုယ်တော်သည် ထာဝရကတည်းကပင် ရှိတော်မူ၏။ အို ထာဝရဘုရား၊ မြစ်တို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မြစ်တို့သည် မိမိတို့၏အသံကို ဟုန်းဟုန်းမြည်စေကြပါ၏။ မြစ်တို့သည် မိမိတို့၏လှိုင်းခတ်သံများကို ဟုန်းဟုန်းမြည်စေကြပါ၏။ မြင့်သောအရပ်၌ရှိတော်မူသောထာဝရဘုရားသည် များစွာသောရေတို့၏မြည်ဟည်းသံထက်တန်ခိုးကြီးတော်မူ၏။ ပင်လယ်လှိုင်းတံပိုးများထက် တန်ခိုးကြီးတော်မူ၏။ ကိုယ်တော်၏သက်သေခံချက်တို့သည် အပြည့်အဝယုံကြည်စိတ်ချရပါ၏။ အို ထာဝရဘုရား၊ သန့်ရှင်းခြင်းသည် ကိုယ်တော်၏ အိမ်တော်ကို အစဉ်အမြဲတင့်တယ်စေပါ၏။
ဆာလံကျမ်း 93 ကိုဖတ်ပါ။
နားထောင်ပါ။ ဆာလံကျမ်း 93
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံကျမ်း 93:1-5
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ