ဆာလံ 73:23-24
ဆာလံ 73:23-24 Judson Bible (JBMLE)
သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်ထံမှာအစဉ်ရှိ၍၊ အကျွန်ုပ်၏လက်ယာလက်ကို ဆွဲကိုင်တော်မူ၏။ အကျွန်ုပ်ကို ဉာဏ်ပေး၍ ပဲ့ပြင်တော်မူမည်။ နောက်တစ်ဖန် ဘုန်းအသရေ၌ သိမ်းယူတော်မူမည်။
ဆာလံ 73:23-24 Common Language Bible (BCL)
သို့သော်လည်းကျွန်တော်မျိုးသည်ကိုယ်တော် ရှင်၏ ထံတော်ပါးတွင်အစဉ်အမြဲနေပါ၏။ ကိုယ်တော်ရှင်သည်လည်းကျွန်တော်မျိုး၏ လက်ကိုဆွဲကိုင်ထားတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအကြံပေး၍ လမ်းပြတော်မူပြီးလျှင်နောက်ဆုံး၌ ကျွန်တော်မျိုးအားချီးမြှင့်ရန်လက်ခံတော်မူ လိမ့်မည်။
ဆာလံ 73:23-24 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သို့သော် အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အစဉ်မပြတ်ရှိခဲ့ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏လက်ယာလက်ကို ကိုင်ထားတော်မူ၏။ ကိုယ်တော်၏အကြံဉာဏ်အားဖြင့် အကျွန်ုပ်ကိုရှေ့ဆောင်လမ်းပြတော်မူပြီးနောက် ဘုန်းအသရေတော်ထဲသို့ ခေါ်ဆောင်တော်မူလိမ့်မည်။