YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 69:1-5

ဆာလံ 69:1-5 Judson Bible (JBMLE)

အ​ကျွန်ုပ်​ကို ကယ်​ယူ​တော်​မူ​ပါ​ဘု​ရား။ ရေ​သည် အ​ကျွန်ုပ်​အ​သက်​ဝိ​ညာဉ်​တိုင်​အောင် ရောက်​ပါ​ပြီ။ ခြေ​နင်း​ရာ​မ​ရှိ။ နက်​လှ​သော​ရွှံ့​ထဲ​မှာ ကျွံ​ပါ​ပြီ။ လှိုင်း​တံ​ပိုး​လွှမ်း​မိုး​ရာ နက်​သော​ရေ​ထဲ​သို့ ရောက်​ပါ​ပြီ။ အော်​ဟစ်၍ ပင်​ပန်း​ပါ​ပြီ။ လည်​ချောင်း​ခြောက်​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​ကို အ​ကျွန်ုပ်​မျှော်​ကြည့်၍ မျက်​စိ​ပျက်​ပါ​ပြီ။ အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့​သည် အ​ကျွန်ုပ်၏​ဆံ​ပင်​ထက် များ​ကြ​ပါ၏။ မ​ဟုတ်​မ​မှန်​ဘဲ အ​ကျွန်ုပ်​ကို ရန်​ဘက်​ပြု၍ ဖျက်​ဆီး​သော​သူ​တို့​သည် ခွန်​အား​ကြီး​ကြ​ပါ၏။ ထို​အ​ခါ အ​ကျွန်ုပ်​သည် မ​ယူ​သော​ဥ​စ္စာ​ကို​ပင် ပြန်​ပေး​ရ​ပါ၏။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​မိုက်​ခြင်း​အ​မှု​ကို ကိုယ်​တော်​သိ​တော်​မူ၏။ အ​ကျွန်ုပ်၏​အ​ပြစ်​တို့​ကို ရှေ့​တော်၌ ဝှက်၍ မ​ထား​ရ​ပါ။

ဆာလံ 69:1-5 Common Language Bible (BCL)

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ရေ​သည်​ကျွန်​တော်​မျိုး​၏​လည်​မျို​တိုင်​အောင် ရောက်​လျက်​နေ​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​နက်​လှ​သော​ရွှံ့​ထဲ​တွင်​ကျွံ​နေ​ပါ​ပြီ။ ခြေ​နင်း​စ​ရာ​မြေ​မာ​မ​ရှိ​ပါ။ ကျွန်​တော်​မျိုး​သည်​ရေ​နက်​ထဲ​သို့​ရောက်​လျက် ရှိ​ပါ​၏။ လှိုင်း​လုံး​များ​သည်​ကျွန်​တော်​မျိုး​အား လွှမ်း​မိုး​ကြ​ပါ​တော့​မည်။ ကူ​မ​တော်​မူ​ရန်​အော်​ဟစ်​ရ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် မော​ပန်း​နွမ်း​နယ်​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​လည်​ချောင်း​သည်​နာ​လျက်​နေ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​ကူ​မ​တော်​မူ​ရန် မျှော်​ကြည့်​ရ​ဖန်​များ​သ​ဖြင့်​မျက်​စိ​များ​သည် ညောင်း​လျက်​နေ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​အ​ကြောင်း​မဲ့​မုန်း​သော သူ​တို့​၏​အ​ရေ​အ​တွက်​သည်​ကျွန်​တော်​မျိုး ဦး​ခေါင်း​မှ​ဆံ​ပင်​ထက်​ပို​၍​များ​ပါ​၏။ လိမ်​လည်​ပြော​ဆို​၍​ကျွန်​တော်​မျိုး​အား ရန်​ဘက်​ပြု​သူ​တို့​သည်​ခွန်​အား​ကြီး​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​လို​ကြ​ပါ​၏။ သူ​တို့​အား​ကျွန်​တော်​မျိုး​မ​ခိုး​မ​ယူ​သည့် ပစ္စည်း​ဥစ္စာ​များ​ကို​ပြန်​၍​ပေး​ရ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ကိုယ်​တော် ထံ​တော်​မှ ဖုံး​ကွယ်​၍​မ​ရ​ပါ။ ကျွန်​တော်​မျိုး​အ​ဘယ်​မျှ​မိုက်​မဲ​သည်​ကို ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။

ဆာလံ 69:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။ အကြောင်းမူကား ရေ​သည် အကျွန်ုပ်​၏​လည်မျို​တိုင်အောင် ရောက်လာ​ပါ​ပြီ​။ အကျွန်ုပ်​သည် နက်​သော​နွံ​ထဲ၌​နစ်​နေ​ပါ​ပြီ​။ ရပ်စရာမြေမာ​လည်း​မ​ရှိ​ပါ​။ အကျွန်ုပ်​သည် နက်ရှိုင်း​သော​ရေ​ထဲသို့​ရောက်​နေ​ပါ​ပြီ​။ လှိုင်းလုံးကြီး​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​ပါ​ပြီ​။ အကျွန်ုပ်​သည် ဟစ်ခေါ်​ရ​၍ ပင်ပန်း​ပါ​ပြီ​။ အကျွန်ုပ်​၏​အာခေါင်​သည် ခြောက်​ပါ​ပြီ​။ အကျွန်ုပ်​၏​မျက်စိ​သည် အကျွန်ုပ်​၏​ဘုရားသခင်​ကို​မျှော်ကြည့်​ရ​၍ အားအင်ကုန်ခန်း​ပါ​ပြီ​။ အကျွန်ုပ်​ကို အကြောင်းမဲ့​မုန်း​သော​သူ​တို့​သည် အကျွန်ုပ်​၏​ဦးခေါင်း​ပေါ်ရှိ​ဆံပင်​များ​ထက် ပို၍​များပြား​ကြ​ပါ​၏​။ အကျွန်ုပ်​ကို​ဖယ်ရှားသုတ်သင်​လို​သည့် လှည့်ဖြား​တတ်​သော အကျွန်ုပ်​၏​ရန်သူ​တို့​သည် အားကြီး​ကြ​ပါ​၏​။ အကျွန်ုပ်​မ​လုယူ​ခဲ့​သည့်​အရာ​ကို အကျွန်ုပ်​ပြန်ပေး​ရ​ပါ​မည်လော​။ အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​မိုက်မဲမှု​ကို သိ​တော်မူ​၏​။ အကျွန်ုပ်​၏​အပြစ်​များ​ကို ကိုယ်တော့်​ရှေ့​မှ​ဖုံးကွယ်​ထား​၍​မ​ရ​ပါ​။