ဆာလံ 67:5-7
ဆာလံ 67:5-7 Judson Bible (JBMLE)
အို ဘုရားသခင်၊ လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ မြေသည် မိမိဘဏ္ဍာကိုပေး၍၊ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းချီးပေးတော်မူ၏။ ဘုရားသခင်သည် ငါတို့ကိုကောင်းချီးပေးတော်မူဦးမည်။ မြေကြီးစွန်းအပေါင်းတို့သည်လည်း၊ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။
ဆာလံ 67:5-7 Common Language Bible (BCL)
အို ဘုရားသခင်၊ လူမျိုးတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။ လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုပါစေသော။ မြေကြီးသည်အသီးအနှံများကိုဖြစ်ပွားစေပြီ။ ငါတို့၏ဘုရားသည်ငါတို့အား ကောင်းချီးပေးတော်မူပြီ။ ဘုရားသခင်သည်ငါတို့အားကောင်းချီး ပေးတော်မူပြီ။ ကမ္ဘာအရပ်ရပ်ရှိလူအပေါင်းတို့သည်ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြပါစေသော။
ဆာလံ 67:5-7 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အို ဘုရားသခင်၊ လူတို့သည် ကိုယ်တော်ကိုချီးမွမ်းကြပါစေသော။ လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးမွမ်းကြပါစေသော။ မြေကြီးသည် မိမိ၏အသီးအနှံတို့ကိုဖြစ်ထွန်းစေပြီ။ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကိုကောင်းချီးပေးတော်မူလိမ့်မည်။ ဘုရားသခင်သည် ငါတို့ကိုကောင်းချီးပေးတော်မူမည်ဖြစ်၍ ကမ္ဘာမြေအစွန်းရှိသမျှတို့သည် ကိုယ်တော်ကိုကြောက်ရွံ့ကြလိမ့်မည်။