YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 62:5-8

ဆာလံ 62:5-8 Judson Bible (JBMLE)

အ​ကယ်​စင်​စစ် ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​သ​ခင်​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ​တတ်၏။ ငါ​မျှော်​လင့်​ခြင်း​အ​ကြောင်း​သည် အ​ထံ​တော်​က သက်​ရောက်​ရ၏။ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ငါ၏​ကျောက်၊ ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း၊ ငါ​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၍၊ ငါ​သည် လှုပ်​ရှား​ခြင်း​မ​ရှိ​ရာ။ ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း၊ ငါ၏​ဘုန်း​ပွင့်​ခြင်း​အ​ကြောင်း​ကား ဘု​ရား​သ​ခင်​ပေ​တည်း။ ငါ့​ကို အား​ပေး​သော​ကျောက်၊ ငါ​ခို​လှုံ​ရာ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။ အို​လူ​များ​တို့၊ ဘု​ရား​သ​ခင်၌ အ​စဉ်​မ​ပြတ် ခို​လှုံ​ကြ​လော့။ ရှေ့​တော်၌ စိတ်​နှ​လုံး​ကို ဖွင့်​ပြ​ကြ​လော့။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။

ဆာလံ 62:5-8 Common Language Bible (BCL)

ငါ​သည်​ဘု​ရား​သ​ခင်​ကို​သာ​လျှင်​မှီ​ခို​ပါ​၏။ ကိုယ်​တော်​အား​မျှော်​ကိုး​ပါ​၏။ ကိုယ်​တော်​သာ​လျှင်​ငါ​၏​ခို​လှုံ​ရာ​ကျောက် တောင်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​၏​ရဲ​တိုက်​သ​ဖွယ်​ဖြစ်​တော် မူ​၏။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​၏​ကယ်​တင်​ခြင်း​နှင့်​ဂုဏ်​အ​သ​ရေ​သည် ဘု​ရား​သ​ခင်​အ​ပေါ်​တွင်​တည်​ပါ​၏။ ကိုယ်​တော်​သာ​တန်​ခိုး​ကြီး​သည့်​ကာ​ကွယ်​သော ကျောက်​တောင်​ဖြစ်​တော်​မူ​၏။ ငါ​ခို​လှုံ​ရာ​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။ အ​ချင်း​လူ​တို့​ဘု​ရား​သ​ခင်​အား​အ​စဉ် အ​မြဲ ကိုး​စား​ကြ​လော့။ သင်​တို့​၏​ဒုက္ခ​အ​ပေါင်း​ကို​ကိုယ်​တော်​အား ဖော်​ပြ​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​၏။

ဆာလံ 62:5-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားသခင်​၌​သာ ငြိမ်သက်ချမ်းသာမှု​ကို​ခံစား​ရ​၏​။ အကြောင်းမူကား ငါ​၏​မျှော်လင့်​ခြင်း​သည် ကိုယ်တော့်​ထံမှ​လာ​၏​။ ကိုယ်တော်​သာလျှင် ငါ​၏​ကျောက်ဆောင်​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​၊ ငါ​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။ ငါ​သည် တုန်လှုပ်​လိမ့်မည်​မ​ဟုတ်​။ ဘုရားသခင်​ထံ​တော်​၌ ငါ​၏​ကယ်တင်​ခြင်း​နှင့် ငါ​၏​ဘုန်းအသရေ​ရှိ​၏​။ ဘုရားသခင်​သည် ငါ​၏​ခိုင်ခံ့​သော​ကျောက်ဆောင်​၊ ငါ​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​၏​။ အို လူ​များ​တို့​၊ ကိုယ်တော်​ကို အစဉ်အမြဲ​ယုံကြည်ကိုးစား​ကြ​လော့​။ သင်​တို့​၏​စိတ်နှလုံး​ကို ကိုယ်တော်​၏​ရှေ့​တော်​၌ ဖွင့်ဟ​ကြ​လော့​။ ဘုရားသခင်​သည် ငါ​တို့​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​၏​။ (​စေလာ )

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။