YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 62

62
ထာ​ဝ​ရ​ဘု​ရား​သာ​လျှင်​ကွယ်​ကာ​ရာ
1အ​ကယ်​စင်​စစ် ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​သ​ခင်​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ​တတ်၏။ ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း​သည် အ​ထံ​တော်​က သက်​ရောက်​ရ၏။ 2အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ငါ၏​ကျောက်၊ ငါ့​ကို​ကယ်​တင်​ခြင်း​အ​ကြောင်း၊ ငါ့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၍၊ ငါ၌ လှုပ်​ရှား​ခြင်း​များ​စွာ မ​ရှိ​ရာ။ 3သင်​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး တစ်​ယောက်​သော​သူ​ကို တိုက်​ကြ​မည်​နည်း။ သူ့​ကို တိမ်း​သော​အုတ်​ရိုး၊ လှုပ်​သော ထ​ရံ​ကဲ့​သို့​မှတ်၍၊ သင်​တို့​အ​ပေါင်း​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ဖြို​ဖျက်​ကြ​မည်​နည်း။ 4ထို​သူ​ကို မြင့်​သော​အ​ရပ်​က လှဲ​ခြင်း​ငှာ ကြံ​စည်​လျက်​နေ​ကြ၏။ မု​သား​ကို​နှစ်​သက်​ကြ၏။ နှုတ်​ဖြင့်​ကား၊ ကောင်း​ချီး​ကို​ပေး​လျက်၊ နှ​လုံး၌​ကား၊ ကျိန်​ဆဲ​ခြင်း​ကို ပြု​တတ်​ကြ၏။
5အ​ကယ်​စင်​စစ် ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​သ​ခင်​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ​တတ်၏။ ငါ​မျှော်​လင့်​ခြင်း​အ​ကြောင်း​သည် အ​ထံ​တော်​က သက်​ရောက်​ရ၏။ 6အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ငါ၏​ကျောက်၊ ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း၊ ငါ​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၍၊ ငါ​သည် လှုပ်​ရှား​ခြင်း​မ​ရှိ​ရာ။ 7ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း၊ ငါ၏​ဘုန်း​ပွင့်​ခြင်း​အ​ကြောင်း​ကား ဘု​ရား​သ​ခင်​ပေ​တည်း။ ငါ့​ကို အား​ပေး​သော​ကျောက်၊ ငါ​ခို​လှုံ​ရာ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။ 8အို​လူ​များ​တို့၊ ဘု​ရား​သ​ခင်၌ အ​စဉ်​မ​ပြတ် ခို​လှုံ​ကြ​လော့။ ရှေ့​တော်၌ စိတ်​နှ​လုံး​ကို ဖွင့်​ပြ​ကြ​လော့။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။
9အ​ကယ်​စင်​စစ် ယုတ်​ညံ့​သော​သူ​တို့​သည် အ​န​တ္တ၊ အ​သ​ရေ​ရှိ​သော​သူ​တို့​သည် မု​သား​ဖြစ်​ကြ၏။ ချိန်​ခွင်​နှင့် ချိန်​စက်​လျှင် ထို​သူ​အ​ပေါင်း​တို့​သည် အ​န​တ္တ​ထက်​သာ၍​ပေါ့​ကြ၏။ 10ညှဉ်း​ဆဲ​ခြင်း​ကို မ​ကိုး​စား​ကြ​နှင့်။ အ​နိုင်​အ​ထက်​လု​ယူ၍ မ​ဝါ​ကြွား​ကြ​နှင့်။ ဥ​စ္စာ​များ​ပြား​လျှင် စိတ်​စွဲ​လမ်း​ခြင်း မ​ရှိ​ကြ​နှင့်။ 11ဘု​ရား​သ​ခင်​သည် တစ်​ကြိမ် ဗျာ​ဒိတ်​ပေး​တော်​မူ​ပြီ။ နှစ်​ကြိမ်​မြောက် ငါ​ကြား​ရ​သော ဗျာ​ဒိတ်​တော်​ဟူ​မူ​ကား၊ တန်​ခိုး​သည် ဘု​ရား​သ​ခင်၌​ရှိ၏။ 12အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် က​ရု​ဏာ​နှင့် ပြည့်​စုံ​တော်​မူ၏။ ကိုယ်​တော်​သည် လူ​အ​သီး​အ​သီး​တို့​အား သူ​တို့​အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ၏။#ယောဘ၊ ၃၄:၁၁၊ ယေ၊ ၁၇:၁၀၊ မ၊ ၁၆:၂၇၊ ရော၊ ၂:၆၊ ဗျာ၊ ၂:၂၃။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 62: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။