YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 51:7-10

ဆာလံ 51:7-10 Judson Bible (JBMLE)

အ​ကျွန်ုပ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ ဟုဿုပ်​ပင်​ညွန့်​နှင့် သန့်​ရှင်း​ခြင်း​မင်္ဂ​လာ​ကို ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မိုး​ပွင့်​ထက်​သာ၍ ဖြူ​စေ​ခြင်း​ငှာ ဆေး​ကြော​တော်​မူ​ပါ။ စိတ်​သက်​သာ​ဝမ်း​မြောက်​ခြင်း​ရှိ​မည်​အ​ကြောင်း​စ​ကား​ကို အ​ကျွန်ုပ်​အား ကြား​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ ချိုး​ဖဲ့​တော်​မူ​သော အ​ရိုး​တို့​သည် ရွှင်​မြူး​ခြင်း​ရှိ​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​လွန်​ကျူး​ခြင်း ဒု​စ​ရိုက်​တို့​မှ မျက်​နှာ​တော်​ကို​လွှဲ၍၊ အ​ကျွန်ုပ်​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို​လည်း ဖြေ​တော်​မူ​ပါ။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ထဲ၌ စင်​ကြယ်​သော​နှ​လုံး​ကို ဖန်​ဆင်း​တော်​မူ​ပါ။ မြဲ​မြံ​တည်​ကြည်​သော သ​ဘော​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။

ဆာလံ 51:7-10 Common Language Bible (BCL)

ကျွန်​တော်​မျိုး​၏​အ​ပြစ်​ကို​ဖယ်​ရှား​တော်​မူ​ပါ။ သို့​ပြု​လျှင်​ကျွန်​တော်​မျိုး​သည်​သန့်​စင်​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အား​ဆေး​ကြော​တော်​မူ​ပါ။ သို့​ပြု​လျှင်​ကျွန်​တော်​မျိုး​သည်​မိုး​ပွင့်​ထက်​ပင် ပို​၍​ဖြူ​ပါ​လိမ့်​မည်။ ရွှင်​လန်း​ဝမ်း​မြောက်​သံ​များ​ကို​ကျွန်​တော်​မျိုး​အား ကြား​ခွင့်​ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား စိတ်​ပျက်​အား​လျော့​စေ​တော်​မူ​သော်​လည်း ကျွန်​တော်​မျိုး​သည်​တစ်​ဖန်​ပြန်​၍​ရွှင်​ပျ​လာ ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​မှ​မျက်​နှာ​လွှဲ​၍ ကျွန်​တော်​မျိုး​၏​ဒု​စ​ရိုက်​ရှိ​သ​မျှ​ကို​လည်း ပ​ပျောက်​စေ​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကို​သန့်​ရှင်း ဖြူ​စင်​အောင် ပြု​ပြင်​တော်​မူ​ပါ။ ကြံ့​ခိုင်​တည်​ကြည်​သော​စိတ်​သ​ဘော​သစ်​ကို ပေး​တော်​မူ​ပါ။

ဆာလံ 51:7-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကျွန်ုပ်​ကို ဟုဿုပ်ခက်​ဖြင့် သန့်စင်​စေ​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် စင်ကြယ်​ပါ​လိမ့်မည်​။ အကျွန်ုပ်​ကို​ဆေးကြော​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် နှင်းပွင့်​ထက် ပို၍​ဖြူ​ပါ​လိမ့်မည်​။ အကျွန်ုပ်​အား ရွှင်မြူး​ခြင်း​နှင့်​ဝမ်းမြောက်​ခြင်း​ကို ကြား​စေ​တော်မူ​ပါ​။ ကိုယ်တော်​ကြေမွ​စေ​သော​အရိုး​တို့​ကို​လည်း ရွှင်လန်း​စေ​တော်မူ​ပါ​။ အကျွန်ုပ်​၏​အပြစ်​များ​မှ မျက်နှာ​တော်​လွှဲ​၍ အကျွန်ုပ်​၏​ဒုစရိုက်​အားလုံး​ကို ပယ်ဖျက်​တော်မူ​ပါ​။ အို ဘုရားသခင်​၊ အကျွန်ုပ်​အထဲ​၌ စင်ကြယ်​သော​စိတ်နှလုံး​ကို ဖန်ဆင်း​တော်မူ​ပါ​။ အကျွန်ုပ်​အတွင်း​ထဲ၌ တည်ကြည်​သော စိတ်သဘော​ကို အသစ်​ပြုပြင်​တော်မူ​ပါ​။