ဆာလံ 42:6
ဆာလံ 42:6 Judson Bible (JBMLE)
အကျွန်ုပ်စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲမှာ ညှိုးငယ်လျက်ရှိပါ၏။ အကြောင်းမူကား၊ ယော်ဒန်မြစ်ကမ်း၊ ဟေရမုန်တောင်ရိုး၊ မိဇရကုန်းပေါ်မှာ ကိုယ်တော်ကို အကျွန်ုပ်အောက်မေ့ပါ၏။
ဆာလံ 42:6-7 Common Language Bible (BCL)
ယခုပြည်နှင်ဒဏ်ငါခံနေရချိန်၌ငါ၏ စိတ်နှလုံးသည်ကြေကွဲလျက်ရှိ၏။ သို့ဖြစ်၍ငါသည်ကိုယ်တော်ကို အောက်မေ့သတိရပါ၏။ ကိုယ်တော်သည်ဟေရမုန်တောင်နှင့် မိဇရတောင်မှဝမ်းနည်းခြင်းလှိုင်းလုံးများကို စေလွှတ်တော်မူပြီးလျှင် ယော်ဒန်မြစ်မှရေတံခွန်စီးဆင်းလာသကဲ့သို့ အသံဗလံနှင့်ငါ့ကိုလွှမ်းမိုးစေတော်မူပါ၏။
ဆာလံ 42:6 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲ၌ ညှိုးငယ်လျက်ရှိပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ဂျော်ဒန်မြစ်ဝှမ်းနှင့် ဟေရမုန်တောင်ရိုးတို့မှလည်းကောင်း၊ မိဇရတောင်မှလည်းကောင်း ကိုယ်တော်ကိုအောက်မေ့ပါ၏။