YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 40:10-13

ဆာလံ 40:10-13 Judson Bible (JBMLE)

ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ခြင်း​တ​ရား​ကို အ​ကျွန်ုပ်​သည် ကိုယ်​နှ​လုံး​ထဲ​မှာ ဝှက်၍​မ​ထား​ပါ​နှင့်။ သ​စ္စာ​စောင့်​တော်​မူ​ခြင်း​တ​ရား​နှင့် ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို ဟော​ပြော​ပါ​ပြီ။ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကို ပ​ရိ​သတ်​ကြီး​အ​လယ်​မှာ မ​ထိမ်​မ​ဝှက်​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၌ သ​နား​စုံ​မက်​တော်​မူ​ခြင်း​စိတ်​ကို မ​ချုပ်​တည်း​ပါ​နှင့်။ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​သည် အ​ကျွန်ုပ်​ကို အ​စဉ်​စောင့်​မ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ အ​တိုင်း​မ​သိ များ​စွာ​သော​ဘေး​ဥ​ပဒ်​တို့​သည် အ​ကျွန်ုပ်​ကို ဝိုင်း​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​မျှော်၍ မ​ကြည့်​နိုင်​အောင် ခံ​ရ​သော​အ​ပြစ်​တို့​သည် အ​ကျွန်ုပ်​ကို​မီ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​ဆံ​ပင်​ထက် များ​ပြား​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​နှ​လုံး​သည် အား​လျော့​ပါ​ပြီ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​နုတ်​ယူ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ပြု​တော်​မူ​ပါ။

ဆာလံ 40:10-13 Common Language Bible (BCL)

ကျွန်​တော်​မျိုး​သည်​ကယ်​တင်​ခြင်း​သ​တင်း​တော်​ကို မျို​သိပ်​၍​မ​ထား​ပါ။ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​အ​ကြောင်း​နှင့် ကူ​မ​တော်​မူ​ခြင်း​အ​ကြောင်း​တို့​ကို အ​စဉ်​ပင်​ဖော်​ပြ​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ စု​ဝေး​ရာ​၌ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​နှင့် ခိုင်​မြဲ​သော​မေတ္တာ​တော်​အ​ကြောင်း​တို့​ကို မ​ထိမ်​မ​ဝှက်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​စဉ် သ​နား​ကြင်​နာ​တော်​မူ​မည်​ကို​ကျွန်​တော် မျိုး​သိ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​နှင့်​သစ္စာ​တော်​သည် ကျွန်​တော်​မျိုး​အား​အ​စဉ်​အ​မြဲ​စောင့်​ထိန်း​ပါ လိမ့်​မည်။ ရေ​တွက်​၍​မ​ရ​နိုင်​အောင်​များ​မြောင်​သော ဘေး​ဒုက္ခ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဝိုင်း​ရံ​လျက် ရှိ​ပါ​သည်​တ​ကား။ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​က​ကျွန်​တော်​မျိုး​အား လိုက်​၍​မီ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် မ​မြင်​နိုင်​တော့​ပါ။ ယင်း​အ​ပြစ်​တို့​သည်​ကျွန်​တော်​မျိုး​ဦး​ခေါင်း​မှ ဆံ​ပင်​ထက်​များ​ပြား​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​စိတ်​ပျက်​အား​လျော့​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ယ​ခု​ပင်​ကူ​မ​တော်​မူ​ပါ။

ဆာလံ 40:10-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကျွန်ုပ်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို အကျွန်ုပ်​စိတ်နှလုံး​ထဲ၌ ဖုံးကွယ်​မ​ထား​ပါ​။ ကိုယ်တော်​၏​သစ္စာ​တော်​နှင့် ကိုယ်တော်​၏​ကယ်တင်​ခြင်း​အကြောင်း​ကို အကျွန်ုပ်​ပြောကြား​ပါ​ပြီ​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​နှင့် ကိုယ်တော်​၏​သမ္မာတရား​ကို လူအစုအဝေး​ကြီး​အလယ်​၌ အကျွန်ုပ်​ထိမ်ဝှက်​မ​ထား​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​အား သနားစုံမက်​ခြင်း​ကို ချုပ်တည်း​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် ကိုယ်တော်​၏​သမ္မာတရား​သည် အကျွန်ုပ်​ကို အစဉ်​ကာကွယ်​စောင့်ရှောက်​ပါစေသော​။ အကြောင်းမူကား မ​ရေ​မ​တွက်​နိုင်​သော​ဘေးအန္တရာယ်​များ​သည် အကျွန်ုပ်​ကို​ဝန်းရံ​လျက်​ရှိ​ကြ​ပါ​၏​။ အကျွန်ုပ်​၏​ဒုစရိုက်​များ​သည် အကျွန်ုပ်​ကို​ဖုံးလွှမ်း​သဖြင့် အကျွန်ုပ်​ဘာမျှ မ​မြင်​နိုင်​တော့​ပါ​။ ၎င်း​တို့​သည် အကျွန်ုပ်​၏​ဦးခေါင်း​မှ​ဆံပင်​များ​ထက် များပြား​၍ အကျွန်ုပ်​၏​စိတ်နှလုံး​သည် အားလျော့​ပါ​ပြီ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ကယ်နုတ်​ရန် အလိုရှိ​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ကူညီမစ​ရန် အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။