YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 40:1-17

ဆာလံ 40:1-17 Judson Bible (JBMLE)

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို စေ့​စေ့​မျှော်​လင့်​သည်​ကာ​လ၊ ငါ့​ကို မျက်​နှာ​ပြု၍ ငါ​အော်​ဟစ်​သော​အ​သံ​ကို ကြား​တော်​မူ၏။ ပျက်​စီး​ရာ​တွင်း​နှင့် အ​လွန်​ဆိုး​သော​ရွှံ့​ထဲ​က ငါ့​ကို​ဆယ်​နုတ်​ပြီး​လျှင် ငါ့​ခြေ​တို့​ကို ကျောက်​ပေါ်​မှာ​တင်၍ ငါ​ခြေ​ရာ​တို့​ကို တည်​စေ​တော်​မူ၏။ ထို​သို့ ငါ​တို့​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ရာ​သီ​ချင်း​သစ်​ကို ငါ​မြွက်​ဆို​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ၏။ လူ​များ​တို့​သည် သိ​မြင်၍ ကြောက်​ရွံ့​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ကြ​လိမ့်​မည်။ မာ​န​ထောင်​လွှား​သော​သူ​နှင့် မိ​စ္ဆာ​တ​ရား​လမ်း​သို့ လွှဲ​သွား​သော သူ​တို့​ကို မ​မှီ​ဝဲ၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အ​ဖို့ ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​နှင့် ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​တို့​သည် များ​လှ​ပါ၏။ ရှေ့​တော်၌ အ​စဉ်​အ​တိုင်း လျှောက်၍​မ​ကုန်​နိုင်​ပါ။ အ​ကျွန်ုပ် ထုတ်​ဖော်​ကြား​ပြော​မည်​ဟု ဆို​သော်၊ ရေ​တွက်၍ မ​ကုန်​နိုင်​အောင်​များ​လှ​ပါ၏။ ကိုယ်​တော်​သည် ယဇ်​နှင့်​ပူ​ဇော်​သ​ကာ​ကို အ​လို​တော်​မ​ရှိ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​နား​ကို ဖွင့်​တော်​မူ​ပြီ။ မီး​ရှို့​ရာ​ယဇ်​နှင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​များ​ကို တောင်း​တော်​မ​မူ​သော​အ​ခါ၊ ကျမ်း​စာ​လိပ်၌ အ​ကျွန်ုပ်​ကို​အ​မှတ်​ပြု၍ ရေး​ထား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​သည်​သွား​ပါ​မည်​ဟု ဝန်​ခံ​ပါ၏။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​အ​လို​ကို ဆောင်​ရာ၌ အ​ကျွန်ုပ်​သည် အား​ရ​ဝမ်း​မြောက်​ပါ၏။ ကိုယ်​တော်၏ တ​ရား​သည်​လည်း အ​ကျွန်ုပ်​နှ​လုံး​ထဲ​မှာ​ရှိ​ပါ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ပ​ရိသတ်​ကြီး​အ​လယ်​မှာ အ​ကျွန်ုပ်​ဟော​ပါ​ပြီ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​နှုတ်​ကို​ပိတ်၍ မ​နေ​ကြောင်း​ကို ကိုယ်​တော်​သိ​တော်​မူ၏။ ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ခြင်း​တ​ရား​ကို အ​ကျွန်ုပ်​သည် ကိုယ်​နှ​လုံး​ထဲ​မှာ ဝှက်၍​မ​ထား​ပါ​နှင့်။ သ​စ္စာ​စောင့်​တော်​မူ​ခြင်း​တ​ရား​နှင့် ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို ဟော​ပြော​ပါ​ပြီ။ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကို ပ​ရိ​သတ်​ကြီး​အ​လယ်​မှာ မ​ထိမ်​မ​ဝှက်​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၌ သ​နား​စုံ​မက်​တော်​မူ​ခြင်း​စိတ်​ကို မ​ချုပ်​တည်း​ပါ​နှင့်။ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​သည် အ​ကျွန်ုပ်​ကို အ​စဉ်​စောင့်​မ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ အ​တိုင်း​မ​သိ များ​စွာ​သော​ဘေး​ဥ​ပဒ်​တို့​သည် အ​ကျွန်ုပ်​ကို ဝိုင်း​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​မျှော်၍ မ​ကြည့်​နိုင်​အောင် ခံ​ရ​သော​အ​ပြစ်​တို့​သည် အ​ကျွန်ုပ်​ကို​မီ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​ဆံ​ပင်​ထက် များ​ပြား​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​နှ​လုံး​သည် အား​လျော့​ပါ​ပြီ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​နုတ်​ယူ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ပြု​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​သက်​ကို သတ်​ခြင်း​ငှာ ရှာ​ကြံ​သော သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ၍ မျက်​နှာ​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်၌ အ​န္တ​ရာယ်​ပြု​ချင်​သော​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ၍ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​ကို အေ့​ဟေ၊ အေ့​ဟေ​ဟု ဆို​သော​သူ​တို့​သည် အ​ရှက်​ကွဲ​ခြင်း​အား​ဖြင့် မှိုင်​တွေ​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ကို​ရှာ​သော​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်၌ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို နှစ်​သက်​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း​ဟု အ​စဉ်​မ​ပြတ် ပြော​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​မူ​ကား၊ ဆင်း​ရဲ​ငတ်​မွတ်​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ကို​အောက်​မေ့​တော်​မူ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မ​စ​သော​သူ၊ ကယ်​တင်​သော​သူ​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ဆိုင်း​လင့်​တော်​မ​မူ​ပါ​နှင့်။

ဆာလံ 40:1-17 Common Language Bible (BCL)

ငါ​သည်​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​မည်​ကို သည်း​ခံ​စောင့်​မျှော်​လျက်​နေ​သော​အ​ခါ ကိုယ်​တော်​သည်​နား​စွင့်​တော်​မူ​၍​ငါ​၏ ဟစ်​အော်​သံ​ကို​ကြား​တော်​မူ​၏။ ကိုယ်​တော်​သည်​ကြောက်​မက်​ဖွယ်​ကောင်း​သည့် တွင်း​နှင့်​ရွှံ့​နွံ​ထဲ​မှ​ငါ့​ကို​ဆွဲ​တင်​တော်​မူ​၏။ ထို​နောက်​ငါ့​အား​ကျောက်​ပေါ်​တွင်​တင်​၍ ထား​တော်​မူ​ပြီး​လျှင်​လုံ​ခြုံ​မှု​ကို​ပေး​တော်​မူ​၏။ ငါ​တို့​၏​ဘု​ရား​အား​ထော​မ​နာ​ပြု​ရာ သီ​ချင်း​သစ်​ကို​ဆို​ရန်​ကိုယ်​တော်​သည်​ငါ့​အား သင်​ကြား​ပေး​တော်​မူ​၏။ ယင်း​သို့​ပြု​တော်​မူ​သည်​ကို​မြင်​ကြ​ရ​သူ တို့​သည် ကြောက်​ရွံ့​ရို​သေ​ကြ​ကုန်​လျက် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​ကြ​လိမ့်​မည်။ အ​ခြား​ဘု​ရား​များ​ကို​မ​ဆည်း​ကပ်၊ မိစ္ဆာ​ဘု​ရား​များ​ကို​ရှိ​မ​ခိုး​ဘဲ​ထာ​ဝ​ရ​ဘု​ရား​အား ကိုး​စား​သူ​သည်​မင်္ဂလာ​ရှိ​၏။ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အ​တွက် များ​စွာ​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​နှင့်​နှိုင်း​ယှဉ်​နိုင်​သူ​တစ်​ယောက် မျှ​မ​ရှိ​ပါ။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​တို့​အ​တွက် ကြံ​စည်​သော​အ​ကြံ​အ​စည်​တော်​တို့​သည် အံ့​သြ​ဖွယ်​ဖြစ်​ပါ​၏။ ထို​အ​မှု​အ​ရာ​တို့​သည်​များ​ပြား​လှ​သ​ဖြင့် ယင်း​တို့​ကို​မ​ရေ​မ​တွက်​နိုင်​ပါ။ ကိုယ်​တော်​ရှင်​သည်​ယဇ်​နှင့်​ပူ​ဇော်​သ​ကာ​များ​ကို အ​လို​ရှိ​တော်​မ​မူ​ပါ။ တိ​ရစ္ဆာန်​တစ်​ကောင်​လုံး​မီး​ရှို့​ရာ ယဇ်​တို့​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​တို့​ကို​လည်း​ကောင်း ကိုယ်​တော်​ရှင်​သည်​တောင်း​တော်​မ​မူ​ပါ။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ကိုယ်​တော်​အား ကြား​ရန် ကျွန်​တော်​မျိုး​အား​နား​ကို​ပေး​တော်​မူ​ပါ​ပြီ။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ပြန်​လျှောက်​ထား​ပါ​၏။ ``ကျွန်​တော်​မျိုး​အ​သင့်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​အ​တွက်​ကိုယ်​တော်​ရှင်​ပေး​တော် မူ​သော ညွှန်​ကြား​ချက်​များ​သည်​ပ​ညတ်​ကျမ်း​၌​ပါ ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​၏​အ​လို​တော်​ကို​လိုက်​နာ​ရန် လွန်​စွာ​နှစ်​သက်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​စိတ်​နှ​လုံး အ​တွင်း​၌ မှတ်​ကြုံး​ထား​ပါ​၏။'' အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​စု​ဝေး​ရာ​၌ ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင် ကယ်​တော်​မူ​ကြောင်း​သ​တင်း​ကောင်း​ကို ပြော​ကြား​ပါ​၏။ ဤ​အ​ကြောင်း​ကို​ကျွန်​တော်​မျိုး​သည်​အ​စဉ် မ​ပြတ် ပြော​ကြား​နေ​မည်​ဖြစ်​ကြောင်း​ကိုယ်​တော်​ရှင် သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကယ်​တင်​ခြင်း​သ​တင်း​တော်​ကို မျို​သိပ်​၍​မ​ထား​ပါ။ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​အ​ကြောင်း​နှင့် ကူ​မ​တော်​မူ​ခြင်း​အ​ကြောင်း​တို့​ကို အ​စဉ်​ပင်​ဖော်​ပြ​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ စု​ဝေး​ရာ​၌ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​နှင့် ခိုင်​မြဲ​သော​မေတ္တာ​တော်​အ​ကြောင်း​တို့​ကို မ​ထိမ်​မ​ဝှက်​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​စဉ် သ​နား​ကြင်​နာ​တော်​မူ​မည်​ကို​ကျွန်​တော် မျိုး​သိ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​နှင့်​သစ္စာ​တော်​သည် ကျွန်​တော်​မျိုး​အား​အ​စဉ်​အ​မြဲ​စောင့်​ထိန်း​ပါ လိမ့်​မည်။ ရေ​တွက်​၍​မ​ရ​နိုင်​အောင်​များ​မြောင်​သော ဘေး​ဒုက္ခ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဝိုင်း​ရံ​လျက် ရှိ​ပါ​သည်​တ​ကား။ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​က​ကျွန်​တော်​မျိုး​အား လိုက်​၍​မီ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် မ​မြင်​နိုင်​တော့​ပါ။ ယင်း​အ​ပြစ်​တို့​သည်​ကျွန်​တော်​မျိုး​ဦး​ခေါင်း​မှ ဆံ​ပင်​ထက်​များ​ပြား​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​စိတ်​ပျက်​အား​လျော့​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ယ​ခု​ပင်​ကူ​မ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ကြ​သူ တို့​သည် လုံး​ဝ​အ​ရေး​ရှုံး​နိမ့်​၍​က​စဥ့်​က​ရဲ​ဖြစ်​ကြ ပါ​စေ​သော။ ကျွန်​တော်​မျိုး​၏​ဒုက္ခ​များ​ကို​အ​ကြောင်း​ပြု​၍ ဝမ်း​မြောက်​ကြ​သူ​တို့​သည်​တပ်​လန်​၍ အ​ရှက်​ကွဲ​ရ​ကြ​ပါ​စေ​သော။ ကွန်​တော်​မျိုး​အား​ပြောင်​လှောင်​ကြ​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​၍​တုန်​လှုပ်​ချောက်​ချား​ကြ​ပါ​စေ သော။ ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​အ​တွက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​သူ​အ​ပေါင်း​တို့ သည် ``ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​ကြီး​မြတ်​တော်​မူ ပါ​ပေ​သည်'' ဟု အ​စဉ်​မ​ပြတ်​ချီး​ကူး​နိုင်​ကြ​ပါ​စေ​သော။ အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​သည်​အား​အင်​ချိ​နဲ့​၍ ခို​ကိုး​ရာ​မဲ့​သူ​ဖြစ်​သော်​လည်း ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို သ​တိ​ရ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ရန်​အ​လျင် အ​မြန် ကြွ​တော်​မူ​ပါ။

ဆာလံ 40:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် ထာဝရဘုရား​ကို စေ့စေ့​စောင့်မျှော်​လျက်​နေ​၏​။ ကိုယ်တော်​သည် ငါ့​ဘက်​သို့​လှည့်​၍ ငါ​၏​အော်ဟစ်သံ​ကို ကြား​တော်မူ​၏​။ ကိုယ်တော်​သည် ကြောက်မက်ဖွယ်​သေတွင်း​နှင့် ရွှံ့​နွံ​ထဲမှ အကျွန်ုပ်​ကို​ထုတ်ဆောင်​တော်မူ​ပြီးလျှင် အကျွန်ုပ်​၏​ခြေ​ကို ကျောက်​ပေါ်၌​ရပ်​စေ​၍ အကျွန်ုပ်​၏​ခြေလှမ်း​များ​ကို မြဲမြံ​စေ​တော်မူ​၏​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ကို ချီးမွမ်း​ရာ​သီချင်း​အသစ်​ကို​လည်း အကျွန်ုပ်​၏​နှုတ်​၌ သွင်းပေး​တော်မူ​၏​။ များစွာ​သော​လူ​တို့​သည် မြင်​၍​ကြောက်ရွံ့​လျက် ထာဝရဘုရား​ကို ယုံကြည်ကိုးစား​ကြ​လိမ့်မည်​။ မာနထောင်လွှား​သော​သူ​တို့​နှင့် လိမ်လည်မှု​နောက်သို့​လိုက်သွား​သော​သူ​တို့​ထံသို့ မ​လှည့်​ဘဲ ထာဝရဘုရား​ကို ကိုးစား​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ အို အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တည်းဟူသော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​နှင့် အကျွန်ုပ်​တို့​အတွက် ကိုယ်တော်​၏​အကြံအစည်​များ​သည် များပြား​လှ​ပါ​၏​။ ကိုယ်တော်​နှင့်​နှိုင်းယှဉ်​ရ​မည့်​သူ​မ​ရှိ​ပါ​။ ထို​အမှု​တို့​ကို အကျွန်ုပ်​ထုတ်ဖော်​၍​ပြောဆို​သောအခါ ရေတွက်​မကုန်​နိုင်​အောင် များပြား​လှ​ပါ​၏​။ ကိုယ်တော်​သည် ယဇ်ကောင်​နှင့်​ပူဇော်သက္ကာ​ကို နှစ်သက်​တော်​မ​မူ​ပါ​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​နား​ကို​ဖွင့်​ပေး​တော်မူ​၏​။ ကိုယ်တော်​သည် မီးရှို့ရာယဇ်​နှင့်​အပြစ်ဖြေရာယဇ်​ကို တောင်း​တော်​မ​မူ​ပါ​။ ထိုအခါ အကျွန်ုပ်​က “​ကျမ်းစာလိပ်​၌ အကျွန်ုပ်​ကို​ရည်ညွှန်း​၍​ရေး​ထား​သည့်​အတိုင်း အကျွန်ုပ်​လာ​ပါ​ပြီ​။ အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​အလို​တော်​ဆောင်ရွက်​ရ​သည်​ကို အကျွန်ုပ်​နှစ်သက်​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​သည်​လည်း အကျွန်ုပ်​၏​စိတ်နှလုံး​ထဲ​၌​ရှိ​ပါ​၏​”​ဟု လျှောက်​၏​။ အကျွန်ုပ်​သည် လူအစုအဝေး​ကြီး​အလယ်​၌ ဖြောင့်မတ်​ခြင်း​နှင့်​ဆိုင်​သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ပါ​ပြီ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် မိမိ​နှုတ်​ကို​ပိတ်​၍​မ​နေ​ကြောင်း ကိုယ်တော်​သိ​တော်မူ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို အကျွန်ုပ်​စိတ်နှလုံး​ထဲ၌ ဖုံးကွယ်​မ​ထား​ပါ​။ ကိုယ်တော်​၏​သစ္စာ​တော်​နှင့် ကိုယ်တော်​၏​ကယ်တင်​ခြင်း​အကြောင်း​ကို အကျွန်ုပ်​ပြောကြား​ပါ​ပြီ​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​နှင့် ကိုယ်တော်​၏​သမ္မာတရား​ကို လူအစုအဝေး​ကြီး​အလယ်​၌ အကျွန်ုပ်​ထိမ်ဝှက်​မ​ထား​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​အား သနားစုံမက်​ခြင်း​ကို ချုပ်တည်း​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် ကိုယ်တော်​၏​သမ္မာတရား​သည် အကျွန်ုပ်​ကို အစဉ်​ကာကွယ်​စောင့်ရှောက်​ပါစေသော​။ အကြောင်းမူကား မ​ရေ​မ​တွက်​နိုင်​သော​ဘေးအန္တရာယ်​များ​သည် အကျွန်ုပ်​ကို​ဝန်းရံ​လျက်​ရှိ​ကြ​ပါ​၏​။ အကျွန်ုပ်​၏​ဒုစရိုက်​များ​သည် အကျွန်ုပ်​ကို​ဖုံးလွှမ်း​သဖြင့် အကျွန်ုပ်​ဘာမျှ မ​မြင်​နိုင်​တော့​ပါ​။ ၎င်း​တို့​သည် အကျွန်ုပ်​၏​ဦးခေါင်း​မှ​ဆံပင်​များ​ထက် များပြား​၍ အကျွန်ုပ်​၏​စိတ်နှလုံး​သည် အားလျော့​ပါ​ပြီ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ကယ်နုတ်​ရန် အလိုရှိ​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ကူညီမစ​ရန် အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။ အကျွန်ုပ်​အသက်​ကို​ဖျက်ဆီး​ရန် ရှာကြံ​သော​သူ​တို့​သည် အတူတကွ​အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​ကို​ဒုက္ခရောက်​စေ​လို​သော​သူ​တို့​သည် နောက်​သို့​ပြန်ဆုတ်​၍ အသရေပျက်​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​ကို “​ဟား​ဟား​”​ဟု ရယ်မော​ပြောဆို​သော​သူ​တို့​သည် မိမိ​တို့​ခံရ​သော​အရှက်ကွဲ​ခြင်း​ကြောင့် တုန်လှုပ်ချောက်ချား​ကြ​ပါစေသော​။ ကိုယ်တော်​ကို​ရှာ​သော​သူ​အပေါင်း​တို့​သည် ကိုယ်တော်​၌​ရွှင်မြူး​လျက်​ဝမ်းမြောက်​ကြ​ပါစေသော​။ ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို​မြတ်နိုး​သော​သူ​တို့​က “​ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၏​”​ဟု အစဉ်​မြွက်ဆို​ကြ​ပါစေသော​။ အကျွန်ုပ်​မူကား အဖိနှိပ်​ခံရ​သော​သူ​၊ နွမ်းပါး​သော​သူ​ဖြစ်​ပါ​၏​။ ဘုရားရှင်​သည် အကျွန်ုပ်​အတွက်​စဉ်းစား​ပေး​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​သော​အရှင်​၊ အကျွန်ုပ်​ကို​ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​၏​ဘုရားသခင်​၊ နှောင့်နှေး​တော်​မ​မူ​ပါ​နှင့်​။