YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 37:9-13

ဆာလံ 37:9-13 Judson Bible (JBMLE)

ပြစ်​မှား​သော​သူ​တို့​သည် ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ ပြည်​တော်​ကို အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။ ခ​ဏ​ကြာ​ပြီး​မှ၊ မ​တ​ရား​သော​သူ​သည် မ​ရှိ​ရ။ သူ၏​နေ​ရာ​ကို စေ့​စေ့​ရှာ၍​မ​တွေ့​ရ။ စိတ်​နှိမ့်​ချ​သော​သူ​တို့​မူ​ကား၊ ပြည်​တော်​ကို​အ​မွေ​ခံ၍၊ များ​ပြား​သော​ငြိမ်​သက်​ခြင်း၌ မွေ့​လျော်​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ​သည် ဖြောင့်​မတ်​သော​သူ​တစ်​ဖက်၌ ကြံ​စည်၍ အံ​သွား​ခဲ​ကြိတ်​တတ်၏။ သို့​သော်​လည်း သူ၏​နေ့​ရက်​အ​ချိန်​ရောက်​မည်​ကို ဘု​ရား​ရှင်​သိ​မြင်၍၊ သူ့​ကို​ပြုံး​ရယ်​တော်​မူ၏။

ဆာလံ 37:9-13 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​သော​သူ​တို့ သည် ပြည်​တော်​ကို​ပိုင်​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​မူ​ကား​ပြည်​နှင် ဒဏ်​ကို ခံ​ရ​ကြ​လိမ့်​မည်။ ကာ​လ​အ​နည်း​ငယ်​အ​တွင်း​၌​သူ​ယုတ်​မာ တို့​သည် ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။ သင်​သည်​သူ​တို့​ကို​ရှာ​သော်​လည်း တွေ့​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​စိတ်​နှိမ့်​ချ​သော​သူ​တို့​သည် ပြည်​တော်​ကို​ပိုင်​ရ​လျက်​ငြိမ်း​ချမ်း​သာ​ယာ​မှု​နှင့် ကြီး​ပွား​တိုး​တက်​မှု​တို့​ကို​ခံ​စား​ကြ​ရ လိမ့်​မည်။ သူ​ယုတ်​မာ​သည်​သူ​တော်​ကောင်း​အား မ​ကောင်း​ကြံ​လျက်​မုန်း​စိတ်​နှင့်​စူး​စူး​ဝါး​ဝါး ကြည့်​တတ်​၏။ သို့​ရာ​တွင်​ထို​သူ​သည်​မ​ကြာ​မ​မြင့်​မီ​ဆုံး​ပါး ပျက်​စီး ရ​တော့​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ​သ​ဖြင့်​သူ့​အား ကြည့်​၍ ပြုံး​ရယ်​တော်​မူ​၏။

ဆာလံ 37:9-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​သည် ဖယ်ရှား​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။ ထာဝရဘုရား​ကို​စောင့်မျှော်​သော​သူ​တို့​မူကား ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။ ခဏမျှကြာ​လျှင် ဆိုးယုတ်​သော​သူ​သည် ရှိ​တော့​မည်​မ​ဟုတ်​။ သင်​သည် သူ​၏​နေရာ​ကို​စေ့စေ့ရှာ​လျှင်လည်း သူ​သည်​ရှိ​တော့​မည်​မ​ဟုတ်​။ စိတ်နှိမ့်ချ​သော​သူ​တို့​မူကား ပြည်​တော်​ကို​အမွေဆက်ခံ​ရ​၍ ကြွယ်ဝ​သော​ငြိမ်းချမ်း​ခြင်း​၌ မွေ့လျော်​ရ​ကြ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​သည် ဖြောင့်မတ်​သော​သူ​အပေါ် မကောင်း​ကြံစည်​ကာ သူ့​ကို​ကြည့်​လျက် အံကြိတ်​တတ်​၏​။ သို့သော် သူ​၏​နေ့ရက်​ရောက်လာ​တော့​မည်​ကို ဘုရားရှင်​သည် သိမြင်​တော်မူ​၍ သူ့​ကို​ရယ်မော​တော်မူ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။