ဆာလံ 36:8-9
ဆာလံ 36:8-9 Judson Bible (JBMLE)
အိမ်တော်၏ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက်နေ၍၊ ကိုယ်တော်၏ချမ်းသာမြစ်ရေကို သောက်စေခြင်းငှာ အခွင့်ပေးတော်မူ၏။ အကြောင်းမူကား၊ ကိုယ်တော်ထံမှာ အသက်စမ်းရေတွင်းရှိပါ၏။ အလင်းတော်ထဲမှာ အကျွန်ုပ်တို့သည် အလင်းကိုရကြပါ၏။
ဆာလံ 36:8-9 Common Language Bible (BCL)
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ပေါများစွာ ချပေးတော်မူသောအစာရေစာကို စားသုံးကြရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းတည်းဟူသော မြစ်ရေမှသောက်သုံးခွင့်ကိုပေးတော်မူပါ။ ကိုယ်တော်ရှင်ထံမှသတ္တဝါမှန်သမျှတို့သည် အသက်ကိုရရှိကြပါ၏။ ကိုယ်တော်ရှင်၏အလင်းတော်ကြောင့် ကျွန်တော်မျိုးတို့သည်အလင်းကိုရရှိကြ ပါ၏။
ဆာလံ 36:8-9 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သူတို့သည် ကိုယ်တော့်အိမ်တော်၏ကြွယ်ဝခြင်းဖြင့် ကျေနပ်အားရကြပါလိမ့်မည်။ ကိုယ်တော်သည် ကိုယ်တော်၏ ကြည်နူးခြင်းစမ်းရေကိုလည်း သူတို့အားတိုက်တော်မူ၏။ အကြောင်းမူကား ကိုယ်တော့်ထံ၌အသက်စမ်းရေတွင်းရှိပါ၏။ ကိုယ်တော်၏အလင်းတော်ထဲ၌ အကျွန်ုပ်တို့သည် အလင်းကိုမြင်ရကြပါ၏။