YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 36:5-9

ဆာလံ 36:5-9 Judson Bible (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​သည် ကောင်း​ကင်​သို့​လည်း​ကောင်း၊ သ​စ္စာ​တော်​သည် မိုး​တိမ်​သို့​လည်း​ကောင်း မီ​ပါ၏။ ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​သည် ကြီး​မား​စွာ​သော​တောင်​ရိုး​နှင့် တူ​ပါ၏။ တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် အ​လွန်​နက်​နဲ​ရာ ဖြစ်​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် လူ​မျိုး​နှင့် တိ​ရ​စ္ဆာန်​မျိုး​ကို စောင့်​မ​တော်​မူ၏။ အို​ဘု​ရား​သ​ခင်၊ က​ရု​ဏာ​တော်​သည် အ​လွန်​မြတ်​နိုး​ဖွယ်​ဖြစ်​ပါ၏။ ထို​ကြောင့် လူ​သား​တို့​သည် အ​တောင်​တော်​အ​ရိပ်​ကို ခို​လှုံ​လျက်​နေ​ရ​ကြ​ပါ၏။ အိမ်​တော်၏​ကြွယ်​ဝ​ခြင်း​နှင့် ရောင့်​ရဲ​လျက်​နေ၍၊ ကိုယ်​တော်၏​ချမ်း​သာ​မြစ်​ရေ​ကို သောက်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​ထံ​မှာ အ​သက်​စမ်း​ရေ​တွင်း​ရှိ​ပါ၏။ အ​လင်း​တော်​ထဲ​မှာ အ​ကျွန်ုပ်​တို့​သည် အ​လင်း​ကို​ရ​ကြ​ပါ၏။

ဆာလံ 36:5-9 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကောင်း​ကင်​သို့​တိုင်​အောင်​လည်း​ကောင်း၊ သစ္စာ​တော်​သည်​မိုး​တိမ်​အ​ထက်​သို့ တိုင်​အောင်​လည်း​ကောင်း​ရောက်​ပါ​၏။ ကိုယ်​တော်​၏​တ​ရား​မျှ​တ​မှု​သည်​မြင့်​မား​သော တောင်​ရိုး​နှင့်​တူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည် ပင်​လယ်​၏​နက်​ရှိုင်း​ရာ​များ​နှင့်​တူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို စောင့်​ရှောက်​တော်​မူ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် လွန်​စွာ​မြတ်​နိုး​ဖွယ်​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​၏​အ​တောင် တော်​ရိပ် အောက်​တွင်​ဘေး​မဲ့​လုံ​ခြုံ​ခွင့်​ရ​ရှိ​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ပေါ​များ​စွာ ချ​ပေး​တော်​မူ​သော​အ​စာ​ရေ​စာ​ကို စား​သုံး​ကြ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ကိုယ်​တော်​၏​ကောင်း​မြတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော မြစ်​ရေ​မှ​သောက်​သုံး​ခွင့်​ကို​ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ထံ​မှ​သတ္တ​ဝါ​မှန်​သ​မျှ​တို့​သည် အ​သက်​ကို​ရ​ရှိ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​လင်း​တော်​ကြောင့် ကျွန်​တော်​မျိုး​တို့​သည်​အ​လင်း​ကို​ရ​ရှိ​ကြ ပါ​၏။

ဆာလံ 36:5-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ကောင်းကင်​သို့​ရောက်​၍ ကိုယ်တော်​၏​သစ္စာ​တော်​သည် မိုးတိမ်​ထိ​တိုင်အောင် ရောက်​ပါ​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် မြင့်မား​သော​တောင်​များ​ကဲ့သို့​လည်းကောင်း​၊ ကိုယ်တော်​၏​တရားစီရင်​ခြင်း​တို့​သည် အလွန်​နက်ရှိုင်း​ရာ​အရပ်​ကဲ့သို့​လည်းကောင်း ဖြစ်​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လူ​နှင့်​တိရစ္ဆာန်​တို့​ကို ကယ်တင်​တော်မူ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အဖိုးတန်​လှ​ပါ​၏​။ လူသား​တို့​သည် ကိုယ်တော်​၏ အတောင်​တော်​အရိပ်​အောက်​၌ ခိုလှုံ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော့်​အိမ်​တော်​၏​ကြွယ်ဝခြင်း​ဖြင့် ကျေနပ်အားရ​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​သည် ကိုယ်တော်​၏ ကြည်နူးခြင်း​စမ်းရေ​ကို​လည်း သူ​တို့​အား​တိုက်​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော့်​ထံ၌​အသက်​စမ်းရေတွင်း​ရှိ​ပါ​၏​။ ကိုယ်တော်​၏​အလင်း​တော်​ထဲ၌ အကျွန်ုပ်​တို့​သည် အလင်း​ကို​မြင်​ရ​ကြ​ပါ​၏​။