YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 36:5-7

ဆာလံ 36:5-7 Judson Bible (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​သည် ကောင်း​ကင်​သို့​လည်း​ကောင်း၊ သ​စ္စာ​တော်​သည် မိုး​တိမ်​သို့​လည်း​ကောင်း မီ​ပါ၏။ ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​သည် ကြီး​မား​စွာ​သော​တောင်​ရိုး​နှင့် တူ​ပါ၏။ တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် အ​လွန်​နက်​နဲ​ရာ ဖြစ်​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် လူ​မျိုး​နှင့် တိ​ရ​စ္ဆာန်​မျိုး​ကို စောင့်​မ​တော်​မူ၏။ အို​ဘု​ရား​သ​ခင်၊ က​ရု​ဏာ​တော်​သည် အ​လွန်​မြတ်​နိုး​ဖွယ်​ဖြစ်​ပါ၏။ ထို​ကြောင့် လူ​သား​တို့​သည် အ​တောင်​တော်​အ​ရိပ်​ကို ခို​လှုံ​လျက်​နေ​ရ​ကြ​ပါ၏။

ဆာလံ 36:5-7 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကောင်း​ကင်​သို့​တိုင်​အောင်​လည်း​ကောင်း၊ သစ္စာ​တော်​သည်​မိုး​တိမ်​အ​ထက်​သို့ တိုင်​အောင်​လည်း​ကောင်း​ရောက်​ပါ​၏။ ကိုယ်​တော်​၏​တ​ရား​မျှ​တ​မှု​သည်​မြင့်​မား​သော တောင်​ရိုး​နှင့်​တူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည် ပင်​လယ်​၏​နက်​ရှိုင်း​ရာ​များ​နှင့်​တူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို စောင့်​ရှောက်​တော်​မူ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် လွန်​စွာ​မြတ်​နိုး​ဖွယ်​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​၏​အ​တောင် တော်​ရိပ် အောက်​တွင်​ဘေး​မဲ့​လုံ​ခြုံ​ခွင့်​ရ​ရှိ​ကြ​ပါ​၏။

ဆာလံ 36:5-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ကောင်းကင်​သို့​ရောက်​၍ ကိုယ်တော်​၏​သစ္စာ​တော်​သည် မိုးတိမ်​ထိ​တိုင်အောင် ရောက်​ပါ​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် မြင့်မား​သော​တောင်​များ​ကဲ့သို့​လည်းကောင်း​၊ ကိုယ်တော်​၏​တရားစီရင်​ခြင်း​တို့​သည် အလွန်​နက်ရှိုင်း​ရာ​အရပ်​ကဲ့သို့​လည်းကောင်း ဖြစ်​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လူ​နှင့်​တိရစ္ဆာန်​တို့​ကို ကယ်တင်​တော်မူ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အဖိုးတန်​လှ​ပါ​၏​။ လူသား​တို့​သည် ကိုယ်တော်​၏ အတောင်​တော်​အရိပ်​အောက်​၌ ခိုလှုံ​ကြ​ပါ​၏​။