YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 31:1-24

ဆာလံ 31:1-24 Judson Bible (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​အ​ကျွန်ုပ်​ခို​လှုံ​ပါ၏။ ရှက်​ကြောက်​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​ပါ​စေ​သော။ တ​ရား​တော်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ဘက်​သို့ နား​တော်​ကို​လှည့်၍ အ​လျင်​အ​မြန်၊ ကယ်​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ ခိုင်​ခံ့​သော​ကျောက်၊ အ​ကျွန်ုပ်​လုံ​ခြုံ​ရာ​ရဲ​တိုက် ဖြစ်​တော်​မူ​ပါ။ အ​ကယ်​စင်​စစ် အ​ကျွန်ုပ်၏​ကျောက်၊ အ​ကျွန်ုပ်၏​ရဲ​တိုက်​ကား၊ ကိုယ်​တော်​ပေ​တည်း။ နာ​မ​တော်​အ​ဖို့​အ​လို့​ငှာ အ​ကျွန်ုပ်​ကို​လမ်း​ပြ၍ သွန်​သင်​ပဲ့​ပြင်​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ ထို​ကြောင့် အ​ကျွန်ုပ်​အ​ဖို့​ဝှက်​ထား​သော ကျော့​ကွင်း​ထဲ​က အ​ကျွန်ုပ်​ကို နုတ်​ယူ​တော်​မူ​ပါ။ သ​စ္စာ​စောင့်​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ရွေး​နုတ်​တော်​မူ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို ကိုယ်​တော်​လက်၌ အပ်​ပါ၏။ မု​သား​အ​န​တ္တ​ကို​ဆည်း​ကပ်​သော​သူ​တို့​ကို အ​ကျွန်ုပ်​သည်​မုန်း၍ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​ပါ၏။ က​ရု​ဏာ​တော်​ကြောင့် ဝမ်း​သာ​ရွှင်​လန်း​ခြင်း​ရှိ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဆင်း​ရဲ​ခြင်း​ကို​ကြည့်​ရှု၍၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​တွေ့​သော​အ​မှု​ကို သိ​မှတ်​တော်​မူ၏။ အ​ကျွန်ုပ်​ကို​ရန်​သူ​လက်​သို့​မ​အပ်​ဘဲ ကျယ်​ဝန်း​သော​အ​ရပ်၌ နေ​ရာ​ချ​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၌​အ​မှု​ရောက်​ပါ​ပြီ။ ထို​ကြောင့် အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ ပူ​ပန်​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​မျက်​စိ၊ စိတ်​နှ​လုံး၊ ဝမ်း​တို့​သည်​ပျက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​သည် ပူ​ပန်​ခြင်း​ရှိ၍၊ အ​သက်​ကာ​လ​ကို လွန်​စေ​ရ​ပါ၏။ နှစ်​စဉ်​အ​တိုင်း ညည်း​တွား​လျက်​နေ​ရ​ပါ၏။ ကိုယ်​အ​ပြစ်​ကြောင့် အ​ကျွန်ုပ်​အား​လျော့၍၊ ရန်​သူ​များ​ကြောင့် အ​ရိုး​တို့​သည် ဆွေး​မြေ့​ကြ​ပါ၏။ အိမ်​နီး​ချင်း​တို့​သည် အ​ကျွန်ုပ်​ကို အ​ထူး​သ​ဖြင့် ကဲ့​ရဲ့​ကြ​ပါ၏။ အ​ကျွမ်း​ဝင်​သော​သူ​များ​တို့​သည်​လည်း ရွံ​ကြ​ပါ၏။ အိမ်​ပြင်​မှာ အ​ကျွန်ုပ်​ကို​တွေ့​မြင်​သော​သူ​တို့​သည် ရှောင်၍​ပြေး​ကြ​ပါ၏။ မ​အောက်​မေ့​သော​အ​သေ​ကောင်​ကဲ့​သို့၊ အ​ကျွန်ုပ်​ကို မေ့​လျော့​ကြ​ပါ၏။ အိုး​ခြမ်း​ကဲ့​သို့ အ​ကျွန်ုပ်​ဖြစ်​ပါ၏။ လူ​များ​ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ကြား​ရ​ပါ၏။ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ ကြောက်​မက်​ဖွယ်​သော​အ​ကြောင်း​ရှိ​ပါ၏။ လူ​များ​တို့​သည် အ​ချင်း​ချင်း​သင်း​ဖွဲ့​လျက်၊ အ​ကျွန်ုပ်​အ​သက်​ကို သတ်​မည်​အ​ကြောင်း ကြံ​စည်​ကြ​ပါ၏။ သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ကိုး​စား​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု အ​ကျွန်ုပ်​လျှောက်​ဆို​ပါ၏။ အ​ကျွန်ုပ်၌​ဖြစ်​လေ​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ကိုယ်​တော်​စီ​ရင်​ပိုင်​တော်​မူ၏။ ရန်​သူ​တို့​နှင့် ညှဉ်း​ဆဲ​တတ်​သော သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။ မျက်​နှာ​တော်၏​အ​လင်း​ကို ကိုယ်​တော်၏​ကျွန်​အ​ပေါ်၌ ထွန်း​လင်း​စေ​တော်​မူ​ပါ။ က​ရု​ဏာ​တော်​ကြောင့်၊ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပါ​သည်​ဖြစ်၍၊ ရှက်​ကြောက်​ခြင်း မ​ရှိ​ပါ​စေ​နှင့်။ လူ​ဆိုး​တို့​မူ​ကား၊ အ​ရှက်​ကွဲ​လျက် မ​ရ​ဏ​နိုင်​ငံ၌ တိတ်​ဆိတ်​စွာ​နေ​ကြ​ပါ​စေ​သော။ မာ​န​ထောင်​လွှား​ခြင်း၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​နှင့် တ​ကွ၊ ဖြောင့်​မတ်​သော​သူ​တစ်​ဖက်၌ စော်​ကား​သော​စ​ကား​ကို​ပြော၍၊ မု​သား၌​ကျင်​လည်​သော နှုတ်​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ​တို့​အ​ဖို့ သို​ထား​တော်​မူ၍၊ လူ​သား​တို့​ရှေ့​မှာ ကိုယ်​တော်​ကို ခို​လှုံ​သော သူ​တို့​အ​ဖို့ ပြု​ပြင်​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​သည် အ​လွန်​ကြီး​လှ​ပါ၏။ လူ​တို့​ပြု​တတ်​သော​ပ​ရိ​ယာယ်​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​တွင်း​အ​ရပ်၌ ထို​သူ​တို့​ကို ဝှက်​ထား​တော်​မူ​၏။ ရန်​တွေ့​ခြင်း​အ​သံ​ကို​ကွယ်​ကာ​လျက်၊ တဲ​တော်​တွင် သူ​တို့​ကို စောင့်​မ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၌ မင်္ဂ​လာ​ဖြစ်​စေ​သ​တည်း။ အ​ကြောင်း​မူ​ကား၊ ခိုင်​ခံ့​သော​မြို့၌ အံ့ဖွယ်​သော​မေ​တ္တာ က​ရု​ဏာ​တော်​ကို အ​ကျွန်ုပ်​အား​ထင်​ရှား​ပြ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​မျက်​နှာ​ကွယ်​ရာ၌ ဆုံး​ရှုံး​ပါ​ပြီ​ဟု အ​ကျွန်ုပ်​တုန်​လှုပ်​လျက်​ဆို​မိ​သော်​လည်း၊ ကိုယ်​တော်​ကို အော်​ဟစ်​သော​အ​ခါ အ​ကျွန်ုပ်​ပြု​သော​ပ​တ္ထ​နာ​စ​ကား​သံ​ကို ကိုယ်​တော် နား​ထောင်​တော်​မူ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သ​စ္စာ​ရှိ​သော​သူ​တို့​ကို စောင့်​မ​တော်​မူ၏။ မာ​န​ထောင်​လွှား​သော​သူ​တို့​ကို​ကား၊ အ​ပြစ်​များ​စွာ ဆပ်​ပေး​တော်​မူ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ​အ​ပေါင်း​တို့၊ အား​ယူ၍ ရဲ​ရင့်​သော​စိတ်​နှ​လုံး​ရှိ​ကြ​လော့။

ဆာလံ 31:1-24 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​ခို​လှုံ​ရန် ချဉ်း​ကပ်​ပါ​၏။ ကျွန်​တော်​မျိုး​အား​အ​ဘယ်​အ​ခါ​၌​မျှ အ​ရေး​နိမ့်​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ပန်​ကြား​လျှောက်​ထား​ပါ​၏။ ကျွန်​တော်​မျိုး​၏​လျှောက်​ထား​ချက်​ကို နား​ထောင်​တော်​မူ​ပါ။ ယ​ခု​ပင်​ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ကျွှန်​တော်​မျိုး​အား​ကွယ်​ကာ​ရန်​ကျွန်​တော်​မျိုး​၏ ခို​လှုံ​ရာ​ကျောက်​ဖြစ်​တော်​မူ​ပါ။ ကယ်​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​၏​ရဲ​တိုက် ဖြစ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကျောက်​နှင့် ရဲ​တိုက်​ဖြစ်​တော်​မူ​ပါ​၏။ က​တိ​တော်​ရှိ​သည်​အ​တိုင်း​ကျွန်​တော်​မျိုး​အား လမ်း​ပြ​ပို့​ဆောင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အ​တွက်​ထောင်​ထား​သော​ကျော့ ကွင်း​မှ လွတ်​မြောက်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မိ​မိ​ကိုယ်​ကို​လက်​တော်​သို့ အပ်​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​သစ္စာ​စောင့်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​မိစ္ဆာ​ဘု​ရား​များ​ကို​ကိုး​ကွယ် ဆည်း​ကပ်​သူ​တို့​ကို​မုန်း​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ကိုး​စား​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကြောင့် ကျွန်​တော်​မျိုး​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ပါ လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဝေ​ဒ​နာ​ကို မြင်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​သိ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ရန်​သူ များ​၏ လက်​တွင်း​သို့​ကျ​ရောက်​စေ​တော်​မ​မူ​ဘဲ လွတ်​လပ်​စွာ​သွား​လာ​နိုင်​ခွင့်​ကို​ပေး​တော်​မူ ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​သ​ဖြင့် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ များ​စွာ​ငို​ကြွေး​ရ​သ​ဖြင့်​ကျွန်​တော်​မျိုး​၏ မျက်​စိ​များ​သည်​ကျိန်း​စပ်​လျက်​နေ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အား​အင်​သည်​လည်း လုံး​ဝ​ကုန်​ခန်း​လျက်​နေ​ပါ​ပြီ။ ဝမ်း​နည်း​ကြေ​ကွဲ​မှု​ကြောင့်​ကျွန်​တော်​မျိုး မော​ပန်း​နွမ်း​လျ​လျက်​ရှိ​ပါ​၏။ ငို​ယို​မှု​ကြောင့်​ကျွန်​တော်​မျိုး​အ​သက်​တို ရ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မိ​မိ​ခံ​ရ​သော​ဆင်း​ရဲ​ဒုက္ခ အ​ပေါင်း​ကြောင့်​အား​အင်​ချိ​နဲ့​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ရိုး​များ​ပင်​လျှင် ဆွေး​မြေ့​ကုန်​ပါ​ပြီ။ ရန်​သူ​အ​ပေါင်း​တို့​သည်​ကျွန်​တော်​မျိုး​အား ပြောင်​လှောင်​ကြ​ပါ​၏။ အ​ထူး​သ​ဖြင့်​အိမ်​နီး​ချင်း​များ​က​မ​ထီ​မဲ့ မြင် ပြု​ကြ​ပါ​၏။ အ​သိ​မိတ်​ဆွေ​များ​သည်​ကျွန်​တော်​မျိုး​ကို ကြောက်​ကြ​ပါ​၏။ လမ်း​တွင်​ကျွန်​တော်​မျိုး​ကို​တွေ့​မြင်​သော​အ​ခါ ထွက်​ပြေး​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​သေ​လေ​ပြီ​ကဲ့​သို့ လူ​အ​ပေါင်း​တို့​သည်​ကျွန်​တော်​မျိုး​အား မေ့​ပျောက်​သွား​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​စွန့်​ပစ်​ခြင်း​ခံ​ရ​သည့် အိုး​ကွဲ​ကဲ့​သို့​ဖြစ်​ပါ​၏။ ရန်​သူ​အ​များ​သည်​တီး​တိုး​ပြော​ဆို​နေ​သံ​ကို ကျွန်​တော်​မျိုး​ကြား​ပါ​၏။ ကျွန်​တော်​မျိုး​၏​ပတ်​လည်​တွင် ကြောက်​မက်​ဖွယ်​ရာ​များ​နှင့်​ပြည့်​နှက်​နေ​ပါ​၏။ ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​သတ်​ရန် ကြံ​စည်​နေ​ကြ​ပါ​၏။ သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို ကိုး​စား​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​နေ့​ရက်​ကာ​လ​များ​သည် လက်​တော်​ထဲ​၌​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ရန်​သူ​များ​နှင့် နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။ သ​နား​သော​စိတ်​နှင့်​ကိုယ်​တော်​၏​အ​စေ​ခံ ကျွန်​တော်​မျိုး​အား​ကြည့်​တော်​မူ​ပါ။ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် အ​ညီ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ ကျွန်​တော်​မျိုး​အား​အ​ရှက်​ကွဲ​စေ​တော်​မ​မူ ပါ​နှင့်။ သူ​ယုတ်​မာ​တို့​သည်​အ​ရှက်​ကွဲ​ရ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​မ​ရ​ဏာ​နိုင်​ငံ​တွင်​ဆိတ်​ဆိတ် နေ​ရ​ကြ​ပါ​စေ​သော။ မာ​န​ထောင်​လွှား​လျက်​သူ​တော်​ကောင်း​တို့​အ​ကြောင်း ကဲ့​ရဲ့​ပြော​ဆို​တတ်​သူ​လူ​လိမ်​တို့​၏ နှုတ်​ကို​ပိတ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​ကြ​သူ​တို့ ၏​အ​တွက် သို​မှီး​ထား​တော်​မူ​သော​ကောင်း​သော​အ​ရာ များ​ကား အ​လွန်​ပင်​အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​သည်​ကောင်း​မြတ်​တော်​မူ​ကြောင်း ကို​လည်း​ကောင်း၊ အ​ထံ​တော်​၌​ခို​လှုံ​ကြ​သူ​တို့​ကို ကွယ်​ကာ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း လူ​အ​ပေါင်း​တို့​သိ​ကြ​ပါ​၏။ လူ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​မှ ကင်း​လွတ်​စေ​အံ့​သော​ငှာ​အ​ထံ​တော်​၌ ခို​လှုံ​ကြ​သူ​တို့​ကို​ကိုယ်​တော်​ရှင်​သည် အ​ထံ​တော်​တွင်​လုံ​ခြုံ​စွာ​ဝှက်​၍​ထား​တော်​မူ ပါ​၏။ ရန်​သူ​များ​၏​စော်​ကား​မှု​များ​မှ​ကင်း​လွတ်​စေ​ရန် သူ​တို့​ကို​လုံ​ခြုံ​ရာ​အ​ရပ်​တွင်​ဝှက်​၍ ထား​တော်​မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု ကြ​လော့။ ငါ့​အား​ဝိုင်း​ဝန်း​တိုက်​ခိုက်​ကြ​ချိန်​၌ ကိုယ်​တော်​ပြ​တော်​မူ​သော​မေတ္တာ​တော်​သည် လွန်​စွာ​အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​သည်​ငါ့​အား​ရှေ့​တော်​မှောက်​မှ နှင်​ထုတ်​တော်​မူ​လေ​ပြီ​ဟူ​၍ ငါ​သည်​ကြောက်​လန့်​စိုး​ရိမ်​မိ​ပါ​၏။ သို့​ရာ​တွင်​အ​ထံ​တော်​သို့​ကူ​မ​တော်​မူ​ရန် ငါ​အော်​ဟစ်​သော​အ​ခါ၊ကိုယ်​တော်​ရှင်​သည် ငါ​၏​အော်​ဟစ်​သံ​ကို​ကြား​တော်​မူ​၏။ ကိုယ်​တော်​အား​သစ္စာ​စောင့်​သူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​ကြ​လော့။ သစ္စာ​စောင့်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​သည် ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ သို့​ရာ​တွင်​မာ​န​ကြီး​သူ​တို့​အား​ထိုက်​သင့်​သည့် အ​ပြစ်​ဒဏ်​ကို​ပေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​စောင့်​မျှော်​ကြ​သူ​အ​ပေါင်း တို့၊ ကြံ့​ခိုင်​မှု​ရှိ​၍​ရဲ​ရင့်​ကြ​ကုန်​လော့။

ဆာလံ 31:1-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ ကိုယ်တော်​ကို အကျွန်ုပ်​ခိုလှုံ​ပါ​၏​။ အကျွန်ုပ်​သည် မည်သည့်​အခါ​မျှ အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ​။ အကျွန်ုပ်​ကို​ဂရုစိုက်​နားထောင်​၍ အကျွန်ုပ်​ကို အလျင်အမြန်​ကယ်နုတ်​တော်မူ​ပါ​။ အကျွန်ုပ်​အတွက် မှီခို​ရာ​ကျောက်ဆောင်​၊ အကျွန်ုပ်​ကို​ကယ်တင်​သည့် ခိုင်ခံ့​သော​ရဲတိုက်​ဖြစ်​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ကျောက်​၊ အကျွန်ုပ်​၏​ရဲတိုက်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ အကျွန်ုပ်​ကို​ပို့ဆောင်​လျက် အကျွန်ုပ်​ကို​လမ်းပြ​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏ မှီခို​ရာ​ဖြစ်​တော်မူ​သောကြောင့် အကျွန်ုပ်​အတွက် လျှို့ဝှက်​စွာ​ထောင်​ထား​သော​ပိုက်ကွန်​ထဲမှ အကျွန်ုပ်​ကို​ထုတ်ဆောင်​တော်မူ​၏​။ အကျွန်ုပ်​၏​ဝိညာဉ်​ကို ကိုယ်တော်​၏​လက်​သို့​အပ်နှံ​ပါ​၏​။ သမ္မာတရား​နှင့်​ပြည့်စုံ​တော်မူ​သော​ဘုရားသခင် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို ရွေးနုတ်ကယ်တင်​တော်မူ​ပြီ​။ အချည်းနှီး​သော​ရုပ်တု​များ​ကို ဆည်းကပ်​သော​သူ​တို့​ကို အကျွန်ုပ်​မုန်း​ပါ​၏​။ ထာဝရဘုရား​ကို အကျွန်ုပ်​ယုံကြည်ကိုးစား​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​၌ ရွှင်လန်း​၍​ဝမ်းမြောက်​ပါ​လိမ့်မည်​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​ကို​မြင်​၍ အကျွန်ုပ်​စိတ်ဝိညာဉ်​၏​ဆင်းရဲဒုက္ခ​ကို သိ​တော်မူ​ပြီ​။ အကျွန်ုပ်​ကို ရန်သူ​၏​လက်​သို့​အပ်​တော်​မ​မူ​ဘဲ အကျွန်ုပ်​၏​ခြေ​ကို ကျယ်ဝန်း​သော​အရပ်​၌ ရပ်​စေ​တော်မူ​ပြီ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ဘေးဥပဒ်​နှင့်​ကြုံတွေ့​နေ​ရ​သည်​ဖြစ်၍ အကျွန်ုပ်​ကို သနား​တော်မူ​ပါ​။ ပူဆွေး​ခြင်း​ကြောင့် အကျွန်ုပ်​၏​မျက်စိ​၊ အကျွန်ုပ်​၏​ဝိညာဉ်​နှင့်​အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​သည် အားလျော့​ကြ​ပါ​ပြီ​။ အကြောင်းမူကား အကျွန်ုပ်​၏​အသက်တာ​သည် ဝမ်းနည်း​ခြင်း​ဖြင့်​လည်းကောင်း​၊ အကျွန်ုပ်​၏​နှစ်ကာလ​တို့​သည် ညည်းတွား​ခြင်း​ဖြင့်​လည်းကောင်း ကုန်လွန်​ခဲ့​ပါ​ပြီ​။ အကျွန်ုပ်​၏​ဒုစရိုက်​ကြောင့် အကျွန်ုပ်​၏​ခွန်အား​သည် ချည့်နဲ့​သွား​၍ အကျွန်ုပ်​၏​အရိုး​တို့​သည် အားလျော့​ကြ​ပါ​ပြီ​။ အကျွန်ုပ်​ကို​ရန်ဖက်ပြု​သော​သူ​အပေါင်း​တို့​ကြောင့် အကျွန်ုပ်​သည် အထူးသဖြင့် အကျွန်ုပ်​၏​အိမ်နီးချင်း​များ​အတွက် ကဲ့ရဲ့ပြစ်တင်စရာ​ဖြစ်​၍ အကျွန်ုပ်​၏​အသိ​မိတ်ဆွေ​များ​အတွက်​လည်း ကြောက်ရွံ့စရာ​ဖြစ်​ပါ​ပြီ​။ လမ်း​၌ အကျွန်ုပ်​ကို တွေ့မြင်​သော​သူ​တို့​သည် အကျွန်ုပ်​ထံမှ​ထွက်ပြေး​ကြ​ပါ​၏​။ အကျွန်ုပ်​သည် သေလွန်​ပြီး​သော​သူ​ကဲ့သို့ လူ​တို့​၏​စိတ်​ထဲမှ​မေ့လျော့​ခြင်း​ခံရ​၍ ကွဲပျက်​သော​အိုး​ကဲ့သို့​ဖြစ်​ပါ​ပြီ​။ အကြောင်းမူကား “​ပတ်လည်​၌​ကြောက်လန့်စရာ​ရှိ​၏​”​ဟူသည့် များစွာ​သော​သူ​တို့​၏​ရှုတ်ချသောစကား​ကို အကျွန်ုပ်​ကြား​ရ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​တစ်ဖက်​၌ အတူတကွ​စုဝေး​ကြ​သောအခါ အကျွန်ုပ်​၏​အသက်​ကို​သတ်​ရန် ကြံဆ​ကြ​ပါ​၏​။ သို့သော် အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ပါ​၏​။ “​ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင် ဖြစ်​တော်မူ​၏​”​ဟု အကျွန်ုပ်​ဆို​ပါ​၏​။ အကျွန်ုပ်​၏​အချိန်​ကာလ​တို့​သည် ကိုယ်တော်​၏​လက်​တော်​၌​ရှိ​ပါ​၏​။ အကျွန်ုပ်​၏​ရန်သူ​တို့​နှင့် အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​သော​သူ​တို့​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။ ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ကိုယ်တော်​၏​အစေအပါး​အပေါ် ထွန်းလင်း​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အားဖြင့် အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ခေါ်​သည်​ဖြစ်၍ အကျွန်ုပ်​အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။ ဆိုးယုတ်​သော​သူ​တို့​သည် အရှက်ကွဲ​လျက် မရဏာနိုင်ငံ​ထဲ၌ တိတ်ဆိတ်​စွာ​နေ​ကြ​ရ​ပါစေသော​။ ဖြောင့်မတ်​သော​သူ​တစ်ဖက်​၌ မာန်မာန​ဖြင့်​လည်းကောင်း​၊ မထီမဲ့မြင်ပြု​ခြင်း​ဖြင့်​လည်းကောင်း မောက်မာ​စွာ​ပြောဆို​တတ်​သည့် မုသား​နှုတ်ခမ်း​သည် တိတ်ဆိတ်​စွာ​နေ​ရ​ပါစေသော​။ ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​အတွက် သိုမှီး​ထား​၍ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​တို့​အတွက် လူသား​တို့​ရှေ့​တွင်​ပြု​တော်မူ​သော ကိုယ်တော်​၏​ကောင်းမြတ်​ခြင်း​သည် ကြွယ်ဝ​လှ​ပါ​၏​။ ကိုယ်တော်​သည် သူ​တို့​ကို လူ​တို့​၏​လျှို့ဝှက်ကြံစည်မှု​များ​မှ​ကင်းလွတ်​စေရန် ရှေ့​တော်​ရှိ​ကွယ်ကာ​ရာ​အရပ်​၌ ဖုံးကွယ်​ထား​တော်မူ​၏​။ ခိုက်ရန်ဖြစ်ပွား​တတ်​သော​လျှာ​များ​နှင့်​ကင်းဝေး​စေရန် သူ​တို့​ကို​ယာယီတဲ​၌​ဝှက်​ထား​တော်မူ​၏​။ ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။ အကြောင်းမူကား ဝိုင်း​ထား​ခြင်း​ခံရ​သော​မြို့​ထဲ၌ အကျွန်ုပ်​ရှိ​စဉ် ကိုယ်တော်​သည် မိမိ​၏​မေတ္တာကရုဏာ​တော်​ကို အကျွန်ုပ်​အား​အံ့ဩဖွယ်​ပြသ​တော်မူ​၏​။ “​ကိုယ်တော်​၏​မျက်မှောက်​တော်​မှ အဆက်ဖြတ်​ခံရ​ပြီ​”​ဟု အကျွန်ုပ်​အလန့်တကြား​ပြောဆို​မိ​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​ထံ အကူအညီ​အော်ဟစ်​တောင်းခံ​သောအခါ ကိုယ်တော်​သည် အကျွန်ုပ်​အသနားခံ​သော​အသံ​ကို နားညောင်း​တော်မူ​၏​။ ထာဝရဘုရား​၏​သန့်ရှင်း​သူ​အပေါင်း​တို့​၊ ထာဝရဘုရား​ကို ချစ်​ကြ​လော့​။ ထာဝရဘုရား​သည် သစ္စာစောင့်​သော​သူ​တို့​ကို ကာကွယ်​စောင့်ရှောက်​တော်မူ​၏​။ မာန်မာန​ဖြင့်​ပြုမူ​သော​သူ​တို့​ကို​မူကား မလျှော့မပေါ့​အပြစ်ပေး​တော်မူ​၏​။ ထာဝရဘုရား​ကို​မျှော်လင့်ကိုးစား​သူ​အပေါင်း​တို့​၊ အားယူ​၍ သင်​တို့​စိတ်နှလုံး​ကို​ရဲရင့်​စေ​ကြ​လော့​။