YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 31

31
ယုံ​ကြည်​ကိုး​စား​ခြင်းဆု​တောင်း
1အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​အ​ကျွန်ုပ်​ခို​လှုံ​ပါ၏။ ရှက်​ကြောက်​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​ပါ​စေ​သော။ တ​ရား​တော်​နှင့်​အ​ညီ အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။ 2အ​ကျွန်ုပ်​ဘက်​သို့ နား​တော်​ကို​လှည့်၍ အ​လျင်​အ​မြန်၊ ကယ်​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ ခိုင်​ခံ့​သော​ကျောက်၊ အ​ကျွန်ုပ်​လုံ​ခြုံ​ရာ​ရဲ​တိုက် ဖြစ်​တော်​မူ​ပါ။ 3အ​ကယ်​စင်​စစ် အ​ကျွန်ုပ်၏​ကျောက်၊ အ​ကျွန်ုပ်၏​ရဲ​တိုက်​ကား၊ ကိုယ်​တော်​ပေ​တည်း။ နာ​မ​တော်​အ​ဖို့​အ​လို့​ငှာ အ​ကျွန်ုပ်​ကို​လမ်း​ပြ၍ သွန်​သင်​ပဲ့​ပြင်​တော်​မူ​ပါ။ 4ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ ထို​ကြောင့် အ​ကျွန်ုပ်​အ​ဖို့​ဝှက်​ထား​သော ကျော့​ကွင်း​ထဲ​က အ​ကျွန်ုပ်​ကို နုတ်​ယူ​တော်​မူ​ပါ။ 5သ​စ္စာ​စောင့်​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ရွေး​နုတ်​တော်​မူ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို ကိုယ်​တော်​လက်၌ အပ်​ပါ၏။#လု၊ ၂၃:၄၆။ 6မု​သား​အ​န​တ္တ​ကို​ဆည်း​ကပ်​သော​သူ​တို့​ကို အ​ကျွန်ုပ်​သည်​မုန်း၍ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​ပါ၏။ 7က​ရု​ဏာ​တော်​ကြောင့် ဝမ်း​သာ​ရွှင်​လန်း​ခြင်း​ရှိ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဆင်း​ရဲ​ခြင်း​ကို​ကြည့်​ရှု၍၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​တွေ့​သော​အ​မှု​ကို သိ​မှတ်​တော်​မူ၏။ 8အ​ကျွန်ုပ်​ကို​ရန်​သူ​လက်​သို့​မ​အပ်​ဘဲ ကျယ်​ဝန်း​သော​အ​ရပ်၌ နေ​ရာ​ချ​တော်​မူ၏။
9အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၌​အ​မှု​ရောက်​ပါ​ပြီ။ ထို​ကြောင့် အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ ပူ​ပန်​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​မျက်​စိ၊ စိတ်​နှ​လုံး၊ ဝမ်း​တို့​သည်​ပျက်​ကြ​ပါ​ပြီ။ 10အ​ကျွန်ုပ်​သည် ပူ​ပန်​ခြင်း​ရှိ၍၊ အ​သက်​ကာ​လ​ကို လွန်​စေ​ရ​ပါ၏။ နှစ်​စဉ်​အ​တိုင်း ညည်း​တွား​လျက်​နေ​ရ​ပါ၏။ ကိုယ်​အ​ပြစ်​ကြောင့် အ​ကျွန်ုပ်​အား​လျော့၍၊ ရန်​သူ​များ​ကြောင့် အ​ရိုး​တို့​သည် ဆွေး​မြေ့​ကြ​ပါ၏။ 11အိမ်​နီး​ချင်း​တို့​သည် အ​ကျွန်ုပ်​ကို အ​ထူး​သ​ဖြင့် ကဲ့​ရဲ့​ကြ​ပါ၏။ အ​ကျွမ်း​ဝင်​သော​သူ​များ​တို့​သည်​လည်း ရွံ​ကြ​ပါ၏။ အိမ်​ပြင်​မှာ အ​ကျွန်ုပ်​ကို​တွေ့​မြင်​သော​သူ​တို့​သည် ရှောင်၍​ပြေး​ကြ​ပါ၏။ 12မ​အောက်​မေ့​သော​အ​သေ​ကောင်​ကဲ့​သို့၊ အ​ကျွန်ုပ်​ကို မေ့​လျော့​ကြ​ပါ၏။ အိုး​ခြမ်း​ကဲ့​သို့ အ​ကျွန်ုပ်​ဖြစ်​ပါ၏။ 13လူ​များ​ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ကြား​ရ​ပါ၏။ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ ကြောက်​မက်​ဖွယ်​သော​အ​ကြောင်း​ရှိ​ပါ၏။ လူ​များ​တို့​သည် အ​ချင်း​ချင်း​သင်း​ဖွဲ့​လျက်၊ အ​ကျွန်ုပ်​အ​သက်​ကို သတ်​မည်​အ​ကြောင်း ကြံ​စည်​ကြ​ပါ၏။
14သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ကိုး​စား​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု အ​ကျွန်ုပ်​လျှောက်​ဆို​ပါ၏။ 15အ​ကျွန်ုပ်၌​ဖြစ်​လေ​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ကိုယ်​တော်​စီ​ရင်​ပိုင်​တော်​မူ၏။ ရန်​သူ​တို့​နှင့် ညှဉ်း​ဆဲ​တတ်​သော သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။ 16မျက်​နှာ​တော်၏​အ​လင်း​ကို ကိုယ်​တော်၏​ကျွန်​အ​ပေါ်၌ ထွန်း​လင်း​စေ​တော်​မူ​ပါ။ က​ရု​ဏာ​တော်​ကြောင့်၊ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။ 17အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပါ​သည်​ဖြစ်၍၊ ရှက်​ကြောက်​ခြင်း မ​ရှိ​ပါ​စေ​နှင့်။ လူ​ဆိုး​တို့​မူ​ကား၊ အ​ရှက်​ကွဲ​လျက် မ​ရ​ဏ​နိုင်​ငံ၌ တိတ်​ဆိတ်​စွာ​နေ​ကြ​ပါ​စေ​သော။ 18မာ​န​ထောင်​လွှား​ခြင်း၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​နှင့် တ​ကွ၊ ဖြောင့်​မတ်​သော​သူ​တစ်​ဖက်၌ စော်​ကား​သော​စ​ကား​ကို​ပြော၍၊ မု​သား၌​ကျင်​လည်​သော နှုတ်​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ​ပါ​စေ​သော။
19ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ​တို့​အ​ဖို့ သို​ထား​တော်​မူ၍၊ လူ​သား​တို့​ရှေ့​မှာ ကိုယ်​တော်​ကို ခို​လှုံ​သော သူ​တို့​အ​ဖို့ ပြု​ပြင်​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​သည် အ​လွန်​ကြီး​လှ​ပါ၏။ 20လူ​တို့​ပြု​တတ်​သော​ပ​ရိ​ယာယ်​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​တွင်း​အ​ရပ်၌ ထို​သူ​တို့​ကို ဝှက်​ထား​တော်​မူ​၏။ ရန်​တွေ့​ခြင်း​အ​သံ​ကို​ကွယ်​ကာ​လျက်၊ တဲ​တော်​တွင် သူ​တို့​ကို စောင့်​မ​တော်​မူ၏။ 21ထာ​ဝ​ရ​ဘု​ရား၌ မင်္ဂ​လာ​ဖြစ်​စေ​သ​တည်း။ အ​ကြောင်း​မူ​ကား၊ ခိုင်​ခံ့​သော​မြို့၌ အံ့ဖွယ်​သော​မေ​တ္တာ က​ရု​ဏာ​တော်​ကို အ​ကျွန်ုပ်​အား​ထင်​ရှား​ပြ​တော်​မူ​ပြီ။ 22အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​မျက်​နှာ​ကွယ်​ရာ၌ ဆုံး​ရှုံး​ပါ​ပြီ​ဟု အ​ကျွန်ုပ်​တုန်​လှုပ်​လျက်​ဆို​မိ​သော်​လည်း၊ ကိုယ်​တော်​ကို အော်​ဟစ်​သော​အ​ခါ အ​ကျွန်ုပ်​ပြု​သော​ပ​တ္ထ​နာ​စ​ကား​သံ​ကို ကိုယ်​တော် နား​ထောင်​တော်​မူ​သ​တည်း။
23ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သ​စ္စာ​ရှိ​သော​သူ​တို့​ကို စောင့်​မ​တော်​မူ၏။ မာ​န​ထောင်​လွှား​သော​သူ​တို့​ကို​ကား၊ အ​ပြစ်​များ​စွာ ဆပ်​ပေး​တော်​မူ​သ​တည်း။ 24ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ​အ​ပေါင်း​တို့၊ အား​ယူ၍ ရဲ​ရင့်​သော​စိတ်​နှ​လုံး​ရှိ​ကြ​လော့။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 31: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။