YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 30:8-12

ဆာလံ 30:8-12 Judson Bible (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အ​သက်​ဆုံး၍၊ သင်္ချိုင်း​တွင်း​ထဲ​သို့​ဆင်း​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​ပါ​အံ့​နည်း။ မြေ​မှုန့်​သည် ကိုယ်​တော်​ကို​ချီး​မွမ်း​ပါ​မည်​လော။ သ​စ္စာ​တော်​ကို​ဖော်​ပြ​ပါ​မည်​လော။ အို​ထာ​ဝ​ရ​ဘု​ရား၊ နား​ထောင်၍ ကယ်​မ​သ​နား​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​စောင့်​မ​တော်​မူ​ပါ​ဟု ကိုယ်​တော်​ကို အ​ကျွန်ုပ်​အော်​ဟစ်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​လျှောက်​ပါ၏။ ထို​အ​ခါ အ​ကျွန်ုပ်​ညည်း​တွား​မြည်​တမ်း​ခြင်း​ကို က​ခုန်​ခြင်း​ဖြစ်​စေ​တော်​မူ၏။ အ​ကျွန်ုပ်​ဝတ်​သော လျှော်​တေ​အ​ဝတ်​ကို​ချွတ်၍၊ ဝမ်း​မြောက်​ခြင်း​ခါး​ပန်း​နှင့် စည်း​တော်​မူ၏။ သို့​ဖြစ်၍ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် တိတ်​ဆိတ်​စွာ​မ​နေ။ ကိုယ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။ အို​အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​ကို အ​စဉ်​အ​မြဲ​ချီး​မွမ်း​ပါ​မည်။

ဆာလံ 30:8-12 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ဟစ်​ခေါ်​လျက် ``ကျွန်​တော်​မျိုး​သေ​ရ​ခြင်း​ဖြင့်​အ​ဘယ်​အ​ကျိုး ရှိ​ပါ​မည်​နည်း။ သင်္ချိုင်း​တွင်း​သို့​ရောက်​ရ​ခြင်း​ဖြင့်​အ​ဘယ်​အ​ကျိုး ဖြစ်​ထွန်း​ပါ​မည်​နည်း။ သူ​သေ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ ပြု​နိုင်​ပါ​သ​လော။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ဖော်​ပြ​ကြေ​ညာ​နိုင်​ကြ​ပါ​သ​လော။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ခေါ်​သံ​ကို​နား​ထောင်​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​သ​နား​ကြင်​နာ​တော်​မူ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​ကို​ကူ​မ​တော်​မူ​ပါ'' ဟူ​၍ တောင်း​လျှောက်​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ဝမ်း​နည်း​ပူ​ဆွေး​ရာ​မှ​က​ခုန်​မြူး​တူး​စေ​တော် မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​၏​ဝမ်း​နည်း​ခြင်း​လက္ခ​ဏာ​ဖြစ်​သည့် လျှော်​တေ​ကို​ချွတ်​၍ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း​လက္ခ​ဏာ​ဖြစ်​သည့် အ​ဝတ်​ကို​ဝတ်​ဆင်​ပေး​တော်​မူ​ပါ​ပြီ။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ဆိတ်​ဆိတ်​နေ​မည် မ​ဟုတ်​ပါ။ ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး တော်​ကို အ​စဉ်​အ​မြဲ​ချီး​မွမ်း​ပါ​မည်။

ဆာလံ 30:8-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ ကိုယ်တော်​ကို အကျွန်ုပ်​ခေါ်​ပါ​၏​။ အကျွန်ုပ်​၏​ဘုရားရှင်​ထံ အသနားခံ​တောင်းလျှောက်​ပါ​၏​။ အကျွန်ုပ်​သေဆုံး​ခြင်း​အားဖြင့်​၊ သေတွင်း​သို့​အကျွန်ုပ်​ဆင်းသွား​ခြင်း​အားဖြင့် မည်သည့်​အကျိုး​ရှိ​ပါ​မည်နည်း​။ မြေမှုန့်​သည် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်လော​။ ကိုယ်တော်​၏​သမ္မာတရား​ကို ပြောကြား​ပါ​မည်လော​။ အို ထာဝရဘုရား​၊ နားညောင်း​တော်မူ​ပါ​။ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​ပါ​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​မြည်တမ်း​ခြင်း​ကို ကခုန်​ခြင်း​အဖြစ်​သို့ ပြောင်းလဲ​စေ​တော်မူ​ပြီ​။ အကျွန်ုပ်​၏​လျှော်တေအဝတ်​ကို​ချွတ်​၍ ဝမ်းမြောက်​ခြင်း​အဝတ်​ကို ဝတ်ဆင်​ပေး​တော်မူ​ပြီ​။ သို့ဖြစ်၍ အကျွန်ုပ်​၏​ဝိညာဉ်​သည် တိတ်ဆိတ်​စွာ​မ​နေ​ဘဲ ကိုယ်တော်​ကို​သီဆိုချီးမွမ်း​ပါ​မည်​။ အို အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို အစဉ်အမြဲ​ချီးမွမ်း​ပါ​မည်​။