YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 30

30
နံနက်အချိန်၌ ရွှင်လန်းဝမ်းမြောက်ခြင်း
ဒါဝိဒ်​၏​ဆာလံ​၊ အိမ်​တော်​အနုမောဒနာ​ပြု​သီချင်း
1အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဆွဲတင်​တော်မူ​ပြီး
အကျွန်ုပ်​၏​ရန်သူ​တို့​အား အကျွန်ုပ်​ကြောင့် ဝမ်းမြောက်​ရ​သော​အခွင့်​ကို ပေး​တော်​မ​မူ​သောကြောင့်
ကိုယ်တော်​ကို အကျွန်ုပ်​ချီးမြှောက်​ပါ​မည်​။
2အို အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော့်​ထံ အကူအညီ​အော်ဟစ်​တောင်းခံ​ရာ
ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကျန်းမာ​စေ​တော်မူ​၏​။
3အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို မရဏာနိုင်ငံ​ထဲမှ​ထုတ်ဆောင်​တော်မူ​၍
အကျွန်ုပ်​ကို သေတွင်း​ထဲသို့​မ​ဆင်းသွား​စေ​ဘဲ ဆက်၍​အသက်ရှင်​စေ​တော်မူ​ပြီ​။
4ထာဝရဘုရား​၏​သန့်ရှင်း​သူ​တို့​၊ ကိုယ်တော်​ကို သီဆိုချီးမွမ်း​ကြ​လော့​။
ကိုယ်တော်​၏​သန့်ရှင်း​သော​နာမ​တော်​အတွက် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​လော့​။
5အကြောင်းမူကား ကိုယ်တော်​၏​အမျက်​တော်​သည် ခဏသာ​ဖြစ်​၏​။
ကိုယ်တော်​၏​ကျေးဇူး​တော်​မူကား တစ်သက်လုံး​တည်​၏​။
နေဝင်ချိန်​၌ ငိုကြွေးခြင်း​သည် လာ​၍​တည်းခို​သော်လည်း နံနက်အချိန်​၌ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​သည် ရောက်လာ​၏​။
6“​ငါ​သည် မည်သည့်​အခါ​မျှ တုန်လှုပ်​မည်​မ​ဟုတ်​”​ဟု
ငါ​၌​လုံခြုံစိတ်ချမှု​ရှိ​စဉ်​အခါက ငါ​ပြောဆို​ခဲ့​၏​။
7အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကျေးဇူး​တော်​အားဖြင့် အကျွန်ုပ်​၏​တောင်​ကို ခိုင်ခံ့​စွာ​တည်​စေ​တော်မူ​ပြီ​။
မျက်နှာ​တော်​လွှဲ​တော်မူ​သောအခါ အကျွန်ုပ်​ထိတ်လန့်​ရ​ပါ​၏​။
8အို ထာဝရဘုရား​၊ ကိုယ်တော်​ကို အကျွန်ုပ်​ခေါ်​ပါ​၏​။
အကျွန်ုပ်​၏​ဘုရားရှင်​ထံ အသနားခံ​တောင်းလျှောက်​ပါ​၏​။
9အကျွန်ုပ်​သေဆုံး​ခြင်း​အားဖြင့်​၊ သေတွင်း​သို့​အကျွန်ုပ်​ဆင်းသွား​ခြင်း​အားဖြင့် မည်သည့်​အကျိုး​ရှိ​ပါ​မည်နည်း​။
မြေမှုန့်​သည် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်လော​။
ကိုယ်တော်​၏​သမ္မာတရား​ကို ပြောကြား​ပါ​မည်လော​။
10အို ထာဝရဘုရား​၊ နားညောင်း​တော်မူ​ပါ​။ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။
အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​ပါ​။
11ကိုယ်တော်​သည် အကျွန်ုပ်​၏​မြည်တမ်း​ခြင်း​ကို ကခုန်​ခြင်း​အဖြစ်​သို့ ပြောင်းလဲ​စေ​တော်မူ​ပြီ​။
အကျွန်ုပ်​၏​လျှော်တေအဝတ်​ကို​ချွတ်​၍ ဝမ်းမြောက်​ခြင်း​အဝတ်​ကို ဝတ်ဆင်​ပေး​တော်မူ​ပြီ​။
12သို့ဖြစ်၍ အကျွန်ုပ်​၏​ဝိညာဉ်​သည် တိတ်ဆိတ်​စွာ​မ​နေ​ဘဲ ကိုယ်တော်​ကို​သီဆိုချီးမွမ်း​ပါ​မည်​။
အို အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို အစဉ်အမြဲ​ချီးမွမ်း​ပါ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 30: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။