ဆာလံ 25:7
ဆာလံ 25:7 Judson Bible (JBMLE)
အကျွန်ုပ်သည် အသက်အရွယ်ငယ်စဉ်၊ ပြစ်မှားမိသော အပြစ်တို့ကိုအောက်မေ့တော်မမူပါနှင့်။ ကောင်းမြတ်တော်မူသည် ဖြစ်၍၊ ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ ထာဝရဘုရား။
မျှဝေရန်
ဆာလံ 25 ကိုဖတ်ပါ။ဆာလံ 25:7 Common Language Bible (BCL)
အသက်ပျိုရွယ်စဉ်အခါက ကျွန်တော်မျိုးကူးလွန်ခဲ့သည့်အပြစ်များနှင့် အမှားအယွင်းများကိုဖြေလွှတ်တော်မူပါ။ ကိုယ်တော်ရှင်သည်ခိုင်မြဲသောမေတ္တာရှိတော်မူ၍ ကောင်းမြတ်တော်မူသည်နှင့်အညီ ကျွန်တော်မျိုးအားအောက်မေ့သတိရတော်မူပါ။
မျှဝေရန်
ဆာလံ 25 ကိုဖတ်ပါ။ဆာလံ 25:7 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အကျွန်ုပ်၏ပျိုရွယ်စဉ်ကအပြစ်များနှင့် အကျွန်ုပ်ကျူးလွန်သောအပြစ်များကို အောက်မေ့တော်မမူပါနှင့်။ အို ထာဝရဘုရား၊ ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းကိုထောက်၍ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။
မျှဝေရန်
ဆာလံ 25 ကိုဖတ်ပါ။