YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 25:1-10

ဆာလံ 25:1-10 Judson Bible (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​တ​သ​လျက်​နေ​ပါ၏။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခို​လှုံ​သည်​ဖြစ်၍၊ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ပါ​စေ​နှင့်။ အ​ကျွန်ုပ်၏ ရန်​သူ​တို့​သည် အ​ကျွန်ုပ်​ကို​အောင်၍ အောင်​ပွဲ​ကို​မ​ခံ​ပါ​စေ​နှင့်။ အ​ကယ်​စင်​စစ် ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ​ကြ​ပါ။ အ​ကြောင်း​မ​ရှိ​ဘဲ သ​စ္စာ​ကို​ဖျက်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​သို့ ရောက်​ရ​ကြ​ပါ​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​တို့​ကို အ​ကျွန်ုပ်​အား ပြ​ညွှန်၍၊ ခ​ရီး​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။ ကိုယ်​တော်၏​သ​မ္မာ​တ​ရား​ကို​ပြ၍၊ အ​ကျွန်ုပ်​ကို သွန်​သင်​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ကယ်​တင်​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို အ​စဉ်​မျှော်​လင့်​လျက်​နေ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ရှေး​ကာ​လ​မှ​စ၍၊ ပြ​တော်​မူ​သော က​ရု​ဏာ​နှင့် မေ​တ္တာ​သ​ဘော​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် အ​သက်​အ​ရွယ်​ငယ်​စဉ်၊ ပြစ်​မှား​မိ​သော အ​ပြစ်​တို့​ကို​အောက်​မေ့​တော်​မ​မူ​ပါ​နှင့်။ ကောင်း​မြတ်​တော်​မူ​သည် ဖြစ်၍၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို​အောက်​မေ့​တော်​မူ​ပါ ထာ​ဝ​ရ​ဘု​ရား။ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​သော​သ​ဘော၊ ဖြောင့်​မတ်​သော​သ​ဘော​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ အ​ပြစ်​ရှိ​သော​သူ​တို့​ကို လမ်း​ပြ​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို တ​ရား​လမ်း၌ သွေး​ဆောင်​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​အား ခ​ရီး​တော်​တို့​ကို သွန်​သင်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​လမ်း​ခ​ရီး​ရှိ​သ​မျှ​တို့​သည် ပ​ဋိ​ညာဉ်​တ​ရား​တော်​နှင့် သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​သော​သူ​တို့​အား က​ရု​ဏာ​နှင့် သ​စ္စာ​ဖြစ်​ကြ​သ​တည်း။

ဆာလံ 25:1-10 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဘု​ရား၊​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ စစ်​အ​ရေး​နိမ့်​၍​အ​ရှက်​ရ​ခြင်း​မှ​ကျွန်​တော် မျိုး​အား ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အ​ရေး​နိမ့်​သ​ဖြင့်​ရန်​သူ​တို့​အား နှစ်​ထောင်း​အား​ရ​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​ကို​ကိုး​စား​သူ​တို့​သည် အ​ရေး​မ​နိမ့်​ကြ​ပါ။ ကိုယ်​တော်​ရှင်​အား​တော်​လှန်​ပုန်​ကန်​ရန် ဝန်​မ​လေး​သူ​များ​သာ​လျှင်​အ​ရေး​နိမ့် ကြ​ရ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​နည်း​လမ်း​တော်​တို့​ကို ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ ယင်း​တို့​ကို​ကျွန်​တော်​မျိုး​အား​သိ​ရှိ​နား​လည် စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည် ဖြစ်​၍ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ သမ္မာ​တ​ရား​တော်​အ​တိုင်း​ပြု​မူ​ကျင့်​ကြံ တတ်​ရန် သွန်​သင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို အ​စဉ်​ကိုး​စား​လျက်​နေ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ရှေး​ကာ​လ​မှ​စ​၍​ကိုယ်​တော်​ရှင်​ပြ​တော် မူ​သည့် က​ရု​ဏာ​တော်​နှင့်​ခိုင်​မြဲ​သော​မေတ္တာ​တော် တို့​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ အ​သက်​ပျို​ရွယ်​စဉ်​အ​ခါ​က ကျွန်​တော်​မျိုး​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​နှင့် အ​မှား​အ​ယွင်း​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ခိုင်​မြဲ​သော​မေတ္တာ​ရှိ​တော်​မူ​၍ ကောင်း​မြတ်​တော်​မူ​သည်​နှင့်​အ​ညီ ကျွန်​တော်​မျိုး​အား​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ် ဖြောင့်​မှန်​တော်​မူ​သ​ဖြင့် အ​ပြစ်​ကူး​သူ​တို့​အား​လျှောက်​လိုက်​သင့်​သည် လမ်း​ကို​ပြ​ညွှန်​တော်​မူ​၏။ စိတ်​နှ​လုံး​နှိမ့်​ချ​သူ​တို့​အား​လမ်း​မှန်​သို့ ပို့​ဆောင်​တော်​မူ​လျက် ကိုယ်​တော်​၏​အ​လို​တော်​ကို​သွန်​သင်​တော်​မူ​၏။ ပ​ဋိ​ညာဉ်​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​သူ​အ​ပေါင်း​တို့​အား ကိုယ်​တော်​သည်​မေတ္တာ​နှင့်​လည်း​ကောင်း၊ သစ္စာ​နှင့်​လည်း​ကောင်း​လမ်း​ပြ​ပို့​ဆောင် တော်​မူ​၏။

ဆာလံ 25:1-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို မှီဝဲဆည်းကပ်​ပါ​၏​။ အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​ကို အကျွန်ုပ်​ယုံကြည်ကိုးစား​ပါ​၏​။ အကျွန်ုပ်​သည် အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။ အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​အပေါ် အောင်ပွဲ​မ​ခံ​ကြ​ရ​ပါစေ​နှင့်​။ အကယ်စင်စစ် ကိုယ်တော်​ကို​စောင့်မျှော်​သော​သူ​ရှိသမျှ​တို့​သည် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​မ​ဟုတ်​။ အကြောင်းမဲ့ သစ္စာဖောက်​သော​သူ​တို့​သည် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လမ်း​တို့​ကို အကျွန်ုပ်​အား​သိ​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​လမ်းစဉ်​တို့​ကို အကျွန်ုပ်​အား​သင်ကြား​ပေး​တော်မူ​ပါ​။ ကိုယ်တော်​၏​သမ္မာတရား​ထဲ၌ အကျွန်ုပ်​ကို ဦးဆောင်​လမ်းပြ​၍ အကျွန်ုပ်​ကို သင်ကြား​ပေး​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​သော​ဘုရားသခင်​ဖြစ်​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို တစ်နေ့လုံး​စောင့်မျှော်​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​များ​နှင့် ကိုယ်တော်​၏​မေတ္တာကရုဏာ​များ​ကို အောက်မေ့​တော်မူ​ပါ​။ အကြောင်းမူကား ၎င်း​တို့​သည် ရှေးကာလ​မှစ၍ တည်​ခဲ့​ကြ​ပါ​၏​။ အကျွန်ုပ်​၏​ပျိုရွယ်​စဉ်က​အပြစ်​များ​နှင့် အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို အောက်မေ့​တော်​မ​မူ​ပါ​နှင့်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ကောင်းမြတ်​တော်မူ​ခြင်း​ကို​ထောက်၍ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​အောက်မေ့​တော်မူ​ပါ​။ ထာဝရဘုရား​သည် ကောင်းမြတ်​၍ ဖြောင့်မှန်​တော်မူ​၏​။ ထို့ကြောင့် ကိုယ်တော်​သည် အပြစ်သား​တို့​အား လမ်း​တော်​ကို သွန်သင်ပြသ​တော်မူ​၏​။ စိတ်နှိမ့်ချ​သော​သူ​တို့​ကို တရားမျှတ​ခြင်း​ထဲ၌ ဦးဆောင်​လမ်းပြ​တော်မူ​၏​။ မိမိ​၏​လမ်း​တော်​ကို​လည်း စိတ်နှိမ့်ချ​သော​သူ​တို့​အား သင်ကြား​ပေး​တော်မူ​၏​။ ထာဝရဘုရား​၏​လမ်းစဉ်​ရှိသမျှ​တို့​သည် ကိုယ်တော်​၏​ပဋိညာဉ်​တော်​နှင့်​သက်သေခံချက်​တို့​ကို လိုက်နာကျင့်သုံး​သော​သူ​တို့​အတွက် မေတ္တာကရုဏာ​နှင့်​လည်းကောင်း​၊ သမ္မာတရား​နှင့်​လည်းကောင်း ပြည့်စုံ​တော်မူ​၏​။