YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 23:1-4

ဆာလံ 23:1-4 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​သိုး​ထိန်း​ဖြစ်​တော်​မူ၏။ ငါ​သည် ဆင်း​ရဲ​မ​ခံ​ရ။ စိမ်း​လန်း​သော ကျက်​စား​ရာ​အ​ရပ်၌ ငါ့​ကို​အိပ်​စေ​တော်​မူ၏။ သာ​ယာ​သော​မြစ်​နား​သို့ လမ်း​ပြ​တော်​မူ၏။ ငါ့​ဝိ​ညာဉ်​ကို​အား​ဖြည့်၍၊ နာ​မ​တော်​အ​ဖို့​အ​လို​ငှာ တ​ရား​လမ်း​ထဲ၌ သွေး​ဆောင်​တော်​မူ၏။ အ​ကယ်၍ သေ​မင်း၏​အ​ရိပ်​လွှမ်း​မိုး​သော​ချိုင့်​ထဲ​သို့ လျှောက်​သွား​ရ​သော်​လည်း ဘေး​အ​န္တ​ရာယ်​ကို မ​ကြောက်​ပါ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ လှံ​တံ​တော်​နှင့် တောင်​ဝှေး​တော်​သည် အ​ကျွန်ုပ်​ကို ချမ်း​သာ​စေ​ပါ၏။

ဆာလံ 23:1-4 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​သိုး​ထိန်း​တော်​မြတ်​ဖြစ်​၍ ငါ့​ကို​စောင့်​ထိန်း​တော်​မူ​၏။ ထို့​ကြောင့်​ငါ​သည်​လို​သ​မျှ​ကို​ရ​ရှိ​၏။ ကိုယ်​တော်​သည်​ငါ့​အား​စိမ်း​လန်း​သော စား​ကျက်​များ​တွင်​နား​နေ​စေ​တော်​မူ​၏။ ဆိတ်​ငြိမ်​ရာ​မြစ်​ချောင်း​များ​သို့ လမ်း​ပြ​ပို့​ဆောင်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ့​ကို​အား​သစ်​လောင်း​တော်​မူ​၏။ က​တိ​တော်​ရှိ​တော်​မူ​သည့်​အ​တိုင်း​လမ်း​မှန်​သို့ ပို့​ဆောင်​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​အ​မှောင်​ဆုံး ချိုင့်​ဝှမ်း​ကို ဖြတ်​၍​ပင်​သွား​ရ​စေ​ကာ​မူ​မ​ကြောက်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ကြောင့် ဖြစ်​ပါ​၏။

ဆာလံ 23:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​သည် ငါ​၏​သိုးထိန်း ဖြစ်​တော်မူ​၏​။ ငါ​သည်​ချို့တဲ့​ခြင်း​မ​ရှိ​ရ​။ စိမ်းလန်း​သော​ကျက်စား​ရာ​အရပ်​၌ ငါ့​ကို​လဲလျောင်း​စေ​တော်မူ​၏​။ သာယာ​သော​မြစ်​နား​သို့ ငါ့​ကို​လမ်းပြ​တော်မူ​၏​။ ငါ​၏​စိတ်ဝိညာဉ်​ကို​လန်းဆန်း​စေ​တော်မူ​၏​။ နာမ​တော်​ကို​ထောက်၍ ဖြောင့်မတ်​ခြင်း​လမ်း​ထဲ၌ ငါ့​ကို​ပို့ဆောင်​တော်မူ​၏​။ အကယ်၍ သေ​ခြင်း​၏​အရိပ်​လွှမ်းမိုး​သော​ချိုင့်ဝှမ်း​၌ လျှောက်သွား​ရ​သော်လည်း အကျွန်ုပ်​သည် ဘေးအန္တရာယ်​ကို​မ​ကြောက်​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​နှင့်အတူ​ရှိ​တော်မူ​၏​။ ကိုယ်တော်​၏​လှံတံ​တော်​နှင့်​တောင်ဝှေး​တော်​သည် အကျွန်ုပ်​ကို​နှစ်သိမ့်ပေး​ပါ​၏​။