YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 23:1-4

ဆာလံကျမ်း 23:1-4 MSBU

ထာဝရဘုရား​သည် ငါ​၏​သိုးထိန်း ဖြစ်​တော်မူ​၏​။ ငါ​သည်​ချို့တဲ့​ခြင်း​မ​ရှိ​ရ​။ စိမ်းလန်း​သော​ကျက်စား​ရာ​အရပ်​၌ ငါ့​ကို​လဲလျောင်း​စေ​တော်မူ​၏​။ သာယာ​သော​မြစ်​နား​သို့ ငါ့​ကို​လမ်းပြ​တော်မူ​၏​။ ငါ​၏​စိတ်ဝိညာဉ်​ကို​လန်းဆန်း​စေ​တော်မူ​၏​။ နာမ​တော်​ကို​ထောက်၍ ဖြောင့်မတ်​ခြင်း​လမ်း​ထဲ၌ ငါ့​ကို​ပို့ဆောင်​တော်မူ​၏​။ အကယ်၍ သေ​ခြင်း​၏​အရိပ်​လွှမ်းမိုး​သော​ချိုင့်ဝှမ်း​၌ လျှောက်သွား​ရ​သော်လည်း အကျွန်ုပ်​သည် ဘေးအန္တရာယ်​ကို​မ​ကြောက်​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​နှင့်အတူ​ရှိ​တော်မူ​၏​။ ကိုယ်တော်​၏​လှံတံ​တော်​နှင့်​တောင်ဝှေး​တော်​သည် အကျွန်ုပ်​ကို​နှစ်သိမ့်ပေး​ပါ​၏​။

​ဆာလံကျမ်း 23:1-4 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။