YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 21:1-5

ဆာလံ 21:1-5 Judson Bible (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား၊ မင်း​ကြီး​သည် ကိုယ်​တော်၏​အ​စွမ်း​သ​တ္တိ​ကြောင့် ဝမ်း​မြောက်၍၊ ကယ်​တင်​တော်​မူ​ခြင်း​အား​ဖြင့် အ​လွန်​ရွှင်​လန်း​ပါ၏။ သူ၏​နှုတ်​နှင့် ဆု​တောင်း​သည်​ကို ငြင်း​ပယ်​တော်​မ​မူ။ သူ၏​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပေး​သ​နား​တော်​မူ​ပြီ။ ကောင်း​မြတ်​သော မင်္ဂ​လာ​တို့​ကို အ​ဦး​ပြု၍ ပေး​တော်​မူ​ပြီ။ ရွှေ​စင်​သ​ရ​ဖူ​ကို သူ၏​ခေါင်း​ပေါ်​မှာ တင်​တော်​မူ​ပြီ။ သူ​သည် အ​သက်​ကို​ဆု​တောင်း၍၊ ကိုယ်​တော်​သည် အ​သက်​မ​က၊ ထာ​ဝ​ရ​အ​သက်​ကို ပေး​သ​နား​တော်​မူ​ပြီ။ ကယ်​တင်​တော်​မူ​ခြင်း​အား​ဖြင့် သူ​သည်​ဘုန်း​ကြီး၍၊ လက်​တော်​မှ ဂုဏ်​အ​သ​ရေ​နှင့် တန်​ခိုး​အာ​နု​ဘော်​ကို ခံ​ရ​ပါ၏။

ဆာလံ 21:1-5 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မင်း​ကြီး​အား​ခွန်​အား​စွမ်း ရည်​ကို ပေး​တော်​မူ​သ​ဖြင့်​သူ​သည်​ဝမ်း​မြောက်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​စစ်​ပွဲ​ကို​အောင်​စေ​တော်​မူ သ​ဖြင့် သူ​သည်​အ​လွန်​အား​ရ​ရွှင်​လန်း​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​သူ​လို​လား​တောင့်​တ​သည့် အ​ရာ​ကို​ပေး​တော်​မူ​ပြီ။ သူ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ပြီ။ ကိုယ်​တော်​ရှင်​သည်​သူ့​အား​မွန်​မြတ်​သော ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ချ​ပေး​တော်​မူ​ပြီ။ သူ့​အား​ရွှေ​သ​ရ​ဖူ​ကို​ဆောင်း​စေ​တော်​မူ​ပြီ။ သူ​သည်​အ​သက်​ကို​တောင်း​ခံ​၍​ကိုယ်​တော်​ရှင်​သည် သူ့​အား​အ​သက်​ကို​ပေး​တော်​မူ​သည်​သာ​မ​က ရှည်​၍​မ​ကုန်​မ​ဆုံး​နိုင်​သော​အ​သက်​ကို ပေး​တော်​မူ​ပြီ။ ကိုယ်​တော်​ရှင်​ကယ်​မ​တော်​မူ​သ​ဖြင့်​မင်း​ကြီး​သည် ဘုန်း​အ​သ​ရေ​ထွန်း​တောက်​ရ​ပါ​၏။ ကိုယ်​တော်​သည်​သူ့​အား​ကျော်​စော​ကိတ္တိ​နှင့် ခန့်​ညား​တင့်​တယ်​ခြင်း​ကို​ပေး​တော်​မူ​ပြီ။

ဆာလံ 21:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ ဘုရင်မင်းကြီး​သည် ကိုယ်တော်​၏​အစွမ်းသတ္တိ​၌ ဝမ်းမြောက်​၍ ကိုယ်တော်​၏​ကယ်တင်​ခြင်း​၌ အလွန်​ရွှင်လန်း​ပါ​၏​။ ကိုယ်တော်​သည် သူ​၏​စိတ်နှလုံး​အလိုဆန္ဒ​ကို ဖြည့်ဆည်း​ပေး​၍ သူ့​နှုတ်​တောင်းဆို​သော​အရာ​ကို ငြင်းပယ်​တော်​မ​မူ​ပါ​။ (​စေလာ ) အကြောင်းမူကား ကိုယ်တော်​သည် ကြွယ်ဝ​သော​ကောင်းချီးမင်္ဂလာ​များ​ဖြင့် သူ့​ကို​ကြိုဆို​လျက် သူ​၏​ဦးခေါင်း​ပေါ်တွင် ရွှေစင်​သရဖူ​ကို​တင်​တော်မူ​၏​။ သူ​သည် ကိုယ်တော့်​ထံမှ အသက်ရှင်​ခြင်း​ကို​တောင်းလျှောက်​ရာ ကိုယ်တော်​သည် ကာလအစဉ်​အသက်တာ​ရှည်​ခြင်း​ကို သူ့​အား​ပေး​တော်မူ​၏​။ ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကြောင့် သူ​၏​ဘုန်းအသရေ​သည် ကြီးမား​လှ​ပါ​၏​။ ကိုယ်တော်​သည် ဘုန်းကျက်သရေ​နှင့် ဘုန်းအာနုဘော်​ကို သူ့​အား​အပ်နှင်း​တော်မူ​၏​။