YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 21

21
ဘုရင်မင်းကြီး၏အောင်ပွဲ
ဂီတမှူး​အတွက်​၊ ဒါဝိဒ်​၏​ဆာလံ
1အို ထာဝရဘုရား​၊ ဘုရင်မင်းကြီး​သည် ကိုယ်တော်​၏​အစွမ်းသတ္တိ​၌ ဝမ်းမြောက်​၍
ကိုယ်တော်​၏​ကယ်တင်​ခြင်း​၌ အလွန်​ရွှင်လန်း​ပါ​၏​။
2ကိုယ်တော်​သည် သူ​၏​စိတ်နှလုံး​အလိုဆန္ဒ​ကို ဖြည့်ဆည်း​ပေး​၍
သူ့​နှုတ်​တောင်းဆို​သော​အရာ​ကို ငြင်းပယ်​တော်​မ​မူ​ပါ​။(​စေလာ#21:2 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
3အကြောင်းမူကား ကိုယ်တော်​သည် ကြွယ်ဝ​သော​ကောင်းချီးမင်္ဂလာ​များ​ဖြင့်
သူ့​ကို​ကြိုဆို​လျက် သူ​၏​ဦးခေါင်း​ပေါ်တွင် ရွှေစင်​သရဖူ​ကို​တင်​တော်မူ​၏​။
4သူ​သည် ကိုယ်တော့်​ထံမှ အသက်ရှင်​ခြင်း​ကို​တောင်းလျှောက်​ရာ
ကိုယ်တော်​သည် ကာလအစဉ်​အသက်တာ​ရှည်​ခြင်း​ကို သူ့​အား​ပေး​တော်မူ​၏​။
5ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကြောင့် သူ​၏​ဘုန်းအသရေ​သည် ကြီးမား​လှ​ပါ​၏​။
ကိုယ်တော်​သည် ဘုန်းကျက်သရေ​နှင့် ဘုန်းအာနုဘော်​ကို သူ့​အား​အပ်နှင်း​တော်မူ​၏​။
6ကိုယ်တော်​သည် သူ့​အား ကောင်းချီးမင်္ဂလာ​များ​ကို ထာဝစဉ်​ချပေး​၍
ရှေ့​တော်​မှ​ဝမ်းမြောက်​ခြင်း​ဖြင့် သူ့​ကို​ဝမ်းသာအားရ​ဖြစ်​စေ​တော်မူ​၏​။
7အကြောင်းမူကား ဘုရင်မင်းကြီး​သည် ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​၍
အမြင့်ဆုံး​သော​အရှင်​၏​မေတ္တာကရုဏာ​တော်​ကို ခံစား​ရ​သဖြင့် သူ​သည် တုန်လှုပ်​မည်​မ​ဟုတ်​။
8ကိုယ်တော်​၏​လက်​တော်​သည် ကိုယ်တော်​၏​ရန်သူ​ရှိသမျှ​တို့​အပေါ် ကျရောက်​လိမ့်မည်​။
ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ကိုယ်တော့်​ကို​မုန်း​သော​သူ​တို့​အပေါ် ကျရောက်​လိမ့်မည်​။
9ကိုယ်တော်​ပေါ်ထွန်း​တော်မူ​သော​အချိန်​၌ ကိုယ်တော်​သည် သူ​တို့​ကို တောက်လောင်​နေ​သော​မီးပြင်းဖို​ကဲ့သို့ ဖြစ်​စေ​တော်မူ​လိမ့်မည်​။
ထာဝရဘုရား​သည် အမျက်​တော်​ဖြင့် သူ​တို့​ကို​ဝါးမျို​လိမ့်မည်​။ မီး​သည် သူ​တို့​ကို​လောင်ကျွမ်း​လိမ့်မည်​။
10ကိုယ်တော်​သည် သူ​တို့​ထံမှ​ပေါက်ဖွား​လာ​သော သူ​တို့​ကို ကမ္ဘာမြေ​ပေါ်မှ​လည်းကောင်း​၊
သူ​တို့​၏​သားစဉ်မြေးဆက်​တို့​ကို လူသား​တို့​ထဲမှ​လည်းကောင်း ဖျက်ဆီး​တော်မူ​လိမ့်မည်​။
11သူ​တို့​သည် ကိုယ်တော့်​အပေါ် မကောင်း​ကြံ​၍ ကောက်ကျစ်​သော​အကြံအစည်​ကို ကြံစည်​ကြ​သော်လည်း
အောင်မြင်​ကြ​လိမ့်မည်​မ​ဟုတ်​။
12အကြောင်းမူကား ကိုယ်တော်​သည် ကိုယ်တော်​၏​လေးကြိုး​ကို​တင်​လျက်
သူ​တို့​၏​မျက်နှာ​ကို​ချိန်​ထား​၍ သူ​တို့​ကို​နောက်​လှည့်ပြေး​စေ​တော်မူ​လိမ့်မည်​။
13အို ထာဝရဘုရား​၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​အားဖြင့် ချီးမြှောက်​ခြင်း​ရှိ​တော်မူ​ပါ​။
အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏ အစွမ်းတန်ခိုး​တော်​အကြောင်း​ကို​သီကျူး​လျက် သီဆိုချီးမွမ်း​ကြ​ပါ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 21: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။